မြန်မာ့ရုပ်ရှင်နှင့်ဗီဒီယို၊ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုနိုင်မည့် Shwe Stream Movie App ၏ ဝန်ဆောင်မှုအသစ် စတင်မိတ်ဆက်

မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPT မှဝန်ဆောင်မှုတစ်ခုဖြစ်သော Shwe Stream Movie Application တွင် အသစ် ထပ်မံဝန်ဆောင်မှုပေးသည့်အနေဖြင့် မြန်မာ့ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားကောင်းများ၊ ကိုရီးယားဇာတ်လမ်းတွဲများကို စိတ် ကြိုက်ရွေးချယ်ကာ ကြည့်ရှုခံစားနိုင်မည့် Shwe Stream Mobile App ဝန်ဆောင်မှုအသစ်ကို ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်မှ စတင်မိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

Photo Source – https://www.mpt.com.mm/mm/

ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် Shwe Stream ဝန်ဆောင်မှုကိုအသုံးပြုရန် Shwe Stream Movie Application ကို Download ပြုလုပ်၍လည်းကောင်း၊ https://www.shwestream.com.mm မှ တစ်ဆင့်ဝင်ရောက်၍သော်လည်းကောင်း မြန်မာ့ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားကောင်းများ၊ ကိုရီးယားဇာတ်လမ်းတွဲများကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပြီ်ဖြစ်ကြောင်းလည်း သိရသည်။
MPT ဖုန်းနံပါတ်ဖြင့် 8202 သို့ ON ဟု SMS ပေးပို့ပြီး Shwe Stream ဝန်ဆောင်မှုကို ရယူကာ အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်သည့် Smartphone ၊ Tablet နှင့် Laptop များပေါ်တွင် ရုပ်ရှင်ဇာတ်ကားများကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူကြည့်ရှုနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.mpt.com.mm/mm/

Shwe Stream ဝန်ဆောင်မှုကိုနေ့စဉ်ကြေး (၉၉) ကျပ်ပေးဆောင်ရုံနှင့် ရုပ်ရှင်၊ဗီဒီယိုနှင့် ဇာတ်လမ်းတွဲပေါင်းများစွာကို စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုနိုင်မည်ဖြစ်ပြီး PPV ကားကြီးများ ကြည့်ရှုလိုသူပရိသတ်များအတွက်လည်း ရုပ်ရှင်ကား ကောင်းများကို ပံ့ပိုးတင်ဆက်ပေးထားသွားမည်ဖြစ်ကြောင်းသိရသည်။
Shwe Stream Platform ပေါ်တွင် MTV အသစ်များ၊ ရုပ်ရှင်များ၊ ဇာတ်လမ်းတိုများ၊ ဗီဒီယိုဇာတ်ကားများနှင့်ဇာတ်လမ်း တွဲများကို ဝန်ဆောင်ခပေးချေ၍ ငှားရမ်းကြည့်ရှုနိုင်မည်ဖြစ်လည်းဖြစ်သည်။ ထို့အပြင်ရုပ်ရှင်နှင့်အနုပညာဆိုင်ရာ Platform အသစ်တစ်ခု ဖြစ်ပေါ်လာစေရန် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ တက်သစ်စလူငယ်အနုပညာရှင်များ၊ မိမိတို့၏အနုပညာဖန်တီးမှုများကို အများပြည်သူထံ တင်ဆက်ပြသလိုသူများအနေဖြင့် မိမိတို့ဖန်တီးရိုက်ကူးထားသည့် MTV၊ ရုပ်ရှင်၊ ဇာတ်လမ်းတို၊ ဗီဒီယို၊ ဇာတ်လမ်းတွဲများနှင့် Documentary များကို Shwe Stream Platform မှတစ်ဆင့် အနယ်နယ်အရပ်ရပ်ရှိ ရုပ်ရှင်ချစ်ပရိသတ်များထံ အလွယ်တကူ ဖြန့်ချိပြသသွားနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm/mm/

“MPT အနေနဲ့ သုံးစွဲသူတွေအတွက် အသစ်အသစ်သော အရာတွေကို ခေတ်ရေစီးကြောင်းအလိုက် အမြဲတမ်း ဖန်တီးဆောင်ရွက်ပေးနေပါတယ်။ Shwe Stream ဝန်ဆောင်မှုကလည်း မြန်မာပရိသတ်တွေနှစ်သက်မယ့် မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုတွေနဲ့အတူ ကိုရီးယား ဇာတ်လမ်းတွဲတွေ အားလုံးကိုစုပေါင်းပြီး သက်သာတဲ့ နှုန်းထားဖြစ်တဲ့ တစ်ရက်ကို ၉၉ကျပ်နဲ့ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ MPT ရဲ့ အကျယ်ပြန့်ဆုံးနဲ့ အလျင်မြန်ဆုံး ကွန်ရက်နဲ့ အတူူ မြန်မာ့ရုပ်ရှင် ယဉ်ကျေးမှုကို နိုင်ငံအဝှမ်းက ပရိသတ်တွေအားလုံးကို ပိုပြီးနီးစပ်အောင် ထပ်မံပြီး အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု MPT-KGSM Joint Operation၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ပြောကြားသည်။

Photo Source – https://www.mpt.com.mm/mm/

အဆိုပါ Shwe Stream Platform အသုံးပြုသူများအတွက် ရွှေဒင်္ဂါးများနှင့် MPT ဖုန်းငွေဖြည့်ကတ်များ ကံထူးနိုင်မည့် အခွင့်အရေးရရှိမည်လည်းဖြစ်သည်။ ကံစမ်းခွင့်ကာလမှာ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်အထိဖြစ်ပြီး ပါဝင်ကံစမ်းလိုသူများအနေဖြင့် ကံစမ်းမဲကာလအတွင်း Shwe Stream ဝန်ဆောင်မှုကို ရယူထားရုံသာ ဖြစ်ပါသည်။
Shwe Stream ဝန်ဆောင်မှုကို အသုံးပြုပြီး ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများကို ကြည့်ရှုကာ ရွှေဒင်္ဂါးများနှင့် MPT ဖုန်းငွေဖြည့်ကတ်များ ကံစမ်းလိုပါက MPT ဖုန်းနံပါတ်ဖြင့် 8202 ကို ON ဟု SMS ပေးပို့ကာ ဝန်ဆောင်မှု ရယူနိုင်မည်လည်း ဖြစ်သည်။

Photo Source – https://www.mpt.com.mm/mm/

Shwe Stream ဝန်ဆောင်မှုကိုရယူပြီးပါက သုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့်ဗွီဒီယိုများကို စတင်ကြည့်ရှုနိုင်ပြီး မိမိကြည့်ရှု လိုသည့် ဇာတ်ကားများကို အကြိမ်ရေအကန့်အသတ်မရှိ ဒေါင်းလုတ်လုပ်ထားနိုင်ကာ ၎င်းဇာတ်ကားများကို ခုနှစ်ရက် အတွင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ခုနှစ်ရက်ကျော်ပါက ဒေါင်းလုတ်လုပ်၍ သိမ်းထားသော ရုပ်ရှင်နှင့် ဗွီဒီယိုများမှာအလိုအ လျောက် ဖယ်ရှားသွားမည်လည်းဖြစ်သည်။ အဆိုပါ ရုပ်ရှင်၊ ဗွီဒီယို နှင့် ဇာတ်လမ်းတွဲများကို အခြား Platform များပေါ်တွင် ပြန်လည်မျှဝေနိုင်ခြင်းမပြုလုပ်နိုင်ဟုလည်း သိရသည်။ Shwe Stream Application ကို ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်း လည်းဖြစ်သည်။
Shwe Stream Application ဝန်ဆောင်မှုအသစ်အား http://bit.ly/ShweStreamApk တွင် Abdroid Version အတွက် download ပြုလုပ်ရယူနိုင်ပြီဖြစ်သည်။