ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းနိုင်မည့် “ထိတိုင်းထော” ကံစမ်းမဲအစီအစဉ်သစ် MPT မှ မိတ်ဆက်

မြန်မာပြည်တွင်းဆက်သွယ်ရေးအော်ပရေတတစ်ခုဖြစ်သည့် MPT မှ MPT4U App သုံးစွဲသူများအတွက် ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းနိုင်မည့် “ထိတိုင်းထော” ကံစမ်းမဲအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၅)ရက်မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ “ထိတိုင်းထော” ဂိမ်းကံစမ်းရန်အခွင့်အရေးတစ်ကြိမ်ရရှိနိုင်ပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းနိုင်မည်ဖြစ်ပြီး MPT4U App သုံးစွဲသူတိုင်း ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ပြီး MPT4U App မှတစ်ဆင့် ထောဘီပက်ကေ့ခ်ျ ဝယ်ယူတိုင်း ဆုလက်ဆောင်များကို ကံစမ်းရယူနိုင်မည်လည်ဖြစ်သည်။ MPT4U App ကို MPT အသုံးပြုသူတိုင်း အခမဲ့ဒေါင်းလုတ်ဆွဲ၍ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source – https://www.mpt.com.mm

ထောဘီပက်ကေ့ခ်ျများကို MPT4U App မှတစ်ဆင့် ဝယ်ယူနိုင်ပြီး MPT အချင်းချင်းဖုန်းခေါ်ဆိုမှု၊ MPT အချင်းချင်း SMS စာတိုပေးပို့မှုနှင့် pay as you go သုံးစွဲမှုအတိုင်း ကျသင့်သလောက်ပေး အင်တာနက်နှုန်းထားများအတွက် သက်သာသော ထောဘီပက်ကေ့ချ်နှုန်းထားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုနောက်ဆုံးထွက်ရှိထားသော ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ရန် MPT4U App ကို ဒေါင်းလုတ်ဆွဲခြင်း သို့မဟုတ် နောက်ဆုံးဗားရှင်းအားရယူထားပြီး ထောဘီ ပက်ကေ့ခ်ျကို ဝယ်ယူကာ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။
ထောဘီပက်ကေ့ခ်ျ ဝယ်ယူတိုင်း “ထိတိုင်းထော” ဂိမ်းထဲသို့ ဝင်ရောက်ဆော့ကစားရန် အခွင့်အရေးတစ်ကြိမ် ရရှိနိုင်ပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည် ဖြစ်သည်။ ကံစမ်းခွင့်ရရှိသော နေ့၏ ၀၀:၀၀:၀၀ နာရီတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး နောက်နေ့သို့ သယ်ဆောင် အသုံးမပြုနိုင်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

“MPT ရဲ့ အခုနောက်ဆုံးထွက်ရှိတဲ့ ပရိုမိုရှင်းအစီအစဉ်အရ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို MPT4U App နောက်ဆုံးဗားရှင်း အသုံးပြုအောင် တိုက်တွန်းချင်ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုမှုနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ သက်သာစေဖို့၊ လွယ်ကူပြီး ပျော်ရွှင်စေဖို့ရည်ရွယ်တာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တန်ဖိုးထားရတဲ့ MPT သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဒီဂျစ် တယ်လူမှုဘဝကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဝန်ဆောင်မှု အသစ်တွေကို စဉ်ဆက်မပြတ် ကြိုးစားလုပ်ဆောင်ပေးလျက် ရှိပါတယ်။ ယခုလက်ရှိမှာတော့ ကျွန်တော်တို့ MPT4U App အသုံးပြုသူတွေအတွက် ထိပေါက်အင်တာနက်ပက်ကေ့ခ်ျ၊ ထိတိုင်းထော ဖုန်းဘေလ်ကံစမ်းမဲ အစီအစဉ်နဲ့ ဆုတွေထူးရှယ် ၂၀၂၀ စတဲ့ အစီအစဉ်တွေမှာပါဝင်ပြီး အထူးခံစားခွင့်တွေ ရရှိနိုင်မှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြား ခဲ့ပါသည်။

Photo Source – https://www.mpt.com.mm

MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို Google Play Store မှသော်လည်းကောင်း၊ App Store မှသော်လည်းကောင်း ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်သလို MPT ဖုန်းနံပါတ်မှ *4040# သို့ အခမဲ့ ခေါ်ယူပြီး လိုတရ ဝက်ဘ်ဆိုက်မှလည်း အခမဲ့ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT ၏ ထုတ်ကုန်အသစ်များ နှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် https://www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်းသိရသည်။