အထူးအခွင့်အရေးများရရှိနိုင်သည့် ပြန်လည်ဆန်းသစ်ထားသော MPT Club အစီအစဉ်သစ်မိတ်ဆက်

MPT အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်း၍ ကုန်ပစ္စည်းအမှတ်တံဆိပ် ၅၀ ကျော်ဖြင့် ချိတ်ဆက်ကာ MPT သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များနှင့် အထူးအခွင့်အရေးများရရှိခံစားနိုင်မည့် MPT Club အစီအစဉ်အသစ်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်သစ်တွင် သုံးစွဲသူများ၏ လူနေမှုဘဝကိုပိုမိုဖြည့်စွမ်းပေးနိုင်ရန် အထူးကမ်းလှမ်းမှုများ၊ အထူးလျှော့ဈေးများ နှင့်အခြားသော ခံစားခွင့်များကို အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး MPT Club အဖွဲ့ဝင်များအနေဖြင့် မိမိအသုံးပြု သည့်ပမာဏအပေါ်မူတည်ကာ ပွိုင့်များရရှိနိုင်မည်လည်းဖြစ်သည်။ ထို့ပြင် MPT Club အစီအစဉ်သစ်မိတ်ဆက်ခြင်းအထိမ်း အမှတ်အဖြစ် MPT Club အဖွဲ့ဝင်အားလုံးအတွက် ကံစမ်းမဲလက်ဆောင်များမဲဖောက်ပေးသွားဦးမည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

MPT အသုံးပြုသူများအနေဖြင့် နေ့စဉ်သုံးစွဲမှုနှှု့်သုံးစွဲမှုပမာဏအဆင့်သတ်မှတ်ချက်ပေါ်မူတည်ကာ အထူးအခွင့်အရေးများနှင့် အကျိုးအမြတ်များကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်တွင် သုံးစွဲမှုပမာဏနှင့် မိတ်ဖက်အဖွဲ့အစည်းဆိုင်များတွင် ဝန် ဆောင်မှုရယူခြင်းများအပေါ် အခြေခံကာ ပွိုင့်များကိုနေ့စဉ် ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ယခုပြန်လည်ဆန်းသစ်ထားသော MPT Club အစီအစဉ်သစ်တွင် စာရင်းသွင်းသူများ၏ သုံးလစာသုံးစွဲမှုပမာဏကို ပျမ်းမျှတွက်ချက်ပြီး အဆင့်သုံးဆင့်ခွဲခြားသတ် မှတ်ပေးသွားမည်ဖြစ်သည်။ အဆင့်သတ်မှတ်ချက်ကွားခြားမှုအလိုက် ပွိုင့်ရရှိမှုနှုန်းများ၊ အကျိုးအမြတ်များနှင့် ဆုလက် ဆောင်များလည်း ကွားခြားသွားမည်ဖြစ်သည်။ Premium အဖွဲ့ဝင်သတ်မှတ်ချက် တစ်ကြိမ်ရရှိပါက အဆိုပါသုံးစွဲသူများ လည်း ကွာခြားသွားမည်ဖြစ်သည်။ Premium အဖွဲ့ဝင်အဆင့်သတ်မှတ်ချက် တစ်ကြိမ်ရရှိပါက အဆိုပါသုံးစွဲသူသည် အထူး ရပိုင်ခွင့်များကို မဆုံးရှုံးသွားစေရန် သုံးလဆက်တိုက် Premium အဖွဲ့ဝင်အဖြစ် စာရင်းဝင်မည်ဖြစ်ပြီး MPT Club ခံစားခွင့် များကို အသုံးပြုနိုင်မည်ဖြစ်သည်။ MPT Club အဖွဲ့ဝင်များအနေဖြင့် ပွိုင့်များကို *345# သို့မဟုတ် MPT4U App တွင် စစ် ဆေးသိရှိနိုင်မည်ဖြစ်သည်။

Photo Source By Myanmar Tech Press

အဆင့်သတ်မှတ်ချက်အနေဖြင့် Diamond အဆင့်ကို လစဉ်အသုံးပြုမှုသုံးသောင်းကျပ်နှင့်အထက်ဖြစ်ပါက ပွိုင့်ရရှိမှု ၁.၅ ရာခိုင်နှုန်း၊ Platinum အဆင့်အနေဖြင့် လစဉ်အသုံးပြုမှု တစ်သောင်းကျပ်မှ ၂၉၉၉၉ ကျပ်အထိ ဖြစ်ပါက ပွိုင့်ရရှိမှု ၁.၀ ရာခိုင်နှုန်း၊ Member အဆင့်အနေဖြင့် လစဉ်အသုံးပြုမှု ၉၉၉၉ ကျပ်အောက် ဖြစ်ပါက ပွိုင့်ရရှိမှု ဝ.၅ ရာခိုင်နှုန်း ရရှိမည် လည်းဖြစ်သည်။
MPT Club မှ ရရှိသောပွိုင့်များနှင့်ချိတ်ဆက်အသုံးပြုနိုင်သော မိတ်ဖက်အဖွဲ့အစည်း ၅၀ ကျော်ကို MPT မှချိတ်ဆက်ထား ပြီး လျှော့ဈေး ၅၀ ရာခိုင်နှုန်းအထိ ရရှိနိုင်မည်လည်ဖြစ်သည်။ ထို့အပြင် MPT Club အဖွဲ့ဝင်များအနေဖြင့် လစဉ် ၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက်များတွင် Lucky 5 ဆုလက်ဆောင်များကို ခံစားရယူနိုင်မည်ဖြစ်သည်။ MPT Club သုံးစွဲသူ အဖွဲ့ဝင်များအား လုံးကိုလည်း ကျေးဇူးတုံ့ပြန်သောအားဖြင့် ဆုလက်ဆောင်များပါဝင်သည့် ကံစမ်းမဲအစီအစဉ်ကိုလည်း ၅ ပတ်ကြာဆောင် ရွက်ပေးသွားမည်လည်းဖြစ်သည်။ Diamond အဆင့် MPT Club အဖွဲ့ဝင်များအနေဖြင့် 1.0 ကာရက်ရှိသော စိန်လက်စွပ် နှင့် Platinum အဆင့်အဖွဲ့ဝင်များအနေဖြင့် ပလက်တီနမ်ဆွဲကြိုးကို ကံစမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ ကံစမ်းမဲအစီအစဉ်၏ အထူးဆုကြီးများကို ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ရွေးချယ်ကြေငြာသွားမည်ဖြစ်သည်။

Photo Source – https://www.mpt.com.mm

နောက်ဆုံးအဆင့်အထူးဆုများအား ကံထူးသူများသည် ကံထူးဆုများကို ရရှိမည့်အပြင် ကံထူးဆုနှင့်တူညီသော နောက်ထပ် ဆုတစ်ခုကိုပါ မိမိချစ်ရသောသူအတွက် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်ထားသူတိုင်း မိမိချစ်ခင်ရသောသူ သုံးဦးနှင့် ပုဂံခရီးစဉ် သို့မဟုတ် MPT Club ၁၅၀၀ ပွိုင့်အား ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။ MPT Club အဖွဲ့ဝင်များသည် ပရို မိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် MPT4U App၊ USSD သို့မဟုတ် SMS မှတစ်ဆင့် စာရင်းသွင်းရန်လိုအပ်မည်ဖြစ်သည်။
MPT သုံးစွဲသူများအနေဖြင့် *345# သို့ REG F ဟု စာတိုပေးပို့ခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။ MPT Club အစီအစဉ်ကို ၂၀၁၈ ခုနှစ်မှစတင်ကာပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။