OPPO Reno3 | Reno3 Pro တို့ကို မတ်လ ၁၈ ရက်နေ့တွင် မိတ်ဆက်မည်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သောOPPO သည်OPPO Reno3 | Reno3 Pro တို့၏ Global Version ကိုမြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင်စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။
OPPO အနေဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ပထမဦးဆုံး Qualcomm-powered Dual-mode 5G စမတ်ဖုန်းများဖြစ် သည့် OPPO Reno3 | Reno3 Pro တို့ကိုတရုတ်နိုင်ငံ၌ အောင်မြင်စွာမိတ်ဆက်ပေးနိုင်ခဲ့ပြီးနောက် ယခုအခါတွင် နောက် ဆုံးပေါ် OPPO Reno3 | Reno3 Pro တို့ကိုအခြားဈေးကွက်များတွင် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့်အညီထပ်မံအဆင့် မြှင့်၍ မိတ်ဆက်ပေးလျက်ရှိသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်နှင့်အညီကိုက်ညီအောင် 4G ကွန်ရက်ကို လည်းအသုံးပြုထားဆဲဖြစ်သည်။ သို့သော်လည်း OPPO ၏ သုံးစွဲသူအခြေပြုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပညာ အပေါ် ရင်းနှီးမြုပ်နှံခြင်းမှရခဲ့သည့် ရလဒ်များဖြင့် ပြုလုပ်ထားသောထူးခြားကောင်းမွန်သည့် နည်းပညာသစ်များပါဝင်သည်။
OPPO အနေနှင့် OPPO Reno3 | Reno3 Pro တို့တွင် နည်းပညာနှင့် ဒီဇိုင်းလုပ်ဆာင်ချက်များအချိုးကျကျ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ထားသည်။ OPPO Reno3 | Reno3 Pro တို့တွင် ထူးခြားကောင်းမွန်သည့် ဓာတ်ပုံရိုက်ကူးမှု Setting ပါဝင်သောကြောင့် မည်သည့်အလင်းရောင်အခြေအနေတွင် မဆိုပိုမိုကြည်လင်ပြတ် သားသောမြင်ကွင်းရိုက်ချက်များကိုရရှိစေနိုင်သည်။ OPPO Reno3 | Reno3 Pro တို့သည် နေ့အလင်းရောင်တွင် ဓာတ်ပုံရိုက်ကူးပါကပိုမိုအသေးစိတ်ကျသောရုပ်ထွက်အရည်သွေးကိုရရှိနိုင်မည်ဖြစ်ပြီးညဘက်ဓာတ်ပုံရိုက်ကူးပါကပိုမိုကောင်းမွန်ကြည်လင်သောပုံရိပ်များကို ၎င်းတို့၏ ကင်မရာကလုပ်ဆောင်ပေးသည်။ Ultra Dark Mode ပါဝင်မှုကြောင့် အလင်းမှိန်မှိန်တွင် ဓာတ်ပုံရိုက်ကူးဖြစ်မည်ဆိုရင်လည်းအခက်အခဲဖြစ်မည်မဟုတ်ပေ။ ထို့အပြင် ဗီဒီယိုရိုက်ကူးမှုသည်လည်း ယခင်ကထက် ပိုမိုကောင်းမွန်လာသည်သာမကပိုမိုရိုးရှင်းလာသည်။ OPPO ၏ နည်းပညာတီထွင်ဆန်းသစ်လုပ်ဆောင်မှု များကြောင့် OPPO Reno3 | Reno3 Pro တို့သည် ဝယ်ယူသုံးစွဲသူများအတွက် မနက်အရုဏ်ဦးနေရောင်ခြည်မှအစ ညအချိန် ကြယ်များရိုက်ကူးနိုင်သည်အထိသဘာဝတရား၏ အလှတရားများကိုရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးသည်။

Photo Source https://www.facebook.com/oppomyanmar/

ပထမဦးဆုံး 44MP + 2MP Dual Punch-hole Camera
-OPPO Reno3 | Reno3 Pro တို့၏ OLED မျက်နှာပြင်တွင် ကမ္ဘာ့ပထမဆုံးသော 44MP + 2MP အရည်အသွေးရှိသည်။
Punch-Hole ရှေ့ကင်မရာနှစ်ပေါက်ပါဝင်မည်ဖြစ်ပြီးပေါ့ပါးသွက်လက်ရုံသာမကဓာတ်ပုံစွမ်းဆောင်ရည်ကိုပိုမိုသာလွန်စေမည်ဖြစ်သည်။
44MP စွမ်းရည်ရှိ Main ကင်မရာသည် ဆယ်လ်ဖီရိုက်ရာတွင် လူ၏ မျက်နှာသွင်ပြင်ပုံသဏ္ဍာန်အနေအထားနှင့် ပိုမိုလိုက်ဖက်သည့် ပြင်ဆင်ခြယ်သမှုများပြလုပ်ပေးနိုင်သောအရည်အသွေးမြင့်သည့် အသေးစိတ်ပြင်ဆင်ခြင်းများပါ ဝင်မည်ဖြစ်သည်။ Binocular Bokeh Application နှင့်အတူအရှေ့ဘက်ကင်မရာနှင့် Bokeh ကင်မရာသည် Selfie စွမ်းဆောင်ရည်ကိုထပ်မံ၍ အထူးပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။ Punch-Hole ကင်မရာနှစ်ခု၏ ဒီဇိုင်းသည် ပိုမိုကောင်းမွန်သော Selfie ရိုက်ကူးခြင်းကိုပေးစွမ်းသည်သာမကကိုင်တွယ်အသုံးပြုရာတွင် လည်းအထူးကောင်းမွန်သော ခံစားချက်ကိုပိုင်ဆိုင်ရရှိစေမည်ဖြစ်သည်။ ထို့အပြင် ပိုမိုပါးလွှာကာပေါ့ပါးသွက်လက်စေရုံသာမကလက်ထဲတွင် တစ်သား တည်းကျမည့် ကိုယ်ထည်ဖြင့် မိတ်ဆက်လာခြင်းဖြစ်သည်။
OPPO Reno3 | Reno3 Pro တို့သည် ဖုန်းဓာတ်ပုံရိုက်ကူးမှုနည်းပညာကိုတမူထူးခြားသည့် အနီးကပ် Zoom ချဲ့ လုပ်ဆောင်ချက်ကြောင့် ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ OPPP သည် ဖုန်းဓာတ်ပုံရိုက်ကူးမှုနယ်ပယ်တွင် စွန့်ဦးတီထွင်ဖြစ်သည်နှင့်အညီဈေးကွက်ကိုထိုးဖောက်လာမည့် အနီးကပ် Zoom ချဲ့နိုင်သည့်နည်းပညာစွမ်းဆောင်ရည်နှင့် ပက်သက်ပြီးရေရှည်တည့်တံ့ခိုင်မြဲသည့် ရင်းနှီးမြှုပ်နှံမှုများကိုအစဉ်တစိုက် ပြုလုပ်လျက်ရှိသည်။ MWC 2017 တွင် OPPO 5x Lossles Zoom ကိုပထမဆုံးမိတ်ဆက်ပေးသည့် အချိန်မှ စတင်၍ ကုမ္ပဏီသည် စမ်းသတ်ထုတ်လုပ်မှု ၃ ခေါက် ပြုလုပ်ခဲ့ပြီးနောက် ပါးလွှာသောကိုယ်ထည်ထဲထည့်ကာတစ်ကမ္ဘာလုံးမှ သုံးစွဲသူများအတွက် မိတ်ဆက်ပေးနိုင်ခဲ့သည်။
OPPO Reno3Pro သည် နေ့စဉ်ဘဝများဆီသို့ ပိုမိုကောင်းမွန်သည့် နည်းပညာများနှင့် စိန်ခေါ်မှုများကိုသယ်ဆောင် လာမည်ဖြစ်သည်။ OPPO Reno3 Pro တွင် 2x Optical Zoom, 5x Hybrid Optical Zoom နှင့် အများဆုံးပါဝင်သော 20x Digital Zoom သည် မည်သည့်အကွာအဝေးမှချိန်သည်ဖြစ်စေ Noise နည်းနည်းဖြင့် ကြည်လင်ပြတ်သားသော ပုံရိပ်များကိုထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ဘက်စုံသုံးနိုင်သည့် စွမ်းဆောင်ရည်များနှင့်အညီ ၁၀ မီတာအကွာအဝေးမှ စာလုံးကိုကြည်လင်စွာမြင်ရနိုင်သည်အထိထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
အစွမ်းထက်သည့် 64MP Zoom Quadcamနှင့် Ultra Dark Mode ပါဝင်သော OPPO Reno3 Pro
OPPO Reno3 Pro သည် ဘက်စုံအသုံးပြုနိုင်ပြီးမည်သည့်အခြေအနေတွင်မဆိုလွယ်ကူချောမွေ့စွာရိုက်ကူးနိုင်သော 64MP Zoom Quadcamကိုထည့်သွင်းထားသည်။ စွမ်းရည်မြင့် 64MP Ultra-clear Main ကင်မရာသည် ကြည်လင်တောက်ပသောပုံရိပ်တွေကိုဖန်တီးပေးနိုင်သည့်အပြင် ပိုမိုကျယ်ပြန့်သော Zoom Range ပါဝင်ခြင်းကြောင့် ပုံရိပ်တွေကို တိကျရှင်းလင်းစွာမြင်တွေ့နိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/oppomyanmar/

OPPO Reno2 ဖုန်းထက် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ထားသော AI-powered Ultra Dark Mode ပါဝင်သောကြောင့် အလင်းမှိန်မှိန်တွင်လည်းရိုက်ကူး၍ အဆင်ပြေစေမည်ဖြစ်ပြီးသာမန်မျက်စိနှင့်မြင်နိုင်ရန် ခက်ခဲသောညအလှတရားများကို ကြည်လင်ပြတ်သားစွာဖမ်းယူပေးနိုင်မည်ဖြစ်သည်။ OPPO သုံးစွဲသူများအပေါ် လေ့လာဆန်းစစ်တွေ့ရှိချက်များကို အခြေခံ ကာ Popular Scenarios များကိုလည်းပိုမိုအဆင့်မြှင့်ပေးထားသည်။
ပုံရိပ်များကိုအသေးစိတ်မြင်နိုင်ရန် ကူညီပေးသည့် ကြည်လင်ပြတ်သားသော 108MP
OPPO Reno3 Pro တွင် ပုံရိပ်များကိုအထူးကြည်လင်ပြတ်သားစေသော 108 MP ကိုမိတ်ဆက်ပေးထားသည်။ OPPO Reno3 Pro သည် 64 MP Ultra-Clear Main ကင်မရာအပြင် ပုံရိပ်အရည်အသွေးပိုမိုကောင်းမွန်စေရန် နည်းပညာသစ်များအသုံးပြုကာဈေးကွက်တွင် စတင်ဝင်ရောက်လာခဲ့သည်။ ထို့ပြင် Ultra Clear 108MP သည် ရိုက်ကူးထားသောပုံရိပ်များကိုသက်ဝင်နေသည့် ပုံရိပ်များဖြစ်အောင်စွမ်းဆောင်ပေးရုံသာမကကြည်လင်ပြတ်သားစွာနှင့် အရည်အသွေးမြင့်စွာစွမ်းဆောင်ပေးမည်ဖြစ်သည်။ ၎င်း၏ အဆင့် တိုးမြှင့်ထားသော Dynamic Range ကြောင့် ဖုန်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်ကိုအသေးစိတ် ပေါ်လွင်စေမည်ဖြစ်သည်။ ပိုမိုထူးခြားဆန်းသစ်သော ပါဝင်မှုများကို မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်တွင် ပြုလုပ်မည့် Online တိုက်ရိုက်မိတ်ဆက်ပွဲ၌ တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်သည်။
စမတ်ဖုန်းထုတ်လုပ်သူများ၏ ရှေ့ဆောင်ဖြစ်သော OPPO သည် ကမ္ဘာပေါ်ရှိလူငယ်များအတွက် အရည်အသွေးကောင်းမွန် သောဓာတ်ပုံရိုက်ခြင်းအတွေ့အကြုံများကိုသယ်ဆောင်လာခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ ၄ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော OPPO သည် လူငယ်များ၏ အကန့်အသတ်မရှိသောအနုပညာလက်ရာမြောက်သည့် စွမ်းရည်များကို selfie နှင့် portrait-focused စမတ်ဖုန်းများဖြင့် ထုတ်ဖော်ပြသခဲ့ ပြီးဖြစ်ပါသည်။ ကမ္ဘာအနှံ့ရှိ research centers ၆ခုနှင့် လန်ဒန်တွင်ရှိသော international design center အရ OPPO၏ F series, A series, Find နှင့် နောက်ထွက်ပေါ်လာသော Reno series တို့သည် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၄၀ တွင် ကျေနပ်နှစ်သက်မှုများစွာရရှိခဲ့ ပါသည်။ စတိုင်ကျမှု၊ တန်းဝင်သောကြော်ငြာ campaigns နှင့် Designed for Reno ဟုအမည်ပေးထားသောဆန်းသစ် သည့် ဒီဇိုင်းများနှင့်အတူ 20x zoom၊ Ultra Steady Video နှင့် Ultra Dark Mode တို့သည် စမတ်ဖုန်းအသုံးပြုသူ များအတွက် ပြည့်စုံသောစမတ်ဖုန်းများအဖြစ် ပေးစွမ်းနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။