စီးပွားရေးဆိုင်ရာ ပညာရပ်တွေလေ့လာနိုင်မယ့် mLearn Online Learning Platform

စာအုပ်တွေကို အသုံးပြုပြီး ဖတ်ရှုလေ့လာတဲ့အချိန်ကနေ E Book တွေကိုအသုံးပြုပြီး စမတ်ဖုန်းတွေ ကွန်ပြူတာတွေကနေ အလွယ်တစ်ကူဖတ်ရှုလေ့လာကြတဲ့ နည်းပညာခေတ်ကို ရောက်ရှိလာပါပြီ။ ဒီလိုတိုးတက်လာတဲ့ နည်းပညာခေတ်မှာ စာလေ့လာမှုတွေ ဗဟုသုတရှာဖွေမှုတွေကို အင်တာနက် အသုံးပြုပြီးတော့ ပြုလုပ်လာကြပါပြီ။ နေ့လည်စာ ဒါမှမဟုတ် ညစာစားချင်တယ် ချက်ပြုတ်ဖို့ အချိန်မရတော့ဘူးဆိုရင် အင်တာနက်ကနေ မှာယူကြပါတယ်။ အင်္ကျီအဝတ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေ စတာတွေ ဝယ်ချင်ရင်လည်း ဆိုင်အထိ သွားဝယ်စရာမလိုဘဲ အင်တာနက်ကနေ အိမ်တိုင်ရာရောက်စနစ်နဲ့ မှာယူလာကြပါပြီ။ သင်တန်းတွေတက်ရောက်တဲ့ အခါမှာလည်း အင်တာနက်ကနေပဲ သင်တန်းတွေ တက်လာကြတဲ့ အထိ ပြောင်းလဲလာပြီ ဖြစ်ပါတယ်။

Photo source – https://www.facebook.com/mLearnMyanmar/

Online Learning Platform တွေဟာ တစ်ဖြည်းဖြည်းတွင်ကျယ်လာပြီး Online ဖြစ်တဲ့အတွက် အချိန်မရွေး နေရာမရွေး အင်တာနက်ရှိရုံနဲ့ ခရီးသွားရင်းပဲဖြစ်ဖြစ် အလုပ်လုပ်ရင်းပဲဖြစ်ဖြစ် ကိုယ်အားတဲ့အချိန်လေးမှာ  လေ့လာနိုင်ပါတယ်။ Online သင်တန်းတွေဟာ ပုံမှန်သင်တန်းတွေထက် သင်ကြားစရိတ်သက်သာပြီး သင်တန်းကိုသွားစရာလဲ မလိုအပ်တာကြောင့် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

အခုလိုအသုံးပြုမှု ပိုတွင်ကျယ်လာတဲ့ Online Learning Platform တွေထဲမှာ mLearn ကလဲ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ mLearn ဆိုတာကတော့ စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို နေ့စဉ်နေ့တိုင်း အွန်လိုင်းကနေ လေ့လာလို့ရမယ့် ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ Self-Pace Learning ဖြစ်တာကြောင့် အချိန်မရွေး နေရာမရွေး အင်တာနက်ရှိရုံနဲ့ အလွယ်တကူ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ တစ်ခြား Online Learning Platform တွေနဲ့မတူတဲ့အချက်ကတော့ mLearn က စီးပွားရေးပညာရပ်တွေကိုပဲ သီးသန့်သင်ကြားပေးတာ ဖြစ်ပါတယ်။

Photo source – https://www.facebook.com/mLearnMyanmar/

အခုအချိန်မှာတော့ Professional Sales and Marketing Execution Program ကို သင်ကြားလေ့လာ နိုင်မှာ ဖြစ်ပြီး အကြာခင်မှာ HR Program နဲ့ Entrepreneurship Program တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လာမယ့်ဧပြီလမှာ Young Manager Training Course, ဂျူလိုင်လမှာ The Best Techniques For Managing Managers Course နဲ့ အောက်တိုဘာလမှာ How Your Business Can Improve Customers Service Course တွေကို သက်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Course တစ်ခုကိုသင်လို့ပြီးတာနဲ့ လေ့လာတတ်မြှောက်ထားတာကို ပြန်ဆန်းစစ်မယ့် Exam တွေပါဝင်မှာ ဖြစ်ပါတယ်။ ၃ လတစ်ကြိမ် Course အသစ်တွေကိုလည်း ပြန်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Sales & Marketing နယ်ပယ်မှာ နှစ်၃၀ ကျော် စာတွေ့လက်တွေ့ အတွေ့အကြုံရှိ ဆရာ ဦးတင်ဇံကျော်က ဦးဆောင် ပို့ချမှာ ဖြစ်ပြီး ဆရာနဲ့အတူ စီးပွားရေး တက္ကသိုလ်/ကျောင်းများမှာ ဆရာကြီး/ဆရာမကြီး တွေရဲ့ စာတွေပို့ချမှုတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေကိုပါ ဝေမျှပေးမယ့် Program ကောင်း တစ်ခုဖြစ်ပါတယ်။ သင်တန်းပြီဆုံးရင်လည်း Panyapiwat Institute of Management (PIM) က ပေးအပ့်မယ့် Online Certificate ကိုရရှိမှာ ဖြစ်ပါတယ်။

Photo source – http://bit.ly/38lX0VH

သင်တန်းတွေအတွက် လစဉ်ကြေးကတော့ ၃ လစာအတွက် တစ်လ ၅,၀၀၀ ကျပ်၊ ၆ လစာအတွက် တစ်လ ၄,၅၀၀ ကျပ် နဲ့ တစ်နှစ်စာအတွက် တစ်လ ၃,၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ငွေပေးချေရာမှာတော့ Online Payment တွေဖြစ်တဲ့ VISA, Master, MPU, Mobile Banking နဲ့ 123 Payment တို့နဲ့ငွေပေးချေမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းတွေကို Subscription Plan ဝယ်ယူထားမယ်ဆိုရင်တော့ ဆောင်းပါးတွေ၊ စီးပွားရေးဆိုင်ရာ ဗဟုသတတွေ၊ စီးပွားရေးဆိုင်ရာ သင်တန်းတွေ၊ လိုရင်းတိုရှင်း အချက်အလက်တွေ၊ ဗီဒီယို သင်ခန်းစာတွေနဲ့ ဉာဏ်စမ်းမေးခွန်းတွေ စတဲ့ Content တွေကို ရရှိမှာ ဖြစ်ပါတယ်။

mLearn နဲ့ပက်သက်ပြီး သိရှိမေးမြန်းလိုတာတွေအတွက် တနင်္ဂလာနေ့ကနေ စနေနေ့အထိ မနက် ၉ နာရီကနေ ညနေ ၅နာရီ ၃၀ မိနစ်အထိ Hotline 09421007001 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Facebook Page – https://www.facebook.com/mLearnMyanmar/

Website – http://bit.ly/38lX0VH