Content Creators၊ Photo Creators နှင့် Designer များအတွက်အသုံးဝင်လွန်းတဲ့ Free Resources Website (၁ဝ) ခု Part (1)

Creative Content ကောင်းကောင်းတွေဖန်တီးချင်သူတွေ အတွက်ပုံတွေ အပြင်အခြားသော free resources ပေါင်းများစွာကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဝေမျှပေးလိုက်ပါတယ်။ အောက်တွင် ဖော်ပြထားသော အကြောင်းအရာများနှင့် အသုံးပြုပုံများကို တစ်ခုချင်းစီလက်တွေ့အသုံးချပြထားသော video file အသေးစိတ်ကို အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာပါ။

Photo Source https://www.pexels.com/

(၁) Pexels
ရုပ်ထွက်ကောင်းကောင်းနဲ့ ပုံအကြည်တွေကို လိုချင်သူတွေအတွက် Pexels ကိုသုံးတာ ပိုကောင်းပါတယ်။ ဘာကြောင့် လဲဆိုတော့ Pexels မှာ photographers တွေနဲ့ videographers တွေကစုစည်းပြီး လူတိုင်းကို အခမဲ့အသုံးပြုနိုင်ရန် အတွက်စနစ်တကျ စုစည်းပေးထားတဲ့ free stock photo site တစ်ခုပဲဖြစ်ပါတယ်။ Pexels ကနေ မိမိတို့ရဲ့ လုပ်ငန်း အတွက် လိုအပ်မယ့်ပုံတွေကို အခမဲ့ download လုပ်ယူနိုင်ပါတယ်။
https://www.pexels.com/
(၂) Unsplash
Images တွေ photosတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားစွာ အခမဲ့ရယူအသုံးပြုနိုင်တဲ့ image resources တစ်ခုပဲဖြစ်ပါတယ်။ reality photo တွေကို ရယူပြီး မိမိတို့ရဲ့ လုပ်ငန်းတွေအတွက် အဆင်ပြေသလို ပြန်လည်အသုံးချနိုင်တဲ့ အွန်လိုင်းအခမဲ့toolတစ်ခုပဲဖြစ်ပါတယ်။ လူသုံးများလှပြီး blog content တွေအတွက်ဆို Unsplash ကလွန်စွာမှ အသုံးဝင်လှပါတယ်။ Visual Content ကောင်းကောင်းကိုမှ ဖန်တီးချင်သူတွေအများစု နှစ်သက်တဲ့နေရာ တစ်ခုဆိုလဲမမှားပါဘူး။ ဒါကြောင့် Unsplashကိုဝင်ရောက်ပြီး ကြိုက်နှစ်သက်ရာပုံတွေကို ရွေးချယ်ဒေါင်းယူနိုင်ပါတယ်။
https://unsplash.com/
(၃) StockSnap
free stock imagery တွေကို high-quality resolutionနဲ့ တင်ပေးထားတဲ့ resources site တခုပါ။ Categories ခွဲထားပေး တဲ့အတွက် မိမိတို့ကြိုက်နှစ်သက်ရာ အပိုင်းကဏ္ဍအလိုက် ရွေးချယ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
https://stocksnap.io/
(၄) Landing Stock
Website landing page တွေအတွက် အသင့်တော်ဆုံးသော site တစ်ခုပဲဖြစ်ပါတယ်။ သူ့မှာကျတော့ Landing page တွေအတွက် ဦးစားပေးထားတာ ဖြစ်တဲ့အတွက် illustration ပုံစံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့ထဲကမှ website နဲ့ကိုက်ညီမယ့် မိမိတို့ရွေးချယ်အသုံးပြုလိုတဲ့ illustration images တွေကို အခမဲ့ရယူနိုင်မှာပဲဖြစ်ပါတယ်။
https://landingstock.com/
(၅) Nappy
Creators တွေအနေနဲ့ မတူကွဲပြားတဲ့ reality stock photoတွေကို အသုံးပြုလိုတဲ့အခါ Nappy ဆိုတဲ့ siteကနေ ဝင်ရောက်ပြီး အခမဲ့ download ပြုလုပ်နိုင်ပါတယ်။
https://nappy.co/

Photo Source https://icons8.com/creator

(၆) Photo Creator
Photo Creator ရဲ့အားသာချက်ကတော့ အသုံးပြုတဲ့ နေရာမှာ အလွန်ရိုးရှင်းတဲ့ UI design ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပထမဆုံး အောက်ပါ link ကိုနှိပ်လိုက်တာနဲ့ Photo တစ်ပုံupload လုပ်ပြီး သူပေးထားတဲ့ ရွေးချယ်စရာပုံများစွာ ထဲမှာမှမိမိတို့နှစ်သက်ရာ ပုံကိုရွေးချယ်ပြီး ပေါင်းစပ်ဖန်တီးနိုင်မှာ ဖြစ်လို့ Photo Creator ကိုအသုံးပြုကြည့်ဖို့ တိုက်တွန်းပါတယ်။
https://icons8.com/creator
(၇) Coverr
မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းpage တွေမှာပဲ cover video လှလှလေးတွေထားချင်တာပဲဖြစ်ဖြစ် စီးပွားဖြစ်မဟုတ်တဲ့ personal blog တွေမှာ video အလှလေးတွေတင်ထား ချင်တာပဲဖြစ်ဖြစ် အပျော်တမ်းစာတွေ ကဗျာတွေရေးဖို့ ဖွင့်ထားတဲ့ page တွေမှာ video လေးနဲ့ စာသားကိုတွဲတင်ချင်တယ်ဆိုရင် တော့ Coverr ဟာအတော်လေး အသုံးဝင်တဲ့ online free tool တစ်ခုပါ။Coverr ဆိုတဟာ လှပသေသပ်တဲ့ shot stock videos အတိုလေးတွေကို စုစည်းပေးထားတဲ့ source တစ်ခုပဲဖြစ်ပါတယ်။Coverr ကတင်ပေးထားတဲ့ video လေးတွေထဲမှာမှ ကိုယ်ကြိုက်နှစ်သက်ရာ video လေးတွေကို အခမဲ့ download လုပ်ယူပြီး လိုသလိုပြန်လည် အသုံးပြုနိုင်ပါတယ်။
https://coverr.co/
(၈) Mixkit
Mixkit ဆိုတာကတော့ နာမည်ကြီး resources site တစ်ခုဖြစ်တဲ့ Envato ကနေပြန်လည်ဝယ်ယူ ထားတာပဲဖြစ်ပါတယ်။ အရည်အသွေးမြင့် video များနှင့် animation များကို အကောင်းဆုံးရုပ်ထွက်များနဲ့ အခမဲ့ဝေမျှ ပေးထားတဲ့ site တစ်ခုဆိုပိုမှန်ပါလိမ့်မယ်။ဒီလို video တွေ animationတွေကို ကမ္ဘာ့အထင်ရှားဆုံး content creators တွေမှ ပေါင်းစုဖန်တီးပေးထားတာဖြစ်ပြီး မိတ်ဆွေတွေ အနေနဲ့လည်း မိမိတို့လုပ်ငန်းတွေမှာ ပြန်လည်အသုံးချဖို့ရာ အခမဲ့ download လုပ်ယူနိုင်ပါတယ်။
https://mixkit.co/
(၉)Videezy
HD stock footage တွေနဲ့ 4K resolution videos တွေကို အခမဲ့ ရယူနိုင်မယ့် source တစ်ခုပဲဖြစ်ပါတယ်။Videezy မှာတင်ထားတဲ့ video reaources တွေဟာ စုံလွန်းတဲ့အတွက် သူ့ကိုအများက ကမ္ဘာ့အကြီးဆုံး video communites တစ်ခုလို့တောင် တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ Videezy မှာ video အားလုံးကို free ပေးထားတာတော့ မဟုတ်ပါဘူး။တချို့ video တွေကိုတော့ ပိုက်ဆံပေးပြီးမှ download ရယူနိုင်မှာဖြစ်ပါတယ်။
https://www.videezy.com/
(၁၀) Life of Vids
ဒါကတော့ web designers တွေအတွက် လွန်စွာမှ အသုံးဝင်တဲ့ video reources တစ်ခုဖြစ်ပါတယ်။ Life of Vids မှာပေးထားတဲ့ features တွေကအတော်လေး စုံလင်လှပါတယ်။ web designers,filmmakers,advertisers,agencies တွေအပြင် အခြားသော video content များစွာလည်း ပါဝင်နေပါတယ်။ ကိုယ်ရေးကိုယ်တာအတွက်ကော စီးပွားရေး အတွက်ပါ လိုသလိုပြန်လည် အသုံးချဖန်တီးနိုင်ပါတယ်။
https://www.lifeofvids.com/

Letter Source – APN Contents Creation