စီးပွားရေးလုပ်ငန်းများအတွက် ငွေလက်ခံမှုပြဿနာကို ကူညီပေးနိုင်တဲ့ Dinger Financial Management Platform (Dinger financial management platform ၏ Cofounder ဖြစ်သူ ကိုတင့်ထူးနောင် နှင့်အင်တာဗျူးဆောင်းပါး)

ခုနောက်ပိုင်း Online Shopping လုပ်ငန်းတွေအပြင် အခြားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ Digital ပိုင်းဆိုင်ရာငွေလွှဲပြောင်း လက်ခံတဲ့နေရာမှာ တစ်နည်းမဟုတ်တစ်နည်းဆိုသလို အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် SME နဲ့ Startup လုပ်ငန်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အဲ့ဒါတွေကိုဖြေရှင်းဖို့အတွက်ကြောင့် မြန်မာနိုင်ငံမှာ Digital Service Platform တွေများစွာထွက်ပေါ်လာခဲ့ပါပြီ။
အဲဒီ Platform တွေထဲမှ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေပေးချေမှုပိုင်းဆိုင်ရာတွေမှာ များစွာအထောက်အကူဖြစ်စေတဲ့  Dinger financial management platform ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Dinger financial management platform မှာ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေလက်ခံတဲ့နေရာမှာ ဘယ်လိုကူညီဖြေရှင်းပေးသလဲဆိုတာ သိရှိစေဖို့ Myanmar Tech Press Team အနေနဲ့ Dinger financial management platform ၏ Cofounder ဖြစ်သူ ကိုတင့်ထူးနောင် တဲ့ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးဆောင်းပါးကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo…Dinger financial management platform ၏ Cofounder ဖြစ်သူ ကိုတင့်ထူးနောင်

Dinger financial management platform ကို ၂၀၁၈ နှောင်းပိုင်းမှာ စတင်မယ်လို့ စိတ်ကူးရှိခဲ့ပေမယ့် တကယ်တမ်း ၂၀၁၉ ခုနှစ်မေလမှာ စတင်လုပ်ဆောင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
“စတင်ဖြစ်တဲ့စိတ်ကူးကတော့ အရင်က ကျွန်တော်တို့အရင်စပြီး Startup ကုမ္ပဏီတစ်ခုလုပ်တယ်။ အဲဒီအချိန်မှာ Payment မှာစတင်ပြဿနာရှိခဲ့တာပေါ့နော်။ ကျွန်တော်တို့ Cash and Delivery နဲ့လုပ်ကြမလား။ Service ပေးတဲ့ Business အနေနဲ့ ဘယ်လိုမျိုး Digital Payment တွေလက်ခံလို့ရလဲဆိုတာကို တွေးမိတာပါတယ်။ အဲ့ဒီအချိန်တုန်းက Digital Payment တွေက တွင်တွင်ကျယ်ကျယ်အသုံးမပြုသေးပေမယ့် ဘဏ်တွေနဲ့ချိတ်ဆက်တဲ့နေရာမှာ SME တွေအနေနဲ့ ခက်ခဲခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ ပြဿနာ တွေကို အခြား ကုမ္ပဏီတွေမဖြစ်ရလေအောင် အဲ့လိုစိတ်ကူးမျိုးနဲ့ စတင်ဖြစ်ခဲ့တာပါ” ဟု Dinger Digital Payment Service Platform ၏ Cofounder ဖြစ်သူ ကိုတင့်ထူးနောင်က ပြောကြားပါတယ်။
လက်ရှိ Dinger Digital Payment Service Platform မှာ အခုလက်ရှိပေးနေတဲ့ဝန်ဆောင်မှုတွေကတော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေလက်ခံတဲ့နေရာမှာ ဘဏ်အကောင့်တစ်ခုတည်းရှိရုံနဲ့ Mobile Banking App တွေ၊ Mobile Wallet တွေ၊ ဘဏ်ကတ်တွေ အကောင့်တစ်ခုတည်း ရှိရုံနဲ့ Payment တွေကိုလက်ခံနိုင်အောင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ စတင်ချိန်ကစပြီး လက်ရှိအချိန်ထိ Dinger Digital Payment Service Platform ကိုအသုံးပြုနေတဲ့ စီးပွားရေး လုပ်ငန်းပေါင်း ၁၅၀ လောက်ရှိနေပြီလည်းဖြစ်ပါတယ်။
“Dinger Digital Payment Service Platform အနေနဲ့ Business ကုမ္ပဏီတွေအတွက် ပိုမို အကျိုးဖြစ်ထွန်းစေမယ့် အဆင့်မြှင့်တင်မှုအားလုံးကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အခုလက်ရှိ Instant Payment ကနေ Recorded Payment လို့ခေါ်တဲ့လစဉ်ငွေဖြတ်သွားတဲ့ Payment မျိုးတွေ လုပ်ဆောင်နေပါတယ်။ ကိုယ်တိုင်က Business အကောင့် တစ်ခုကို သုံးရင် ကိုယ့်အောက်မှာ Team Number တွေအမျိုးမျိုးရှိနိုင်တယ်။ အဲ့ဒါတွေကိုလည်းအဆင့်မြှင့်တင်မှုတွေပြုလုပ် သွားဖို့ရှိပါတယ်”ဟု သူကပြောကြားသည်။
Dinger financial management platform ကို နောက်ပိုင်းမှာ Application နဲ့လည်းပြုလုပ်သွားဖို့ရှိပါတယ်။ Dinger financial management platform ဝန်ဆောင်မှုတွေမှာ စီးပွားရေးလုပ်ငန်းတွေကို အပိုင်းသုံးပိုင်းနဲ့ သတ်မှတ်ထား တာဖြစ်ပါတယ်။ ပထမဆုံးကတော့ Online Shopping၊ SME နဲ့ အခြား Business ကုမ္ပဏီကြီး ဆိုပြီး သုံးမျိုးခွဲထားပါတယ်။ အဲဒီသုံးခုအတွက် Dinger financial management platform ရဲ့ Solution ကို သက်သက်သာသာနဲ့ သုံးနိုင်တာကလည်း အဓိကအားသာချက်တစ်ခုလို့ဆိုရမှာပါ။

Photo Source https://www.facebook.com/dinger.asia

Dinger Digital Payment Service Platform မှာ Online Shopping တွေမှာ ဆိုရင် Link လေးတစ်ခုရှိတာနဲ့ ငွေလက်ခံလို့ရနိုင်အောင် ပြုလုပ်ထားပြီးတစ်သောင်းခွဲသတ်မှတ်ထားပါတယ်။ Website နဲ့ Application တွေရှိတဲ့ စီးပွာရေးလုပ်ငန်းတွေကတော့ လစဉ်ကြေးနဲ့ဝန်ဆောင်မှုယူမယ်ဆို သုံးသောင်းသတ်မှတ်ထားပါတယ်။ enterprise ကတော့ Product အပေါ်မှာမူတည်ပြီး ဈေးနှုန်းက အပြောင်းအလဲရှိမှာဖြစ်ပါတယ်။ လစဉ်ကြေးနဲ့ရသလို transaction fee ရှိပြီး အခြား Fee တွေ ထပ်မရှိမပေးရတော့ပါဘူး။
“ကျွန်တော်တို့က Dinger Digital Service ဆိုပေမယ့် Smart Fiennes Management Platform ဘက်ကိုသွားဖို့ ရည်ရွယ် ထားပါတယ်။ ငွေလက်ခံဖို့သက်သက် မဟုတ်ပဲ Business လုပ်ငန်းတွေမှာလိုအပ်တဲ့ အခြား Service တွေကိုလည်း ပြုလုပ်သွားမှာပေါ့နော်။ ငွေပေးချေမယ်။ ငွေလက်ခံမယ်။ Loan Application လုပ်မယ်။ အဲ့ဒါ မျိုးအစရှိတဲ့ Service တွေကို လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။ Smart Fiennes Management Platform တစ်ခုဖြစ်စေဖို့ ပြုလုပ်သွားမှာပါ” ဟု သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
အသေးစိတ်ကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.dinger.asia/?fbclid=IwAR0RxAg4GBRvhqLz4EP8VEWaI_fisNG4rDnW0MODmQWY9WT-C5cdFAujJC8