ဖုန်းဆက်ကားငှားရမ်းနိုင်သော GrabTaxiCall ဝန်ဆောင်မှု ရန်ကုန်တွင်စတင်အသုံးပြုနိုင်

ဖုန်းဆက်၍ကားငှားရမ်းနိုင်သော GrabTaxiCall ဝန်ဆောင်မှုအသစ်ကို ယခုအခါရန်ကုန်မြို့တွင်စတင်အသုံးပြုနိုင်နေပြီဖြစ် ကြောင်းနှင့် မန္တလေးနှင့်ပုဂံဒေသများတွင်အသုံးပြုနိုင်ရန်အတွက် စတင်စမ်းသပ်လုပ်ကိုင်နေပြီဖြစ်ကြောင်း၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့ တွင်ကျင်းပပြုလုပ်သော GrabTaxiCall ဝန်ဆောင်မှုအသစ် စတင်မိတ်ဆက်ပွဲအခမ်းအနားမှ သတင်းရရှိသည်။
အဆိုပါ GrabTaxiCall ဝန်ဆောင်မှုပြုလုပ်ရခြင်းရည်ရွယ်ချက်မှာလည်း စမတ်ဖုန်းကိုကျွမ်းကျင်စွာအသုံးမပြုနိုင်သူများ၊ အိမ်ရှင်မ များ၊ လူကြီးသူမများနှင့် လမ်းပေါ်ထွက်ကားငှားရန်အခက်အခဲရှိသူများ အလွယ်တကူဖုန်းဆက်ငှားရမ်းနိုင်စေရန်ဖြစ်ပြီး Grab Application နည်းတူ ကြိုတင်သိနိုင်သောပုံသေဈေးနှုန်း ကောင်းမွန်သောဝန်ဆောင်မှုများပါဝင်နေမည်ဖြစ်ကြောင်းလည်း သိရ သည်။

Photo Source By Myanmar Tech Press

GrabTaxiCall ဖြင့်ကားငှားရမ်းလိုပါက 09977478787 ဖုန်းနံပါတ်သို့ ခေါ်ဆိုရမည်ဖြစ်ပြီး သွားလာမည့်ခရီးစဉ်အတွက် ချက်ချင်းငှားရမ်းနိုင်သလို တစ်ပတ်အတွင်း သွားမည့်ခရီးအတွက်လည်း ကြိုတင်ငှားရမ်းနိုင်မည်လည်းဖြစ်သည်။ ၂၀၁၉ ခုနှစ် မတ်လမှ မေလအထိ ပြုလုပ်ခဲ့သော GrabTaxiCall ဝန်ဆောင်စမ်းသပ်လုပ်ဆောင်သည့်ကာလအတွင်း ကားငှားရမ်းမှုပုံမှန်ရှိ သည့်အချိန်များတွင် Application မှရရှိသည့် Booking ထက် ဖုန်းခေါ်ဆိုမှုမှရရှိသည့် Booking က ပိုမိုများပြားနေသည်ကိုတွေ့ ရကြောင်း Grab ထုတ်ပြန်ချက်တွင်ပါရှိသည်။

Photo Source By Myanmar Tech Press

Grab ၏ Call Centre သို့ ဖုန်းခေါ်ဆိုငှားရမ်းမှုတစ်ခုပြုလုပ်ပါက တာဝန်ရှိအေးဂျင့်မှ ခရီးသည်၏အမည်၊ ဖုန်းနံပါတ်၊ လာကြိုရ မည့်နေရာနှင့်ပို့ပေးရမည့်နေရာများကို မေးမြန်းသွားမည်ဖြစ်သည်။ ခရီးစဉ်ငှားရမ်းမှုအတည်ပြုပြီးနောက် Grab Application တွင်ပြသထားသည့် ကျသင့်ငွေအတိုင်း ခရီးစဉ်အတွက်ပုံသေဈေးနှုန်းကို ခရီးသည်အားအကြောင်းကြားပေးသွားမည်လည်းဖြစ် သည်။ GrabTaxiCall ဖြင့်ငှားရမ်းသည့်ခရီးစဉ်တိုင်းအတွက် call centre နည်းပညာလုပ်ဆောင်ချက်များနှင့်ဝန်းထမ်းများအသုံး ပြုရသည့်အတွက် ဝန်ဆောင်ခ ငွေကျပ် (၃၀၀) သတ်မှတ်ကောက်ခံသွားမည်လည်းဖြစ်သည်။
ခရီးစဉ်အတွက် ကျသင့်ငွေကို ခရီးသည်မှအတည်ပြုပြီးမှသာ GrabTaxiCall အေးဂျင့်က ခရီးစဉ်အား Booking လုပ်ပေးမည်ဖြစ် ပြီး သွားရမည့်ခရီးစဉ်နှင့်ပတ်သက်သည့်အချက်အလက်များကို SMS တစ်စောင်ခရီးသည်ထံပြန်လည်ပေးပို့မည်ဖြစ်ပြီး ထို SMS တွင် ကားအမျိုးအစား၊ ကားနံပါတ်၊ ယာဉ်မောင်းအမည်နှင့်ဖုန်းနံပါတ် ခန့်မှန်းစောင့်ဆိုင်းကြာချိန် စသောအချက်အလက်များပါ ဝင်မည်ဖြစ်သည်။ ခရီးသည်များမှာလည်း ကျသင့်ငွေကို ငွေသားဖြင့်သာပေးချေရမည်ဖြစ်ပြီး ပို့ပေးရမည့်နေရာပြောင်းလဲခြင်း သို့ မဟုတ် ပရိုမိုကုဒ်အသုံးပြုခြင်းများ မပြုလုပ်နိုင်ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

ခရီးသည်ဆီသို့ Grab မှပေးပို့သော SMS တွင် Link တစ်ခုပါဝင်မည်ဖြစ်ပြီး ထို Link ကိုဖွင့်ကြည့်ပါက ခရီးစဉ်အတွင်း ရောက်ရှိနေသည့်နေရာကို ဖုန်းမှတဆင့်အချိန်နှင့်တပြေးညီပြသပေးနိုင်မည့် လမ်းကြောင်းမြေပုံတစ်ခုကို တွေ့မြင်ရမည်လည်း ဖြစ်သည်။ Grab ခရီးစဉ်မတင်မှီနှင့် ခရီးစဉ်အတွင်း (သို့) ခရီးစဉ်ပြီးဆုံးချိန်များတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ၂၄ နာရီသုံး စွဲသူဝန်ဆောင်မှု ဖုန်းနံပါတ် 09977083330 သို့ ဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်မည်လည်းဖြစ်သည်။ GrabTaxiCall ဝန် ဆောင်မှုဖြင့်သွားလာသော ခရီးစဉ်များမှ ခရီးသည်များအာလုံးမှာ Grab ၏ တစ်ကိုယ်ရေထိခိုက်မှုအာမခံကိုလည်း ရရှိခံစားနိုင် မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“Grab က မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာအခက်အခဲတွေကိုဖြေရှင်းဖို့၊ ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာရှိ တဲ့ သွားလာရေးစနစ်တစ်ခုပေးအပ်နိုင်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဘက်ပေါင်းစုံက ကူညီပံ့ပိုးပေးဖို့ ရောက်ရှိနေတာပါ။ GrabTaxiCall ဝန်ဆောင်မှုက လူကြီးသူမတွေနဲ့ ကားငှားဖို့အကူအညီလိုအပ်တဲ့ ခရီးသည်တွေရဲ့သွားလာရေးအတွက် အချိန်မ ရွေးကူညီပေးနိုင်တော့မှာပါ။ အလွယ်တကူငှားရမ်းအသုံးပြုနိုင်ရေးဟာ GrabTaxiCall ဝန်ဆောင်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ပါ။ ဒါ့ကြောင့်ပဲ အစိုးရရုံးပိတ်ရက်တွေမှာပါ ကားငှားနိုင်အောင် ဝန်ဆောင်မှုပေးသွားမယ့် ကျွန်တော်တို့ရဲ့ Call Center ကို တိုးချဲ့ဖို့ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။ ဘေးကင်းလုံခြုံတဲ့ GrabTaxi ခရီးစဉ်တစ်ခုကို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ငှားရမ်းနိုင် မယ့် GrabTaxiCall ဖုန်းနံပါတ်ကို ကိုယ်ရဲ့ဖုန်းထဲမှာ မှတ်သားထားဖို့ တိုက်တွန်းချင်ပါတယ်”ဟု Garb Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောကြားသည်။

Photo Source By Myanmar Tech Press

ရန်ကုန်မြို့တွင် GrabTaxiCall ဝန်ဆောင်မှုကို အသုံးပြုရန် 09977478787 ဖုန်းနံပါတ်ကိုခေါ်ဆိုရန်သတ်မှတ်ထားပြီး မန္တလေး နှင့်ပုဂံမြို့များအတွက် 09750108735 ဖုန်းနံပါတ်ကိုသတ်မှတ်ထားကြောင်းနှင့် GrabTaxiCall ဝန်ဆောင်မှုကိုလည်း မနက် ၆ နာရီမှ ည ၁၁ နာရီအတွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။