Grab မှ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများအထောက်အပံ့ပေးရန် Grab ရန်ပုံငွေအားထပ်မံတိုးမြှင့်

COVID-19 ကူးစက်ရောဂါကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရစဉ် ကာလအတွင်း Grab Myanmar သည် ၎င်း၏ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက် သယ်ယူပို့ဆောင်သူများအား ဆန်နှင့် နှာခေါင်းစည်းများပါဝင်သော ထောက်ပံ့မှုများ ပေးအပ်၍ ကူညီပံ့ပိုးမှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။
၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့မှ မေလ ၁၉ ရက်နေ့အတွင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ Grab မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူ ထောင်ပေါင်းများစွာသည် မိမိတို့၏ မိသားစုအတွက် သတ်မှတ်ထားသည့် နေရာများတွင် ထောက်ပံ့ပေးအပ်မည့် ပစ္စည်းများကို တစ်ထုပ်စီ လာရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။
Grab Myanmar က မတ်လမှစတင်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မည်သည့်မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက် သယ်ယူပို့ဆောင်သူမဆို COVID-19 ရောဂါကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများမှ ၎င်းတို့ သတ်မှတ် ထားသည့် နေရာအဆောက်အဦးတစ်ခုခုတွင် အသွားအလာကန့်သတ် စောင့်ကြည့်ရန် တရားဝင်ညွှန်ကြား ခံရပါက ငွေကြေးအထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) စီ ရယူခံစားနိုင်ရန် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေကို အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ဖြင့် မတည်ပံ့ပိုးပေးခဲ့သည်။ Grab Myanmar အနေဖြင့် အဆိုပါ ဆန်အထောက်အပံ့များကို ဖြန့်ဝေပေးနိုင်ရန် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေအတွင်း အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ထပ်မံဖြည့်တင်းခဲ့ရာ လက်ရှိ Grab မှ ရန်ပုံငွေ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၀,၀၀၀) မတည် ထည့်သွင်းခဲ့ပြီး ဖြစ်သည်။

Photo Source https://www.facebook.com/GrabMM

GrabFood ပလက်ဖောင်းပေါ်တွင် လက်ရှိလုပ်ကိုင်လျက်ရှိသော မိတ်ဖက်အစားအသောက်ပို့ဆောင်သူများ အားလုံး အပါအဝင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီနှင့် ဒီဇင်ဘာလအတွင်း Grab ပလက်ဖောင်းအား စတင် အသုံးပြုခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အကြောင်းရေ (၁၀၀) ပြည့်အောင် ပို့ဆောင်ခဲ့ပြီးသော မိတ်ဖက်ယာဉ်မောင်းများ အားလုံးသည် အထောက်အပံ့ပစ္စည်းများကို လာရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုထိခြား၍ နေထိုင်ရန်လိုအပ်သည့် ကာလအတွင်း Grab သည် ၎င်း၏ မိတ်ဖက် ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ချက်နှင့် ပြည့်မီသော မိတ်ဖက် ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများကို ၎င်းတို့ရရှိမည့် အထောက်အပံ့ပစ္စည်းများကို ထုတ်ယူနိုင်မည့် အချက် အလက်များအား Grab အက်ပလီကေးရှင်းမှတစ်ဆင့် မက်ဆေ့ချ်ပေးပို့ အကြောင်းကြားပေးသွားမည်ဖြစ်သည်။ လာရောက် ထုတ်ယူရာတွင် လူထူထပ်များပြားခြင်း မဖြစ်စေရန်အတွက် အုပ်စုလိုက်ခွဲ၍ ထုတ်ပေးသွားရန် စီစဉ်ထားပြီး Grab မှ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများ အားလုံး အထောက်အပံ့ပစ္စည်းများ ထုတ်ယူချိန်တွင် ခန္ဓာကိုယ် အပူချိန် တိုင်းတာစစ်ဆေးရန်၊ နှာခေါင်းစည်းများ ဝတ်ဆင်ရန်၊ လက်ကို သန့်စင်စွာဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး စိတ်ချရသည့် နှစ်မီတာအကွာအဝေးတွင်ရှိစေရန် တိုက်တွန်းထားပါသည်။

Photo Source https://www.facebook.com/GrabMM

“အခုလိုမျိုး ဘာဆက်ဖြစ်မယ်ဆိုတာ မသေချာမရေရာတဲ့ ကာလမှာ ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက်သယ် ယူပို့ဆောင်သူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာ ကျွန်မတို့ အမြဲ ဦးစားပေးစဉ်းစားပါတယ်။ ဆန်အထောက်အပံ့ စတာ တွေ ဖြန့်ဝေပေးသလိုမျိုး သူတို့အတွက်သာမက သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ပံ့ပိုးကူညီပေးနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Tohက ပြောသည်။

Photo Source https://www.facebook.com/GrabMM

Grab သည် အရှေ့တောင်အာရှတွင်း ထိပ်တန်း နေ့စဉ်သုံး Super app ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ယခုတွင် Grab app ကို ဒေါင်းလုတ်ထားသည့် မိုဘိုင်းဖုန်းပေါင်း (၁၆၆) သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအတွက် ယာဉ်မောင်းများ၊ လုပ်ငန်းရှင်များနှင့် အေးဂျင့်များ စုစုပေါင်း (၉) သန်းကျော်တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးထားသည်။ Grab သည် ဒေသတွင်း အငှားယာဉ်အကြီး ဆုံးကွန်ယက်ကို ရရှိထားပြီး စတင်တည်ထောင်ချိန် ၂၀၁၂ ခုနှစ်က စပြီး ခရီးစဉ်ပေါင်း (၄) ဘီလျံကျော်ကို ပို့ဆောင်ပြီးစီးခဲ့ပြီ ဖြစ်သည်။ Grab သည် ဒေသတွင်း အငှားယာဉ်ဝန်ဆောင်မှု အမျိုးအစားအများဆုံးကို ဝန်ဆောင်မှုပေးနေပြီး အစားအ သောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းငွေပေးချေစနစ်နှင့် ဘဏ္ဏာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို အရှေ့တောင်အာရှ (၈) နိုင်ငံရှိ မြို့ပေါင်း (၃၃၉) မြို့တွင် ပေးအပ်လျက်ရှိသည်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/GrabMM