အငှားယာဉ်များကို အချိန်မရွေး ဖုန်းဆက်ငှားရမ်းနိုင်ရန် ကူညီပေးမည့် GrabTaxiCall ဝန်ဆောင်မှုအသစ် စတင်မည်

အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ၎င်း၏ call centre မှတစ်ဆင့် အငှားယာဉ် ငှားရမ်းမှုများကို ၂၄ နာရီ (၇) ရက်ပတ်လုံးအတွက် ကူညီဆောင်ရွက်ပေးသွားမည့် GrabTaxiCall ဝန်ဆောင်မှုအသစ်တစ်ခုကို ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါမိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်၊ ကြာသပတေးနေ့၊ နေ့လယ် ၂ နာရီမှ ၄ နာရီ အထိ၊ Grab Myanmar ရုံးတည်ရှိရာ Junction Square အနီး၊ Crystal Tower ၊ အခန်းနံပါတ် (၀၂)၊ ၇လွှာ၊ ကျွန်းတောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/GrabMM/

Grab က ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် GrabTaxiCall ဝန်ဆောင်မှုကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပြီး အိမ်ရှင်မများ၊ လူကြီး သူမများနှင့် စမတ်ဖုန်းအသုံးမပြုသူများအတွက် GrabTaxi ငှားရမ်းလိုပါက Grab အက်ပလီကေးရှင်းမှတစ်ဆင့် ငှားရမ်းရမည့်အစား ဖုန်းခေါ်ဆိုငှားရမ်းနိုင်ရန် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ GrabTaxiCall အသုံးပြုသူများသည် ပုံမှန်အား ဖြင့် Grab ခရီးစဉ်များတွင် ရရှိနိုင်သော ပုံသေဈေးနှုန်းနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရရှိခံစားနိုင်မည့်အပြင် မိမိသွားလာရန် လိုအပ်သည့်အချိန်အတွက် (၇) ရက် ကြိုတင်ပြီး ငှားရမ်းထားနိုင်မည် ဖြစ်ပါသည်။
အဆိုပါအခမ်းအနားတွင် Grab Myanmar ၏ Head of Expansion ဖြစ်သူ ဦးစိုးထိုက်ထွန်းက GrabTaxiCall ဝန်ဆောင်မှုအကြောင်းနှင့် တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် တစ်စုံတစ်ယောက်ထံမှ အကူအညီလိုအပ်သူများ အတွက် မည်ကဲ့သို့အကျိုးကျေးဇူးရရှိစေနိုင်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် GrabTaxiCall ဖြင့် အငှားယာဉ် ငှားရမ်းပုံ အဆင့်ဆင့်ကို သရုပ်ဖော်ပြသသွားမည် ဖြစ်ပါသည်။

Photo Source – https://www.facebook.com/GrabMM/

Grab အနေဖြင့် ၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့တွင်လည်း မိတ်ဖက်ယာဉ်မောင်းများအတွက် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်တစ်ရပ်ကို မိတ်ဆက်ခဲ့ပြီး အဆိုပါ လုပ်ဆောင်ဆောင်ချက်တွင် Grab ယာဉ်မောင်းများအနေဖြင့် Grab Driver အက်ပလီကေးရှင်း အတွင်းရှိ Grab Driver Wallet မှတစ်ဆင့် မိမိတို့၏ CB ဘဏ်အကောင့်များသို့ ချက်ချင်း လွှဲပြောင်းနိုင်ပြီဖြစ်ပြီး ငွေသားအဖြစ် ပြန်လည်ထုတ်ယူရာတွင် ပုံမှန်ကြာမြင့်ချိန် တစ်ရက်အထိ စောင့်ဆိုင်းရန်မလိုအပ် တော့ပဲ့ နီးစပ်ရာ ATM စက်များတွင်မဆို လွယ်ကူစွာထုတ်ယူနိုင်ခြင်းဖြစ်သည်။
Grab ပလက်ဖောင်းသည် နည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးအပ်ရန်သာမက လူမှုရေး၊ စီးပွားရေးနှင့်နိုင်ငံ အဝန်း တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ပြောင်းလဲတိုးတက်စေမည့် အခွင့်အလမ်းများဖန်တီးပေးရန် ရည်ရွယ်ထားသောပြီး အချင်းချင်း ချိတ်ဆက်နိုင်မည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။

Photo Source – https://www.facebook.com/GrabMM/

လက်ရှိတွင် Grab သည် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊မန္တလေးနှင့် ပုဂံမြို့များတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိပြီး ထောင်ပေါင်းများစွာသော ၎င်း၏ မိတ်ဖက်ယာဉ်မောင်းများအတွက် လူနေမှုဘဝပိုမိုတိုးတက်ကောင်းမွန်လာစေရန် အခွင့် အလမ်းများ ဖန်တီးပေးလျက်ရှိသည်။
Grab အနေဖြင့် မြန်မာနိုင်ငံကို ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေမည့် အထောက်အပံ့များပေးအပ်နိုင်ရန် နည်းပညာ စွမ်းရည်များကို အသုံးချသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် သန်းပေါင်းများစွာသောပြည်သူများအနေဖြင့် ဒေသတွင်းဒစ်ဂျစ်တယ်စီးပွားရေး စနစ်၌ Grab ၏ ပါဝင်ဆောင်ရွက်သွားမည်လည်းဖြစ်သည်။
Grab သည် အရှေ့တောင်အာရှတွင် အများဆုံး အသုံးပြုလျက်ရှိသော ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော နေ့စဉ်သုံးဝန်ဆောင်မှုများပေးအပ်လျက်ရှိပြီး သွားလာရေး၊ အစားအသောက်၊ အိမ်အရောက်ဈေးဝယ်ခြင်း စသည်တို့ကို e-wallet တစ်ခုတည်းဖြင့် ငွေပေးချေနိုင်ပလက်ဖောင်းတစ်ခု လည်းဖြစ်သည်။

Photo Source – https://www.facebook.com/GrabMM/

အရှေ့တောင်အာရှ နိုင်ငံသားတိုင်း ဒစ်ဂျစ်တယ်စီးပွားရေးမှ အကျိုးကျေးဇူးများရရှိသင့်သည်ဟု Grab က ယုံကြည်သည့် အတိုင်း ကုမ္ပဏီသည် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့်ပစ္စည်းပို့ဆောင် ရေး၊ မိုဘိုင်းငွေချေစနစ်နှင့် ငွေကြေး ဝန်ဆောင်မှုများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် Grab သည် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.grab.com