Grab နှင့် မြန်မာ့အာမခံတို့ ပူးပေါင်း၍ မိတ်ဖက်ယာဉ်မောင်းများနှင့်ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံ များပေးအပ်သွားမည်

အရှေ့တောင်အာရှ၏ ထိပ်တန်း Offline-to-Online (O2O) မိုဘိုင်း ပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် GrabTaxi ၊ GrabThoneBane သို့မဟုတ် GrabBike ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားပါက မိတ်ဖက်ယာဉ်မောင်းနှင့် ခရီးသည်များအားလုံး အကျိုးခံစားခွင့်ရရှိနိုင်မည့် စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ (PAI) အမျိုးအစားအတွက် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံတော်ပိုင်အာမခံကုမ္ပဏီဖြစ်သော မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Photo Source – https://www.grab.com

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များရှိ လေးဘီး၊ သုံးဘီးနှင့်နှစ်ဘီးတပ် အငှားယာဉ်များအားလုံးအကျုံးဝင်သည့် စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ (PAI) ပေါ်လစီတစ်ခု ရယူထားရှိသည့် မြန်မာ နိုင်ငံ၏ ပထမဦးဆုံးသော အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုတစ်ခုလည်းဖြစ်သည်။
အဆိုပါ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ (PAI) သည် မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအားလုံးအတွက် ရရှိနိုင်သောအကျိုးကျေးဇူးများမှာ အက်ပလီကေးရှင်း အသုံးပြုသူများထံမှ အခကြေးငွေအပိုကောက်ခံခြင်းမရှိဘဲ ယခုကဲ့သို့ အာမခံခံစားခွင့် ပေးအပ်ထားခြင်း၊ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံ (PAI) သည်တစ်ကိုယ်ရေ ထိခိုက်မှုများ အားလုံးအတွက် အကျုံးဝင်ပြီး မိတ်ဖက်ယာဉ်မောင်း ကိုယ်တိုင်ဝယ်ယူထားသည့် အချို့သော တစ်ဦးချင်းလုပ်ငန်းသုံး အာမခံ ပေါ်လစီများသည် သူတစ်ပါးကြောင့်ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအတွက်သာ အာမခံရယူခံစားနိုင်ခြင်းနှင့်အာမခံတွင် အရေးပေါ်မတော်တဆမှုများ အားလုံးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ပေးထားသော နစ်နာကြေးကို အပြည့်အဝ ရယူခံစားနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.grab.com

“ကျွန်တော်တို့ အလုပ်လုပ်နေချိန်မှာဖြစ်ပွားနိုင်တဲ့ ယာဉ်မတော်တဆမှုတစ်ခုအတွက်၊ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် Grab က အာမခံခံစားခွင့်ပေးထားပြီး ကျွန်တော်တို့ဘက်ကို ပြန်ကြည့်ပေးတဲ့အတွက် တကယ့်ကို ဝမ်းသာပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့ ယာဉ်မောင်းအများစုဟာ ဥပဒေနဲ့အညီ မော်တော်ယာဉ်အတွက် အလုံးစုံမော်တော်ယာဉ် အာမခံလျှောက်ထားဖို့ စဉ်းစားကြပေမယ့် ကိုယ်ကိုယ်တိုင်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံတစ်ခုရှိထားဖို့ အရေးကြီးတယ်ဆိုတာ မတွေး မိကြပါဘူး။ အခုဆိုရင် ကျွန်တော့်လို Grab မိတ်ဖက်ယာဉ်မောင်းတွေဟာ ဘေးကင်းလုံခြုံရေးအပိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်နိုင်မှာပါ” ဟု Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် တစ်နှစ်နီးပါး လုပ်ကိုင်လာသူ ကိုထွန်းအေးကျော်က ပြောသည်။
Grab ၏ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံပေါ်လစီသည် မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ယာဉ်မတော် တဆမှုဖြစ်ပွားရာ၌ သေဆုံးခြင်း၊ ကိုယ်လက်အဂါၤဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် နစ်နာကြေး ပြန်လည်ပေးအပ် မည်ဖြစ်လည်းဖြစ်သည်။

Photo Source – https://www.grab.com

အဆိုပါ အာမခံတွင် ယာဉ်မောင်း (သို့) ခရီးသည်တစ်ဦးလျှင် စုစုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံနစ်နာကြေး အမေရိကန်ဒေါ်လာ (၅၀၀၀) အထိ ရရှိနိုင်ပြီး မြန်မာနိုင်ငံတွင်း ထိခိုက်ဒဏ်ရာရရှိမှုများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၀) သန်းအထိ ပေးသွင်းထားကြောင်းလည်းသိရသည်။ နစ်နာကြေးပမာဏကို ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုချင်းစီ အလိုက် မြန်မာ့အာမခံလုပ်ငန်းမှ အခြေအနေအရပ်ရပ်ကို အကဲဖြတ်ပြီးသတ်မှတ်ပေးမည် ဖြစ်လည်းဖြစ်သည်။
“နိုင်ငံခြားခရီးစဉ်တွေအတွက် ခရီးသွားအာမခံရှိတာကိုကြားဖူးပေမယ့် နေ့တိုင်းသွားလာနေရတဲ့ အငှားယာဉ်ခရီးစဉ်တွေ အတွက် ဒီလိုလုပ်ပေးထားတယ်ဆိုတာ မကြားဖူးတော့ အခုလို Grab က ခရီးသည်တွေအတွက် အာမခံထားပေးတယ်ဆိုတာ သိရတဲ့အခါ တော်တော်လေး အံ့သြပျော်ရွှင်သွားပါတယ်။ ဒီအစီအစဉ်က မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လုံးဝအသစ်ဖြစ်ပြီးတော့ ယာဉ်မတော်တဆမှုဖြစ်လို့ ဆေးရုံတက်ရ၊ ဆေးကုရတဲ့ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ ကုန်ကျ စရိတ်တွေကို အတော်အသင့်အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်ဟာ ကျွန်မ Grab နဲ့ သွားချင်ရတဲ့ အကြောင်းပြချက်ကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု နေ့စဉ် Grab ကို အသုံးပြုပြီး လုပ်ငန်းခွင်သို့ သွားရောက်လေ့ရှိသည့် ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မသက်ထားဆွေက ပြောကြားသည်။

Photo Source – https://www.grab.com

Grab ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှု တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက မိတ်ဖက်ယာဉ်မောင်းများနှင့်ခရီးသည်များကို Grab ၏ 24/7 hotline ဖုန်းနံပါတ် 09977478787 နှင့် နီးစပ်ရာရဲစခန်းသို့ ချက်ချင်းဆက်သွယ်အကြောင်းကြားပေးပါရန် လိုအပ်ပြီး Grab က နစ်နာကြေး လျှောက်ထားသူများအတွက် အာမခံနစ်နာကြေး လျှောက်ထားသည့်လုပ်ငန်းစဉ်တွင် အောက်ပါအတိုင်း ကူညီဆောင်ရွက်ပေးမည်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
နစ်နာကြေးလျှောက်ထားရန်အတွက် လျှောက်လွှာ၊ ဆေးမှတ် တမ်း၊ ဆေးရုံ/ဆေးပေးခန်းကုန်ကျငွေပြေစာမူရင်း၊ ဆေးစစ်ချက်အဖြေ(ရှိခဲ့ပါက)၊ ရဲစစ်ချက်/ယာဉ်တိုက်မှုဖြစ်စဉ်စစ်ချက်နှင့် Grab အသုံးပြုငှားရမ်းသည့်အထောက်အထား တို့ကိုစုစည်းတင်ပြရမည်လည်းဖြစ်သည်။ အဆိုပါစာရွက်စာတမ်းများကို မြန်မာ့အာမခံလုပ်ငန်းနှင့် Chubb တို့မှစစ်ဆေးအတည် ပြုပြီးငွေကြေးပမာဏကို Grab မှ နစ်နာသူသို့ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံရှိ လမ်းမများထက်တွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုနှုန်းများ မြင့်တက်နိုင်ခြေရှိနေချိန်တွင် လူဦးရေ (၁၀၀၀) ဦးတွင် (၈၆) ဦးသာ အာမခံထားကြကြောင်းလေ့လာဆန်းစစ်မှုတစ်ရပ်အရသိရသည်။
Grab Myanmar နှင့် တစ်ကိုယ်ရေထိခိုက်မှုအာမခံအကြောင်းကို https://www.grab.com/mm/better-everyday https://www.grab.com နှင့် https://www.grab.com/mm/blog/safetyguidelines/ သို့မဟုတ် https://www.facebook.com/GrabMM တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှု နိုင်ပါသည်။