ယာဉ်မောင်းအလုပ်အကိုင်ရှာဖွေဖို့ အထောက်အကူဖြစ်စေတဲ့ Facebook Page များအကြောင်း

မြန်မာနိုင်ငံမှာ မော်တော်ယာဉ်တင်သွင်းမှုများပြားလာပြီးတဲ့နောက်ပိုင်း ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါ တဲ့နေရာတစ်ခုမှာပါဝင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ ပိုမိုများပြားလာခဲ့ပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းတစ် ယောက်ရဲ့ အလုပ်အကိုင်နေရာကောင်းတစ်ခုကို အလွယ်တကူရှာဖွေလို့မရလို့မရနိုင်တဲ့အတွက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ၊ အလုပ်အကိုင်ရှာဖွေရေးဂျာနယ်တွေကနေတဆင့် ယာဉ်မောင်းရာထူးနဲ့အလုပ်အကိုင်တွေကို လျှောက်ထားရ ပြန်ပါတယ်။ အဲ့လိုနဲ့ ယာဉ်မောင်းအလုပ်အကိုင် ရရှိသွားတဲ့သူတွေရှိသလို မရရှိသေးတဲ့သူတွေလည်းရှိနေပြန်ပါတယ်။

Photo Source – https://bit.ly/2wfRNy4

တချို့ယာဉ်မောင်းတွေက လုပ်သက်နုနေသေးတဲ့အတွက်ကြောင့်လည်း မိမိနဲ့ကိုက်ညီမယ့် အလုပ်အကိုင်အခွင့်အလမ်းတစ် ခုရှာဖွေရတာ ခက်ခဲနေတတ်ပြန်ပါတယ်။ လုပ်သက်ရင့်တဲ့ယာဉ်မောင်းကျပြန်တော့ မိမိတို့နဲ့ကိုက်ညီမယ့် Hightway Bus၊ Tourism Bus၊ တွေမှာအလုပ်အကိုင်သွားရောက်လျှောက်ထားချင်ပေမယ့် အလုပ်ခေါ်စာတွေဘယ်ကကြည့်ရမှန်းမသိတာ၊ ဘယ်ကုမ္ပဏီကယာဉ်မောင်းအလုပ် ခေါ်နေမှန်းမသိတာမျိုးတွေလည်းဖြစ်တတ်ကြပါတယ်။ တချို့ယာဉ်မောင်းတွေက မိတ် ဆွေအပေါင်းအသင်း အဆက်အသွယ်နဲ့ယာဉ်မောင်းအလုပ်အကိုင် သွားရောက်လျှောက်ထားလို့အဆင်ပြေပေမယ့် မိတ်ဆွေ အပေါင်းအသင်းနည်းတဲ့သူတွေအတွက်တော့ ယာဉ်မောင်းအလုပ်ခေါ်စာကိုပဲ ရှာဖွေဖတ်ရှုရတာတွေလည်းရှိပြန်ပါတယ်။

Photo Source – https://bit.ly/2wfRNy4

ခုခေတ်ခုအခါမှာတော့ Social Media တွေခေတ်စားလာတော့ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေဖို့အတွက် Social Media ကလည်းများစွာအထောက်အကူဖြစ်လာစေပါတယ်။ မိမိနဲ့ ကိုက်ညီမယ့်အလုပ်အကိုင်အခွင့်အလမ်းကို အလွယ်တကူှရာဖွေ ပြီးရွေးချယ်လျှောက်ထားဖို့အတွက် အားသာချက်တစ်ခုလည်းဖြစ်ပါတယ်။ အလုပ်အကိုင်ရှာဖွေရေး Website၊ အလုပ်အကိုင် ရှာဖွေရေး Page၊ အလုပ်အကိုင်ရှာဖွေရေး Groupတွေကနေတဆင့် မိမိလိုချင်တဲ့အလုပ်ကို ရှာဖွေလို့ရတယ်ဆိုပေမယ့် မိမိနဲ့ သက်ဆိုင်တဲ့အလုပ်အကိုင်အတွက် အလုပ်ခေါ်တဲ့ Website၊ Facebook Page၊ Facebook Group၊ စတဲ့နေရာတွေကို သိရှိထားဖို့လိုပြန်ပါတယ်။

Photo Source – https://bit.ly/2JVUE7A

ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပြင် အခြားနယ်မြို့တွေမှာ နေထိုင်တဲ့သူတွေအတွက်လည်း ယာဉ်မောင်းအလုပ်အကိုင် အခွင့်အလမ်းတွေရှာဖွေဖို့အတွက် အသုံးဝင်မယ့် Website၊ Facebook Page၊ Facebook Group၊ စတဲ့နေရာတွေကိုသိရှိ ထားတာက မိမိရဲ့အလုပ်အကိုင်အတွက်များစွာအထောက်အကူဖြစ်စေမှာအမှန်ပါပဲ။
ခုဖော်ပြမယ့် Page တွေကတော့ ယာဉ်မောင်းနဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပေါင်းများစွာကို တစ်နေရာထဲ မှာ အမြောက်အများဖော်ပြပေးနေတဲ့ Page တွေဖြစ်ပြီး ယာဉ်မောင်းအလုပ်အကိုင်ရှာဖွေနေသူတွေအတွက် များစွာအကျိုးရှိ စေမှာပါပဲဖြစ်ပါတယ်။ မိမိနဲ့ကိုက်ညီမယ့်အလုပ်အကိုင်ကို တစ်နေရာထဲမှာ ရှာဖွေလို့ရနိုင်သလို ယာဉ်မောင်းအလုပ်အကိုင် ရှာဖွေနေတဲ့ မိမိတို့မိတ်ဆွေအပေါင်းအသင်းကိုလည်း ပြန်လည်ဝေမျှလို့လည်းရစေပါတယ်။

Photo Source – https://bit.ly/2wfRNy4

(၁) Myanmar Vehicle Driver Job Page
Myanmar Vehicle Driver Job Page မှာတော့ ယာဉ်မောင်းနဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကိုနေ့ စဉ်ဖော်ပြပေးနေတဲ့အတွက် အလုပ်ရှာဖွေနေသူယာဉ်မောင်းများအနေနဲ့ များစွာအဆင်ပြေစေပါတယ်။ ရန်ကုန်မြို့အပါအဝင် နယ်မြို့များမှ ယာဉ်မောင်းအလုပ်အကိုင်တွေကိုပါသိရှိနိုင်ပြီး လုပ်သက်နုတဲ့ယာဉ်မောင်းဖြစ်စေ၊ လုပ်သက်ရင့်တဲ့ယာဉ် မောင်းဖြစ်စေ မိမိနဲ့ကိုက်ညီမယ့်အလုပ်နေရာကို ရွေးချယ်လျှောက်ထားလို့ရတဲ့ အခွင့်အရေးတစ်ခုပါပဲ။ Myanmar Vehicle Driver Job Page ဟာလည်းလက်ရှိအချိန်အထိ Follow (၂) သောင်းနီးပါးရရှိထားပြီးလည်းဖြစ်ပါတယ်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/2wfRNy4

Photo Source – https://bit.ly/30AUHLV

(၂) Driver ယာဉ်မောင်းနှင့် ယာဉ်မောင်းအလုပ်အကိုင်ခေါ်ယူလိုသူများ
Driver ယာဉ်မောင်းနှင့်ယာဉ်မောင်းအလုပ်အကိုင်ခေါ်ယူလိုသူများ Page ကလည်း လက်ရှိအချိန်အထိ Follow (၂) သောင်း နီးပါးရရှိထားပြီး ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပါအဝင်အခြားနယ်မြို့တွေရဲ့ ယာဉ်မောင်းအလုပ်အကိုင်တွေကိုဖော်ပြ ပေးလျက်ရှိပါတယ်။ ယာဉ်မောင်းအလုပ်အကိုင်ရှာဖွေနေသူတွေအနေနဲ့ သိထားသင့်တဲ့ Page တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/30AUHLV

Photo Source – https://bit.ly/2JVUE7A

(၃) ယာဉ်မောင်းသီးသန့်အလုပ်အကိုင်
ယာဉ်မောင်းသီးသန့်အလုပ်အကိုင် Page ကတော့ အထက်ဖော်ပြပါ Page များကဲ့သို့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပါ အဝင်အခြားနယ်မြို့တွေရဲ့ ယာဉ်မောင်းအလုပ်အကိုင်အခွင့်အလမ်းအတွက် ဖော်ပြပေးနေတဲ့ Page တစ်ခုပဲဖြစ်ပါတယ်။ ယာဉ်မောင်းအလုပ်အကိုင် ရှာဖွေနေတဲ့သူတွေအတွက် သိထားသင့်တဲ့ Page တစ်ခုမှာအပါအဝင်ဖြစ်သလို ဒီ Page ရဲ့ Follow (၂) သောင်းနီးပါးရှိနေပါတယ်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/2JVUE7A