Freelance အလုပ်အကိုင်များနှင့်ဝင်ငွေရှာဖွေနိုင်တဲ့ Myanmar Freelance Hub

လူတိုင်းကတော့ အားလပ်ချိန်လေးတွေမှာ ကျွမ်းကျင်ရာအလုပ်လေးတွေကို လုပ်ရင်းအပိုဝင်ငွေရှာနိုင်တာကလည်း ကိုယ့် အတွက်တဖက်တလမ်းကအကျိုးရှိစေလို အသိပညာပိုင်းဆိုင်ရာမှာလည်းပိုမိုတိုးပွားစေပါတယ်။ ဒါ့အပြင် အပိုဝင်ငွေရရှိခြင်း နဲ့အိမ်စီးပွားရေးပိုင်းမှာလည်း တစ်ဖက်တလမ်းကအနည်းနဲ့အများဆိုသလိုများစွာအထောက်အကူဖြစ်စေတာပါပဲ။ အဲ့ဒီအ တွက်ကြောင့်လည်း မိမိနဲ့ကိုက်ညီမယ့် အချိန်ပိုင်းအလုပ်လေးတွေကို ရှာဖွေတတ်ဖို့လည်းအရေးကြီးပြန်ပါတယ်။
မြန်မာပြည်တွင်းမှာတော့ အချိန်ပိုင်းအလုပ်အကိုင်တွေထက် အချိန်ပြည့်အလုပ်အကိုင်အခွင့်အလမ်းတွေက ပိုမိုများပြားပါ တယ်။ အဲ့ဒီလို များပြားတဲ့အချိန်ပြည့်အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာရာနှုန်းပြည့်နီးပါးလို့ဆိုနိုင်ပေမယ့် အချို့ကလည်း အချိန်ပြည့်အလုပ်အကိုင်တွေလုပ်ကိုင်ရင်း အခြားအားလပ်ချိန်လေးတွေမှာ အချိန်ပိုင်းအလုပ်လေးတွေကို အချိန်ရရင်ရသလို ဝင်ရောက်လုပ်ကိုင်ကြတာမျိုးလည်းရှိကြပါတယ်။

Photo Source – https://bit.ly/2TKMNMR

အချိန်ပိုင်းအလုပ်အကိုင်လုပ်ကိုင်တဲ့အခါမှာလည်း စားသောက်ဆိုင်နဲ့အခြားဝန်ဆောင်မှုပိုင်းဆိုင်ရာတွေမှာ အချိန်ပိုင်းအလုပ် အကိုင်တွေကို သွာရောက်လုပ်ကိုင်ကြတဲ့သူတွေရှိသလို အချို့ကလည်း Online ပေါ်ကနေတဆင့်မိမိအားလပ်ချိန်မှ လုပ် ကိုင်နိုင်မယ့် Freelance အလုပ်တွေကို ရွေးချယ်လျှောက်ထားကြတဲ့အခါမျိုးတွေလည်းရှိပါတယ်။ အွန်လိုင်းပေါ်ကနေ အလုပ်လျှောက်ထားလို့ရသလို လက်ရှိလုပ်ကိုင်နေတဲ့အချိန်ပြည့်အလုပ်ကို မထိခိုက်တဲ့အတွက်ကြောင့် အများစုကတော့ အွန်လိုင်းပေါ်ကနေ ဆက်သွယ်ချိတ်ဆက်လုပ်ကိုင်လို့ရတဲ့ အချိန်ပိုင်းအလုပ်အကိုင်တွေကို အများဆုံးရွှေးချယ်လျှောက်ထား တက်ကြပါတယ်။
အတန်းပညာတဖက်နဲ့ အချိန်ပိုင်းအလုပ်အကိုင်ရှာဖွေလုပ်ကိုင်ချင်သူတွေအတွက် Online အသုံးပြုအချိန်ပိုင်းအလုပ်တွေက များစွာအထောက်အကူဖြစ်စေသလို ကိုယ်ကျွမ်းကျင်တတ်မြောက်ထားရာပညာရပ်ကိုလည်း စတင်အသုံးချခွင့်ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Freelance အလုပ်အကိုင်တွေရှိတဲ့ Website တွေကိုသိရှိထားတဲ့အတွက်ကြောင့်လည်း Freelance အလုပ်ရှာဖွေနေသူ မိတ်ဆွေသူငယ်ချင်းတွေအတွက်လည်း ၤအလုပ်အကိုင်ရှိရာကို လမ်းညွှန်ပြသနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://pxhere.com/en/photo/913134

အွန်လိုင်းပေါ်ကနေလျှောက်ထားတဲ့ Freelance အလုပ်အကိုင်အများစုကလည်း Freelance Content Writer၊ Freelance Designer၊ Freelance Translate၊ အစရှိတဲ့ Freelance အလုပ်အကိုင်တွေကိုအများဆုံးရွေးချယ်လျှောက်ထားကြပါတယ်။ အဲ့ဒီအလုပ်တွေလျှောက်ထားတဲ့အခါမှာလည်း မိမိ ကျွမ်းကျင်ပိုင်နိုင်တဲ့အလုပ်ကိုအဓိကထားရွေးချယ်လျှောက်ထားနိုင်ဖို့လို သလို လျှောက်ထားတဲ့ Freelance လုပ်ငန်းခွင်နေရာတွေကလည်း ကောင်းမွန်နေဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကောင်း မွန်တဲ့ Freelance အလုပ်ကို ရေရှည်လက်တွဲလုပ်ကိုင်နိုင်မှာဖြစ်သလို စိတ်ချမ်းသာမှုအပြည့်အဝလည်းရရှိမှာဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာတော့ Freelance အလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်တဲ့ ပြည်တွင်း၊ ပြည်ပက အသုံးပြုနေကြတဲ့ Website တော်တော်များများရှိကြပါတယ်။ Freelance အလုပ်လျှောက်ထားသူများအနေနဲ့လည်း Translation၊ Content Writing၊ Data entry၊ Typing၊ Creative writing၊ Logo design၊ Graphic design၊Video Recording & Editing စသဖြင့် များစွာ သော Online အလုပ်များစွာရှိတဲ့ အထဲမှာမှ မိမိဝါသနာပါရာ၊ ကျွမ်းကျင်အရာအလုပ်တွေကို ဦးစားပေးရွေးချယ်လျှောက် ထားနိုင်ကြတာလည်း ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုအဖြစ်အသုံးချနိုင်ကြမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mmfreelancehub/

Myanmar Freelance Hub Website ကတော့ ဘာသာပြန်အလုပ်တွေကိုအများဆုံး Freelance လျှောက်ထားလုပ်ကိုင်နိုင် ပြီး စာရေးတာဝါသနာပါတဲ့သူတွေ ဘာသာပြန်အလုပ်ကို ကျွမ်းကျင်သူတွေအတွက်တော့ အကောင်းဆုံး Freelance အလုပ်များတည်ရှိရာနေရာပဲဖြစ်ပါတယ်။Myanmar Freelance Hub Facebook pageမှာ Myanmar freelance hub ကို follow လုပ်ထားရုံနဲ့ အလုပ်တွေကိုတွေ့မြင်လျှောက်ထားနိုင်ပါတယ်။ Myanmar Freelance Hub Website ကလည်းနေ့ စဉ်နဲ့အမျှဆိုသလို ဘာသာပြန်အလုပ်အကိုင်တွေကို ဖော်ပြပေးလျက်ရှိပါတယ်။

Photo Source – https://www.facebook.com/mmfreelancehub/

Myanmar Freelance Hub မှာ Register ပြုလုပ်ပြီးတာနဲ့ နေ့စဉ်ဖော်ပြပေးနေတဲ့အလုပ်အကိုင်တွေကို ဝင်ရောက်လျှောက် ထားနိုင်ပါတယ်။ အလုပ်လျှောက်ထားတဲ့နေရာမှာလည်း Myanmar Freelance Hub ဘက်ကဖော်ပြထားတဲ့အလုပ် အတွက် ကန့်သတ်အချိန်နဲ့ရက်၊ အလုပ်တစ်ခုအတွက် သတ်မှတ်ထားတဲ့ငွေကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ ဥပမာ-ဘာ သာပြန်မယ့် Project တစ်ခုကို ဖော်ပြထားရင်လည်း အလုပ်လျှောက်ထားသူရဲ့ ဘာသာပြန်ထားတဲ့စာတစ်ပိုဒ်ခန့်ကို နမူနာ ပြသရတာမျိုးလည်းရှိပါတယ်။ Myanmar Freelance Hub မှာ Freelance အလုပ်လျှောက်ထားလိုသူတွေအတွက် Register ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော် ပြပေးလိုက်ပါတယ်။

 

Photo Source – https://www.facebook.com/mmfreelancehub/

https://mmfreelancehub.com
ဖော်ပြထားတဲ့ Link ထဲကိုဦးစွာဝင်ရောက်ပြီး ညာဘက်ထောင့်မှအကွက်ကိုနိုပ်ပါ။ အဲ့အထဲကမှ How to use ကိုနိုပ်ပါ။ အဲ့ အထဲကမှတဆင့် Register to here ဆိုတဲ့နေရာကိုနိုပ်ပြီး ဦးစွာမှတ်ပုံတင်ရမှာဖြစ်ပါတယ်။ Create a Free Freelancer Accountဆိုတဲ့နေရာမှာ Account ထဲမှာပေါ်ချင်တဲ့ မိမိနာမည်၊ Login ဝင်မယ့် Email လိပ်စာ၊ မိမိ Password (၈) လုံးကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။ ပြီးမှ နောက်ဆုံးအနေနဲ့ Register ကိုနိုပ်ရမှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mmfreelancehub/

မှတ်ပုံတင်တာအောင်မြင်ပြီးသွားပြီဆိုရင်တော့ မိမိတို့ရဲ့ Email အကောင့်ကို https://mmfreelancehub.com က Mail ပေး ပို့သွားမှာဖြစ်ပြီး ပေးပို့လိုက်တဲ့ Mail ထဲမှ Activate Your Account ကိုထပ်မံနိုပ်ပါ။ Myanmar Freelance Hub ထဲကို ရောက်သွားပြီဆိုတာနဲ့ ညာဘက်အစွန်ဆုံးထောင့်က အကွက်ကိုနိုပ်ပြီး My Account ထဲက Edit Profile ကိုထပ်မံနိုပ်ရမှာ ဖြစ်ပါတယ်။ Edit Profile ထဲကို ရောက်သွားပြီဆိုတာနဲ့ မိမိရဲ့ အကောင့်အချက်အလက်ပိုမိုပြည့်စုံစေဖို့ မိမိနာမည်၊ ဖုန်းနံပါတ်၊ မိမိအလုပ်နဲ့သက်ဆိုင်တဲ့ကဏ္ဍ၊ မိမိတတ်မြောက်ထားတဲ့ပညာအရည်အချင်းများ၊ မိမိအကြောင်းတွေအပြင်အ လုပ်နဲ့ပတ်သက်တဲ့အတွေ့အကြုံ စွမ်းဆောင်ရည်များ၊ လက်ရှိနေထိုင်ရာမြို့၊ မိမိဓာတ်ပုံစတဲ့အချက်လက်တွေဖြည့်စွက်ပြီးရင် တော့ Update ကိုနိုပ်လိုက်ပါ။ အဲ့ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ အကောင့်တစ်ခုဖြစ်သွားပါပြီ။

Photo Source – https://www.facebook.com/mmfreelancehub/

Register လုပ်ပြီးလို့ အောင်မြင်သွားတာနဲ့ အလုပ်တွေကိုဝင်ရောက်လျှောက်ထားနိုင်ဖို့ https://mmfreelancehub.com ထဲက ညဘက်ထောင့်စွန်းက လေးထောင့်ကွက်လေးကို ပြန်ပြီးနိုပ်ရပါမယ်။ အဲ့ဒီထဲကမှ Login ကိုပြန်လည်နိုပ်ပြီး Email လိပ်စာနဲ့ Password ကိုရိုက်ထည့်ပြီး ပြန်လည်ဝင်ရမှာဖြစ်ပါတယ်။ Website ထဲကိုရောက်ပြီဆိုတာနဲ့ Register to Work ကိုနိုပ်ပြီး ဖော်ပြထားတဲ့အလုပ်တွေကို ဝင်ရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဦးစွာ Search Project ကိုနိုပ်တာနဲ့ Project အလိုက်ဖော် ပြထားတဲ့အလုပ်အကိုင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Project များကို Scoll Down လုပ်ပြီး ရှာဖွေနိုင်ပါတယ်။ မိမိ လျှောက်ထားလိုတဲ့ Project တွေ့ပါက ခေါင်းစဉ်ကိုနိုပ်ပြီးဝင်လိုက်ပါ။

Photo Source – https://www.facebook.com/mmfreelancehub/

Project တစ်ခုချင်းစီမှာတော့ Project အတွက်ပေးနိုင်မယ့်ငွေပမာဏ၊ Project ပြီးစီးနိုင်မယ့်ရက်တွေကိုဖော်ပြထားပြီး မိမိ ဘက်ကလည်း Project တစ်ခုအတွက်ရသင့်သည့်ငွေမမာဏ၊ ပြီးစီးနိုင်မည့်နေ့၊ Project အတွက်အလုပ်ရှင်ရွေးချယ်နိုင်စေဖို့ အဆိုတင်သွင်းစာ စတဲ့အချက်အလက်ပြည့်ပြည့်စုံစုံကိုဖော်ပြပြီး Submit Proposal ကိုနိုပ်ပါ။ Project အောက်မှာ မိမိရဲ့အ ကောင့်နာမည်ပေးလာပြီဆိုတာနဲ့ အလုပ်လျှောက်ခြင်းပြီးမြောက်သွားပြီပဲဖြစ်ပါတယ်။
Project တင်တဲ့အလုပ်ရှင်ဘက်ကလည်း Proposal များကိုစိစစ်ရွေးချယ်ပြီး အချက်အလက်အပြည့်အစုံပါရှိပြီး သင့်တော်တဲ့ Freelancer ကိုရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။ ရွေးချယ်ခြင်းခံရမယ်ဆိုရင်လည်း Email လက်ခံရရှိမှာဖြစ်ပါတယ်။ ဒါ့အ ပြင် Project တစ်ခုကိုလက်ခံရရှိပြီးလျှင်လည်း Project တင်တဲ့လုပ်ရှင်ဘက်က ဆက်သွယ်ဖို့ Contacts ပေးမှာဖြစ်ပြီး အပြန် အလှန်ချိတ်ဆက်ဆွေးနွေးလုပ်ဆောင်သွားရမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mmfreelancehub/

Project တစ်ခုကိုလက်ခံဆောင်ရွက်တက်သူအနေနဲ့ Project တစ်ချင်းစီပြီးဆုံးသွားပါက လုပ်ဆောင်ထားတဲ့ Project အမှား အယွင်းအနည်းငယ်ရှိပါက ပြန်လည်ပြင်ဆင်ပေးဖို့ဆက်သွယ်ညှိနှိုင်းမှာဖြစ်ပြီး Project တစ်ခုချင်းစီအလိုက် ပေးဆောင်ရ မည့်ငွေပမာဏကိုလည်း ဘဏ်မှဖြစ်စေ၊ Wave Money ဖြင့်ဖြစ်စေ ငွေလွှဲပေးသွားမှာလည်းဖြစ်ပါတယ်။
အောက်ပါ Link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/mmfreelancehub/
https://mmfreelancehub.com/