JobNet.com.mm မှ Digital ခေတ်အတွင်း HR နှင့် အနာဂတ်ဝန်ထမ်းရွေးချယ်ခန့်အပ်မှုအကြောင်း ဆွေးနွေးသည့်ညီလာခံကျင်းပ

JobNet.com.mm မှ ကြီးမှူး၍ Digital ခေတ်အတွင်း HR နှင့်အနာဂတ်ဝန်ထမ်းရွေးချယ်ခန့်အပ်မှုအကြောင်း ဆွေးနွေးသည့် ညီလာခံအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
အဆိုပါဆွေးနွေးပွဲညီလာခံသို့ HR ဒါရိုက်တာများနှင့်မြန်မာနိုင်ငံရှိ HR နယ်ပယ်တွင်လုပ်ကိုင်လျက်ရှိသူများ၊ သတင်းမီဒီယာ များ စသည်ဖြင့် လူဦးရေ ၄၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသည် စဉ်းစားတွေးခေါ်မှုရှိရှိ ဦးဆောင်နိုင် သူများအား မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီးလုပ်ငန်းနယ်ပယ်အ တွက် လေ့လာသင်ယူမှုနှင့်အရည်အသွေးတိုးတက်မှုများအား ပံ့ပိုးဆောင်ရွက်နိုင်မည့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ Matt De Luca မှအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာပြည်ဈေးကွက်၏ တိုးတက်မှုအခြေအနေများအကြောင်း၊ JobNet မှ သုံးလတစ်ကြိမ်ထုတ်ပြန်သောအစီရင်ခံစာကို အသုံးပြုလျက် GDP အပြု သဘောပြောင်းလဲလာခြင်း၊ လုပ်ငန်းအများစု၏ အလုပ်ခန့်အပ်ခံရမှုမြင့်တတ်လာခြင်းအကြောင်း၊ အလုပ်ခေါ်ယူမှုနှင့်ပတ် သက်ပြီး အရည်အချင်းရှိသူများအား မည်သို့လစာပေးပုံ၊ မြန်မာပြည်ရှိ အဖွဲ့အစည်းများမှ နည်းပညာပိုင်းအားသာချက်များ အား မည်သို့အသုံးချနေပုံ၊ ဦးဆောင်မှုပေးနိုင်ရန်အတွက် ကောက်ယူထားသော ဒေတာ ၄ သန်းကျော်ကို ပွဲတက်ရောက်လာ သူများအားမျှဝေပေးခဲ့သည်။
“ကျွန်တော်တို့ရဲ့ HR ကျွမ်းကျင်သူဆွေးနွေးပွဲတွေေတောက်လျှောက်မှာ ကောင်းမွန်တဲ့တုံပြန်မှုတွေရတာကို အင်မတန်ဂုဏ် ယူမိပါတယ်။ HR နဲ့ဝန်ထမ်းရှာဖွေခန့်အပ်ရေးတိုးတက်ဖို့အတွက် ပွဲတက်ရောက်သူတွေနဲ့ တက်ရောက်သူတွေရဲ့စိတ်ဝင်စား မှု၊ သိချင်မှုတွေကြောင့် အမြဲအထင်ကြီးအံသြကြရတဲ့ ဆွေးနွေးသူတွေနဲ့ဟောပြောသူတွေအားလုံးဟာ ကောင်းမွန်တဲ့တုံ့ပြန်မှု တွေပါပဲ။ မကြာခင်မှာလည်း ဒီဇင်ဘာလမှလုပ်မယ့် Myanmar Employer Award အပါအဝင် အခုလိုမျိုးအခြားပွဲတွေလုပ် နိုင်ဖို့လည်း စီစဉ်ထားပါတယ်” ဟု JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ Matt De Luca မှပြောကြားသည်။

Photo Source By Myanmar Tech Press

ဆွေးနွေးပွဲပထမပိုင်းတွင် မြန်မာနိုင်ငံရှိလူသစ်စုဆောင်းခေါ်ယူမှုနှင့် ပင်ကိုယ်အရည်အချင်းစီမံခန့်ခွဲမှုတို့အပေါ်သက်ရောက်မှု ရှိသည့် ကမ္ဘာလုံးဆိုင်ရာဒီဂျစ်တယ်ခေတ်ရေစီးကြောင်း အကြောင်းဖြစ်သည်။ ထိုဆွေးနွေးပွဲကို Unilever မှ HR ဒါရိုက်တာ Ms Rowena Sy၊ Myanmar Singapore Professional Services Co.,Ltd မှ ပူးတွဲတည်ထောင်သူနှင့်တွဲဖက်မန်နေဂျာ Mr. Tony Tan၊ Grand Royal Group မှ အမှုဆောင်အရာရှိ Mr. Vivek Bhargava နှင့် METRO Wholesale Myanmar မှ ဒါရိုက်တာ Alejandra Banegas တို့မှ အင်္ဂလိပ်ဘာသာဖြင့်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတက်ရောက်လာသူအလုပ်ရှင် များအတွက် Digital နည်းဖြင့် မိမိတို့၏ Brand ကိုမှန်ကန်တဲ့အချိန်တွင် ပရိုမိုးရှင်းလုပ်နိုင်ရန်၊ ဝန်ထမ်းရှာဖွေခန့်အပ်ရေးနှင့် အလုပ်လျှောက်ထားသူများအား စီမံခန့်ခွဲရာတွင် အချိန်ကုန်သက်သာစေရေးအတွက် Digital အထောက်အကူပြု နည်းပညာ များအသုံးပြုရေး၊ အရည်အချင်းရှိသူများအား ဒီဂျစ်တယ်နည်းဗျူဟာများကို အသုံးပြုစေလျက် ကုမ္ပဏီ၏အနာဂတ်ပိုမို ကောင်းမွန်အောင်လုပ်ဆောင်နိုင်ရေးနှင့်အလုပ်ရှာဖွေသူများကို ဒီဂျစ်တယ်နည်းနှင့်လျင်မြန်စွာချိတ်ဆက်ပေးနိုင်သည့်လုပ် ပိုင်ခွင့်များရရှိရေး စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

Photo Source By Myanmar Tech Press

ဆွေးနွေးပွဲဒုတိယပိုင်းတွင် လုပ်ငန်း၏ လုပ်နိုင်စွမ်းအားကိုမြှင့်တင်ရန်အတွက် HR ကဏ္ဍမှာ ဒီဂျစ်တယ်နည်းနှင့်ဦးဆောင်မှု ကို လက်ခံကျင့်သုံးရေးအကြောင်းဖြစ်ပြီး မြန်မာဘာသာဖြင့်ဆွေးနွေးခဲ့ကြသည်။ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြစ် သည့် Max အုပ်စုမှ HR ဒါရိုက်တာ Mr.Nyan Toe ၊ AGD ဘဏ်မှ HR ဌာနမှူး Mr.Maung Maung Soe Moe၊ British American Tobacco မှ HR ဒါရိုက်တာ Ms.Khaing Su Wai၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ လက်ထောက်အရာရှိ Mr.Myo Thet Naing နှင့် City Holding Limited မှ အမှုဆောင်အရာရှိ Ms. Pwint Phyu Han တို့ဆွေးနွေးခဲ့ကြသည်။ HR ကျွမ်းကျင်သူများအနေဖြင့် HR နှင့်လူသစ်စုဆောင်းခေါ်ယူရေးကဏ္ဍတွင် နည်းပညာကိုမည်သို့လက်ခံကျင့်သုံးမည်နည်း၊ လုပ်ငန်း၏လုပ်နိုင်စွမ်းအားနှင့် ထိရောက်မှုများကို တိုးတက်အောင်မြှင့်တင်နိုင်ရန် HR ကိုဒီဂျစ်တယ်ခေတ်သို့မည်သို့ကူး ပြောင်းရမည်နည်း၊ သမာရိုးကျ HR စနစ်နှင့် လုပ်ငန်းစဉ်များအပေါ် ဒီဂျစ်တယ်နည်းပညာက မည်သို့သက်ရောက်သည်နှင့် ဈေးကွက်အထောက်အကူပြုကိရိယာများသည် HR အဖွဲ့များကိုအချိန်တိုအတွင်း လိုချင်သောပန်းတိုင်ဆီရောက်စေရန် ကူညီပေးနိုင်မည်နည်း စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။