Grab ၏ မိတ်ဖက်ယာဉ်မောင်းများအတွက် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ် စတင်မိတ်ဆက်

အရှေ့တောင်အာရှ၏ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab မှ မိတ်ဖက်ယာဉ် မောင်းများ၏ လူမှုဘဝဖူလုံရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်းအသုံးပြုနိုင်ရေးနှင့်နည်းပညာအရပူးပေါင်း အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရေးတို့ကို ပံ့ပိုးလုပ်ဆောင်ပေးရန် ပြည်တွင်းရှိမိတ်ဖက်ယာဉ်မောင်းများ အားလုံးအတွက် “ချက် ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံရှိ Grab မိတ်ဖက်ယာဉ်မောင်းများ Mobile Application အတွင်းရှိ ဝင်ငွေများပြန် လည်ထုတ်ယူရာတွင် ပုံမှန်ကြာမြင့်ချိန်တစ်ရက်အထိ စောင့်ဆိုင်းရန်မလိုအပ်တော့ပဲ ယာဉ်မောင်းများ၏ ဘဏ်အကောင့်များသို့ ချက်ချင်း လွှဲပြောင်းနိုင်သော လုပ်ဆောင်ချက်အသစ်ဖြစ်သည်။

Photo Soruce – https://www.grab.com/mm/

အဆိုပါ လုပ်ဆောင်ချက်မှာ မိတ်ဖက်ယာဉ်မောင်းများသည် Grab Driver Application အတွင်းရှိ Grab Driver Wallet မှ တစ်ဆင့် မိမိတို့၏ CB ဘဏ်အကောင့်များသို့ ချက်ချင်း လွှဲပြောင်းနိုင်ပြီဖြစ်ပြီး ငွေသားအဖြစ် ပြန်လည်ထုတ်ယူရာတွင် ပုံမှန် ကြာမြင့်ချိန် တစ်ရက်အထိ စောင့်ဆိုင်းရန်မလိုအပ်တော့ဘဲ မည်သည့်နီးစပ်ရာ ATM စက်များတွင်မဆို ထုတ်ယူနိုင်ပြီလည်းဖြစ် သည်။
“မြန်မာနိုင်ငံက ကျွန်မတို့မိတ်ဖက်ယာဉ်မောင်းတွေအတွက် Grab ဟာ အကောင်းဆုံး မိတ်ဖက်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ် အောင် အဆက်မပြတ်ကြိုးစားနေပါတယ်။ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ အကြံပြုချက်တွေကို အမြဲနားထောင်ပြီး လိုအပ်တာတွေ ကို အမြဲဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုဆိုရင် သူတို့ရဲ့စမတ်ဖုန်းထဲမှာ အဆင့်အနည်းငယ် နှိပ်လိုက်ရုံ နဲ့ “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်ကို သုံးနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဖုန်းထဲကဝင်ငွေတွေကို အချိန်မရွေး အလွယ်တကူ ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒီလို လုပ်ပေးလိုက်တဲ့အတွက် မိတ်ဖက်ယာဉ်မောင်းတွေအတွက် ပိုကောင်းတဲ့ လူနေမှု ဘဝကိုရစေမှာဖြစ်တဲ့အပြင် တစ်နေ့တာ ကြိုးစားအလုပ်လုပ်ပြီးတဲ့နောက် ကိုယ်ရတဲ့ဝင်ငွေကို ချက်ချင်းထုတ်နိုင်တဲ့အတွက် အမောပြေစေမှာပါ။ အခုလုပ်ဆောင်ချက်က အရင်ဘဏ်ကနေတစ်ရက်အချိန်ယူပြီး ငွေထုတ်ပေးတဲ့ လုပ်ငန်းစဉ်နေရာမှာ အစား ထိုးဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒါဟာကျွန်မတို့ရဲ့ လုပ်ငန်းလည်ပတ်မှုမှာ တီထွင်ဆန်းသစ်ထားတဲ့နည်းပညာကို ပေါင်းစည်း ထည့်သွင်းပေးဖို့ ကြိုးပမ်းချက်တွေထဲက နောက်ထပ်ဥပမာတစ်ခု ဖြစ်ပါတယ်”ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောသည်။

Photo Source – https://www.grab.com/mm/

Grab က ပြုလုပ်ခဲ့သည့်စစ်တမ်းများနှင့် လစဉ်ကျင်းပသည့် ယာဉ်မောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများအရ Application အတွင်းရှိ တစ်နေ့တာဝင်ငွေများကို ချက်ချင်းပြန်လည်ထုတ်ယူအသုံးပြုလိုသည့် တောင်းဆိုချက်သည် အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အခု “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်တစ်ခု စီစဉ်ပေးလိုက်တာ အရမ်းကိုအဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့လုံးရှာထားတဲ့ဝင်ငွေကို မိသားစုကိုပြန်ပေးဖို့၊ နောက်ပြီးအုံနာကြေးနဲ့ အခြားကိစ္စတွေကိုပေးဖို့ ငွေသားအနေနဲ့ထုတ် သွားချင်တယ်လေ။ အခုတော့ ရုတ်တရက်အသုံးလိုတာမျိုးပေါ်လာရင် ကိစ္စမရှိတော့ဘူး။ ကားဆီဖြည့်ဖို့၊ ကားပြင်ဖို့ အရေးပေါ် ကိစ္စတွေဖြစ်လာပြီဆိုရင် အချိန်မရွေး ကိုယ့်ဝင်ငွေတွေ ပြန်ထုတ်လို့ရတယ်ဆိုတာသိထားတော့ စိတ်ချလက်ချကားမောင်းနိုင် တာပေါ့။ ကျွန်တော်အပါအဝင် သူငယ်ချင်းယာဉ်မောင်းတွေလည်း GrabPay က ရတဲ့ဝင်ငွေတွေကို ထုတ်ဖို့စောင့်ရတဲ့ အချိန်အတွက် စိတ်ပူစရာမလိုတော့ဘူး။ တစ်ခုခုလိုအပ်ရင် ကိုယ့်ဝင်ငွေတွေကို ဘဏ်အကောင့်ထဲလွှဲလိုက်ပြီး mobile banking ကနေတစ်ဆင့် ကိုယ်ပေးစရာရှိတာတွေ ပေးလို့ရသေးတယ်လေ” ဟု Grab မိတ်ဖက်ယာဉ်မောင်းတစ်ဦးအဖြစ် နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့သော ကိုဇော်ထူးက ပြောကြားသည်။

Photo Soruce – https://www.grab.com/mm/

အဆိုပါ လုပ်ဆောင်ချက်အသစ်အား Grab ၏ မိတ်ဖက်ဘဏ်လုပ်ငန်းဖြစ်သည့် CB ဘဏ်နှင့် မိတ်ဖက်နည်းပညာကုမ္ပဏီဖြစ် သည့် TransferTo တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။
Grab မိတ်ဖက်ယာဉ်မောင်းများ အားလုံးသည် အက်ပလီကေးရှင်းအတွင်းရှိ ဝင်ငွေများကို ထုတ်ယူရန် CB ဘဏ်အကောင့် တစ်ခု ဖွင့်လှစ်ထားပြီးဖြစ်သည့်အလိုအလျောက် “ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်အသစ်ကို Grab မိတ်ဖက် ယာဉ်မောင်းများအားလုံး သတင်းထုတ်ပြန်ပြီးနေ့မှစကာ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
Grab အသုံးပြု၍ ရရှိထားသော အောက်ပါဝင်ငွေအမျိုးမျိုးတို့ကို မိတ်ဖက်ယာဉ်မောင်း၏ Grab Driver Wallet အတွင်း ပြန်လည် လွှဲပြောင်းပေးသွားမည်လည်းဖြစ်သည်။
(၁) ခရက်ဒစ်ကတ်၊ ဒက်ဘစ်ကတ်များဖြင့် ချိတ်ဆက်ထားသော GrabPay အသုံးပြု၍ ငွေပေးချေထားသည့် ဝင်ငွေများ
(၂) စီးပွားရေးလုပ်ငန်းများအတွက် စီစဉ်ပေးထားသော Grab for Business အသုံးပြုသည့် ခရီးသည်များ၏ GrabPay ဖြင့် ငွေ ပေးချေထားသည့် ဝင်ငွေများ
(၃) ခရီးသည်များမှ ပရိုမိုကုဒ်လျှော့ဈေး အသုံးပြုပြီး သွားလာခဲ့သည့် ခရီးစဉ်များအတွက် Grab မှ ပြန်လည်ပေးအပ်ငွေ
(၄) Grab က မိတ်ဖက်ယာဉ်မောင်းများအတွက် အပတ်စဉ်ပေးအပ်လျက်ရှိသည့် ခရီးစဉ်အကြောင်းရေအလိုက် ဆုကြေးနှင့်အပို ဆုကြေးများ စတဲ့ဝင်ငွေများဖြစ်သည်။
“ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက်ကို ရယူအသုံးပြုနိုင်ရန် မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် Grab Driver Application နောက်ဆုံး Version၊ ပုံမှန်အသုံးပြုနေသော Grab Driver အကောင့်တစ်ခုနှင့် Grab Driver Wallet အတွင်းအ နည်းဆုံးရှိထားရမည့် ငွေပမာဏတို့ လိုအပ်မည်လည်းဖြစ်သည်။
Grab မိတ်ဖက်ယာဉ်မောင်းတစ်ဦးသည် အနည်းဆုံး ငွေကျပ် (၅၀၀) မှ အများဆုံး ငွေကျပ် (၅၀၀၀၀) အထိ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များအပါအဝင် မည်သည့်ရက်၊မည်သည့်အချိန်တွင်မဆို (၂၄) နာရီလျှင် တစ်ကြိမ် “ချက်ချင်းလွှဲချက်ချင်း ရောက်” လုပ်ဆောင်ချက်ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
“ချက်ချင်းလွှဲ ချက်ချင်းရောက်” လုပ်ဆောင်ချက် အသုံးပြုပုံ အဆင့်ဆင့်မှာအောက်ပါအတိုင်းဖြစ်သည်။
(၁) Grab Driver အက်ပလီကေးရှင်းအတွင်းမှ “Cash Wallet” နေရာကို နှိပ်ပါ။

Photo Soruce – https://www.grab.com/mm/

(၂) “Transfer to Account” ကို ရွေးပါ။

Photo Soruce – https://www.grab.com/mm/

(၃) မိမိ လွှဲလိုသည့် ငွေပမာဏ အများဆုံး ငွေကျပ် (၅၀၀၀၀) အထိ ရိုက်ထည့်ပြီး “Next” ကို နှိပ်ပါ။

Photo Soruce – https://www.grab.com/mm/

(၄) မိမိ ရိုက်ထည့်လိုက်သည့် ငွေပမာဏ မှန်ကန်ကြောင်း အတည်ပြုပြီး “Transfer Now” ကို နှိပ်ပါ။

Photo Soruce –https://www.grab.com/mm/

အဆိုပါလုပ်ဆောင်ချက်ကို အမှားအယွင်းမရှိ ပြုလုပ်နိုင်ရန် စမ်းသပ်အသုံးပြုရာတွင် အရှေ့တောင်အာရှဒေသတစ်လွှားရှိ Grab အင်ဂျင်နီယာအဖွဲ့၏ အကူအညီဖြင့် မိတ်ဖက်ယာဉ်မောင်း (၁၀) ဦးမှစတင်ပြီး ထောင်ပေါင်းများစွာသော မိတ်ဖက်ယာဉ် မောင်းများဖြင့် အဆင့်ဆင့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် Grab သည် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဝန်ဆောင်မှု များဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Grab Myanmar အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.grab.com
https://www.facebook.com/GrabMM