အလုပ်ရှာဖွေနေသူများ သိထားသင့်တဲ့ နေ့သစ်

လွန်ခဲ့တဲ့နှစ်တွေမှာ ခေတ်မှီနည်းပညာတွေတစ်ဟုန်ထိုးတိုးတက်လာတာနဲ့အမျှ လူမှုကွန်ရက်များက ကျွန်ုပ်တို့ရဲ့ အလုပ်အကိုင်ရှာဖွေခြင်းကိစ္စများနဲ့ ကုမ္ပဏီများနှင့်အလုပ်ခန့်အပ်သူများကို ရှာဖွေခြင်း ကိစ္စများကို ပြောင်းလဲခဲ့စေတော့တာပါပဲ။ Personal Branding ကိစ္စများတွင်လဲ လူမှုကွန်ရက်များကို ထိရောက်စွာ အသုံးချနိုင်ခြင်းက အလုပ်အကိုင်ရှာဖွေခြင်းကိုများစွာသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပြီး ခိုင်မာတဲ့ ကိုယ်ပိုင် Brand ကို အလုပ်ရှင်များနဲ့ အလုပ်ခန့်အပ်တဲ့ အေဂျင်စီများကို ကောင်းစွာ အထောက်အပံံ့ပေးပါတယ်။ ဥပမာအားဖြင့် Linkedin မှာဆိုရင်ဖြင့် နာမည်တစ်ခုတည်းသုံံးရုံဖြင့် အလုပ်လျှောက်ထားသူတွေရဲ့ Skills တွေနဲ့ Professional Background တွေကို CV မလိုဘဲ ကြည့်ရှုနိုင်ပြီဖြစ်ပါပြီ။လေ့လာချက်များအရ ၉၃ရာခိုင်နှုန်းသော အလုပ်ခန့်အပ်သည့်မန်နေဂျာက အလုပ်လျှောက်ထားသူရဲ့ ှsocial profile ကို ခန့်အပ်ဖို့ ဆုံးဖြတ်ချက်များမချမီ ကြည့်ရှူုလေ့လာလေ့ရှိကြပြီး ၇၃ရာခိုင်နှုန်းကတော့ လူမှုကွန်ရက်များကနေတစ်ဆင့် အလုပ်များကိုခန့်အပ်လေ့ရှိကြတယ်လို့ဆိုကြပါတယ်။
အခုဆိုရင်ကျွန်ပ်တို့အများစုဟာ ကိုယ်ပိုင်စမတ်ဖုန်းတွေကိုယ်စီရှိကြပြီး တော်တော်များများက ဖုန်းကိုကိုယ်နဲ့မကွာထားတက်တာပါ။ နေ့စဉ်အမြဲတမ်းလိုလို ထိတွေ့နေတက်ကြတဲ့စမတ်ဖုန်းခေတ်ကြီးထဲမှာ အလုပ်ရှာဖွေသူတွေရဲ့ ၄၅ရာခိုင်နှုန်းဟာာ မိုဘိုင်းကိုအသုံးပြုပြီး တစ်နေ့ကိုတစ်ကြိမ်လောက် အလုပ်များကို အရေးတကြီးမလိုအပ်လဲ ရှာဖွေကြည့်ရှူုတက်တယ်ဆိုတာအံ့သြစရာတစ်ခုတော့မဟုတ်ပါဘူး။ ကျွန်ပ်တို့ အသိမိတ်ဆွေတွေတိုးပွားအောင် Networking လုပ်ကြတဲ့အခါ သာမန်ရိုးကျ Event ပွဲတွေကိုတက်တာလဲရှိကြသလို အွန်လိုင်းကနေပြီး မိတ်ဆွေတွေနဲ့ အဖွဲ့ပြီး ဆက်သွယ်ခြင်းကိုလဲ ပြုလုပ်လာကြတယ်။ Network to Get Work ဆိုတဲ့အတိုင်း Network ကိုသင်ကိုယ်တိုင်တည်ဆောက်ပြီး Professional တစ်ယောက်ဖြစ်အောင် သင် Skill တွေနဲ့ အတွေ့အကြုံတွေကနေ တစ်ဆင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

Photos Source- Screenshot by Myanmar Tech Press

ယနေ့ခေတ်မှာဆိုရင် များစွာသော လူမှုကွန်ရက်တွေလဲ ရှိနေတာဖြစ်ပြီး အရမ်းများလာတော့လဲ သင့်ဘယ်ဟာကိုရွေးချယ် အသုံးပြုရမှန်းမသိဖြစ်တက်လာပါတယ်။ Sites တွေကို သင်ကအခုမှရွေးချယ်ထိတွှေ့မှာဖြစ်ပြီး ဘယ်ဟာကိုရွေးချယ်ရမှန်းမသိရင်တော့ သင့်ကို (Technology-based HR recruitment agency) နည်းပညာကိုအခြေခံပြီး အလုပ်ခန့်အပ်တဲ့ အေဂျင်စီတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။

Photos Source- Nehthit (https://www.facebook.com/MaNehThit/)

Nehthit(နေ့သစ်) ဆိုတာ အလုပ်ခန့်အပ်သူတွေမှ အခြေခံဝန်ထမ်းနှင့် အလယ်အလတ်ဝန်ထမ်းများကို ထိထိရောက်ရောက် အလုပ်ခန့်အပ်နိုင်ရန်အတွက် စီစဉ်ပေးထားသော ဝန်ထမ်းအလိုအလျောက်ရှာဖွေးရေးစနစ်တစ်ခုဖြစ်ပါတယ်။ နေ့သစ်မှာ အလုပ်များအကြောင်းကိုနေရာနှင့် တကွသေးစိတ်ဖော်ပြထားသလို Website ရှိသလို အလွယ်တကူလျှောက်ထားနိုင်အောင်လဲ မြန်မာနိူင်ငံမှာစမတ်ဖုန်းအသုံးပြုသူတိုင်းလိုလို အသုံးပြုကြတဲ့ Facebook မှာလဲ အလိုအလျှောက်ဖြေကြားပေးမဲ့ မနေ့သစ် Messenger Bot လေးကိုလဲထားရှိပေးထားပါတယ်။ Website ကိုအကျွမ်းတဝင်မရှိသူများအတွက်ကတော့ Messenger က Chat Bot လေးက သုံးရလွယ်ကူစေပြီး အဆင်ပြေချောမွေ့စွာ မျှော်မှန်းထားတဲ့ အလုပ်များရအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ Chat Bot လေးကို အသုံးပြလိုတယ်ဆိုရင်တော့ Neh Thit ရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/MaNehThit/ ကိုသွားရောက်ပြီး Get Started ကိုပေးပို့ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ အလုပ်လျှောက်လို့ရအောင် တစ်ဆင့်ချင်းစီရွေးချယ်ပြီး အလုပ်ဖောင်တင်ခြင်းအထိလုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Photos Source- Screenshot by Myanmar Tech Press

လျှောက်ထားခြင်း

ပထမအဆင့်ဆိုရင် အလုပ်ခေါ်စာများနဲ့ position များကို ဖော်ပြထားမှာဖြစ်ပြီး “အသေးစိတ်ဝင်ရောက်ကြည့်ရှုမယ္”ဆိုတာကို နှိပ်လိုက်မယ်ဆိုရင် အလုပ်ရဲ့တည်နေရာ၊ လစာ နဲ့ လိုအပ်ချင်များကို အသေးစိတ်များကို ဖော်ပြထားမှာဖြစ်ပြီး လျှောက်ထားလိုပါက “လျှောက်မည်” ဆိုတာကို နှိပ်ပြီးလျှောက်ထားရုံပါပဲ။

Photos Source- Screenshot by Myanmar Tech Press

စာရင်းသွင်းခြင်း

Neh Thit မှာဆိုရင် CV ကိုအလွယ်တကူပြုလုပ်နိုင်ပါတယ်။ Form နဲ့ Chatထဲတွင် ပြင်ဆင်ခြင်းဆိုပြီး နှစ်မျိုးှရှိကာ Chat မှာဆိုရင် အလွယ်တကူပဲဖြည့်စွက်နိုင်ပြီး ပိုပြီးတိကျချင်တယ်ဆိုရင်တော့ Form ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။

Photos Source- Screenshot by Myanmar Tech Press

လေ့လာခြင်း

လေ့လာမယ်ဆိုတာကတော့ အလုပ်လျှောက်သူများကို အသိပညာတွားပွားစေအောင် ဗဟုသုဝတွေဝေမျှပေးတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာဉာဏ်စမ်းတွေဖြေလို့ရသလို လုပ်ငန်းပိုင်းနဲ့ပက်သက်တာတွေကိုလဲ လေ့လာဖတ်ရှုလို့ရပါတယ်။

Photos Source- Screenshots by Myanmar Tech Press

ဒါတွေအပြင် အလုပ်လျှောက်သူများသာမကဘဲ အလုပ်ရှင်များအဖို့လဲ နေ့သစ်မှာက အလုပ်သမားများရှာဖွေပေးနေပါတယ်။ နေ့သစ်ရဲ့ Website ကို သွားလိုက်ပြီး ကုမ္ပဏီရဲ့ အချက်အလက်တွေကို ဖြည့်စွက်ပြီး အလုပ်သမားများကို ရှာဖွေနိုင်ပါတယ်။ အင်တာဗျူးခေါ်သည်အထိ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရအောင် လျှောက်ထားသူများနှင့် အင်တာဗျူး သို့မဟုတ် စကားပြောဖို့ အခွင့်အလမ်းတွေကိုဖန်တီးပေးမှာပါ။နေ့သစ်က ရန်ကုန်မှာရှိတဲ့ တစ်ခြား အလိုအလျောက်အလုပ်ရှာဖွေပေးသော ဝန်ဆောင်မှုများထက် ၂၅-၅၀ ရာခိုင်နှုန်းပိုမိုသက်သာပြီး ဈေးနှုန်းအစီအစဉ်ကို အဆင်မြှင့်လိုပါက သင့်ရဲ့ ကိုယ်ရေးအကျဉ်းစာမျက်နှာ ညာဘက်အပေါ်ထောင့်ကိုနှိပ်လိုက်ပါ။ ပြီးလျှင် “ဈေးနှုန်းအစီအစဉ်ကိုကြည့်မည်” ကို နှိပ်လိုက်ပါ။ အဲ့ဒီကနေ သင်ရွေးချယ်လိုသော ဈေးနှုန်းအစီအစဉ်ကို ရွေးချယ်လို့တာမို့ အလုပ်ရှင်ရော အလုပ်ရှာဖွေသူများအတွက် အလွယ်တကုူအသုံးပြုနိုင်ကာ အလုပ်ခန့်အပ်ခြင်းကိစ္စတွေကို ချောမွေ့အောင်ဆောင်ရွက်ပေးနေမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက

Facebook-https://www.facebook.com/MaNehThit/

Website-https://nehthit.com/