Freelancer လုပ်ပြီး Online မှာ ငွေရှာမယ်…

Image Source: https://www.facebook.com/mmfreelancehub/

သင်ဟာ freelancer တစ်ယောက်လုပ်ပြီး online မှာငွေရှာလို့ရပြီဆိုတာသိပြီးပြီလား? သိတဲ့သူတွေရှိသလိုမသိသေးတဲ့သူတွေလည်းများမယ်ထင်ပါတယ်။ဒီတော့ freelancer ဆိုတာဘာပါလဲ? Freelancer ဆိုတာကတော့အချိန်ပိုင်းအလုပ်လုပ်သူသဘောမျိုးပါဘဲ။သူက online မှာဆိုရင်တော့ project တစ်ခုလိုဟာမျိုးအတွက် ဥပမာ translate လုပ်ပေးတာ၊ ဆောင်းပါးတွေရေးပေးတာစတာတွေကိုလုပ်ကိုင်ရမှာပါ။အပြင်ကအလုပ်ဆိုရင်လည်းအမြဲတမ်းအလုပ်သမားအနေနဲ့မဟုတ်ဘဲအချိန်ပိုင်းအနေနဲ့လုပ်ပေးရတာမျိုးပါ။ဥပမာအချိန်ပိုင်းဘာသာပြန်တာမျိုးတွေပေါ့။ Freelancer တစ်ယောက်ဟာနာမည်နဲ့လိုက်အောင်လွတ်လပ်မှုရှိပါတယ်။စည်းကမ်းတွေအများကြီးကိုလိုက်နာစရာမလိုပါဘူး။စိတ်ဝင်စားသွားပြီဟုတ်! ဒါဆိုရင်တော့ဒီနေရာမှာ online freelancing လုပ်နိုင်တဲ့လူသိများတဲ့ website ၅ခုကိုဖော်ပြပေးသွားပါ့မယ်။

Freelancer.com

ဒီ website ကတော့ကမ္ဘာပေါ်မှာအကြီးဆုံး freelance website ပါ။သြစတြေးလျအခြေစိုက် website ဖြစ်ပါတယ်။သူ့မှာလက်ရှိအထိ employer နဲ့ freelancer ပေါင်း၂၅မီလီယံကျော်ရှိပါတယ်။တင်ပြီးသား project အရေအတွက်ကတော့၁၂မီလီယံကျော်ပါ။

Image Source: https://www.freelancer.com/

ဒီ website မှာဆိုရင်တော့ project တွေအပြင် ပြိုင်ပွဲတွေလည်းရှိတာဖြစ်ပြီး freelancer တစ်ယောက်ရဲ့အရည်အချင်းတွေက်ိုမြှင့်တင်ပေးနိုင်မယ့်သက်ဆိုင်ရာအရည်အသွေးစာမေးပွဲ exams တွေလည်းရှိပါတယ်။ Exam ဖြေမယ်ဆိုရင်တော့စာမေးပွဲကြေးပေးဆောင်ရမှာပါ။ဒါတွေကိုအောင်မြင်အောင်ဖြေနိုင်မယ်ဆိုရင်တော့ employer တွေရဲ့အလုပ်ခန့်မှုတွေကိုပိုမိုရရှိမှာပါ။ Payment တွေကိုတော့ American Express, Master card, Visa card, JCB, Paypal စတာတွေနဲ့ပြုလုပ်နိုင်ပါတယ်။အလုပ်အမျိုးအစားပေါင်းများစွာရှိတဲ့အပြင်ပြိုင်ပွဲတွေ၊စာမေးပွဲတွေလည်းရှိတဲ့အတွက်အကောင်းမွန်ဆုံး freelance web ဆိုလည်းမမှားပါဘူး။သူရဲ့ freelancer app ကိုလည်း website ဒါမှမဟုတ် google playstore ကနေတစ်ဆင့်ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Truelancer.com

နောက်တစ်ခုကတော့ truelancer.com ပါ။သူကတော့အိန္ဒိယအခြေစိုက် website ပါ။ပထမတစ်ခုလောက်မကြီးမားဘူးဆိုပေမဲ့သူ့မှာလည်းအလုပ်အမျိုးအစားတွေ၊ပြိုင်ပွဲတွေအများကြီးပါပါတယ်။

Image Source: https://twitter.com/truelancer_?lang=en

စာမေးပွဲတော့မရှိပါဘူး။ Employer ကပေးတဲ့ Rating တွေကတော့အရေးပါပါတယ်။သူလည်းအသုံးပြုတဲ့သူများပါတယ်။တိတိကျကျကိုတော့ website ကမဖော်ပြထားပါဘူး။ Myanmar freelancer တော်တော်များများကိုလည်းတွေ့ရပါတယ်။သူရဲ့ Payment System တွေကတော့ Payoneer နဲ့ Paypal တို့ပါ။မြန်မာနိုင်ငံအတွက်ဆိုရင်တော့ဒီ website ဟာ payment system အရသိပ်မကောင်းလှပါဘူး။ဒီ truelancer appကိုလည်းသူ့ရဲ့ website ဒါမှမဟုတ် playstore ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Upwork.com

ဒါကတော့မြန်မာတွေအတွက်အလုပ်များစွာရှိတဲ့ website ပါ။သူကလည်းအိန္ဒိယအခြေစိုက်ပါပဲ။ဘာသာပြန်အလုပ်တွေများသလို content writing အလုပ်တွေလည်းများပါတယ်။အလုပ်အမျိုးအစားကတော့၃၅၀၀ ကျော်ရှိတယ်လို့ website မှာဖော်ပြထားပါတယ်။

Image Source: https://www.upwork.com/

သူကလည်း freelancer.com လိုပဲပြိုင်ပွဲတွေ၊စာမေးပွဲတွေရှိပါတယ်။သူ့ရဲ့စာမေးပွဲဖြေဆိုမှုတွေကိုတော့အခမဲ့လုပ်ဆောင်နိုင်ပါတယ်။အသုံးပြုသူဦးရေတိတိကျကျမသိရပေမယ့်တော်တော်များပါလိမ့်မယ်။သူ့ရဲ့ Payment Methods တွေကတော့ American Express, Master card, Visa card, Paypal တို့ပါ။သူလဲ app ထွက်ပါတယ်။ Website နဲ့ playstore မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Chate Sat

Chate Sat ကတော့ myanmar freelancing website ပါ။သူဟာဖွံ့ဖြိုးဆဲ web ဖြစ်တဲ့အတွက် freelancer ၅၅၁၂ ယောက်၊ project ၄၁၈ခု၊ employer ၉၃၅ ယောက်နဲ့လက်ရှိလည်ပတ်နေပါတယ်။မြန်မာတွေအတွက်အသုံးပြုရလွယ်ကူပြီးတော့ သေသပ်တဲ့ website တစ်ခုပါ။

Image Source: http://www.chatesat.com/

Facebook page က chate sat freelancing platform နဲ့ chate sat squad မှာအလုပ်အကိုင်ဆိုင်ရာ updates တွေကိုတင်ပေးပါတယ်။ပြင်ပမှာ freelancer လုပ်ရမဲ့အလုပ်တွေကိုလည်းတင်ပေးပါတယ်။ Chate Sat ရဲ့ CEO ဟာဆိုရင်လည်းဘန်ကောက်မှာပြုလုပ်တဲ့ Techsauce Global Summit ကိုတက်ရောက်ပြီးchate sat ကိုပြသခဲ့ပါတယ်။ဒါကြောင့် myanmar freelancing website တွေထဲမှာတော့ chate sat ဟာကောင်းမွန်တယ်လိုဆိုရမှာပါ။သူ့ရဲ့ payment methods တွေကိုလည်းလူသိများတဲ့ KBZ, AYA, YOMA, UAB နဲ့ MAB စတဲ့ဘဏ်တွေနဲ့အလွယ်တကူပေးချေလို့ရပါတယ်။ App တော့မထွက်သေးပါဘူး။

Myanmar Freelance Hub

သူကလည်း Myanmar freelancing website ပါပဲ။သူလည်းဖွံ့ဖြိုးဆဲပါပဲ။မြန်မာတွေအတွက်သင့်လျော်တဲ့ website တစ်ခုပါ။အလုပ်အမျိုးအစားရာကျော်လောက်ရှိပြီး writing job တွေများတယ်လို့ယူဆပါတယ်။ Facebook pageမှာ Myanmar freelance hub ကို follow လုပ်ထားလို့ရပါတယ်။


ထိုင်း၊တရုတ်နဲ့အခြားနိုင်ငံကemployer တွေ၊ကုမ္ပဏီတွေလည်းသူတို့ရဲ့အလုပ်တွေကိုတင်ကြတဲ့အတွက်အနာဂတ်မှာ မျှော်လင့့်လို့ရတဲ့website လို့ဆိုရမှာပါပဲ။ဒီmyanmar freelance hub မှာတော့payment methods တွေကိုတော့တောင်းခံခြင်းမရှိသေးပေမယ့်ဘဏ်တွေနဲ့ချိတ်ဆက်လုပ်ကိုင်ဖို့ရှိတယ်လို့သိရပါတယ်။ Webရဲ့ဖော်ပြချက်အရ employer နဲ့ freelancer ကြားကဆက်သွယ်မှုကိုမကန့်သတ်ထားတဲ့အတွက်ကြိုက်နှစ်သက်သလိုဆက်သွယ်လို့ရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ employer နဲ့ freelancer ကြားမှာပိုမိုရင်းနှီးစေနိုင်မယ့်စီးပွားရေးအချိတ်အဆက်တစ်ခုကိုဖန်တီးပေးထားတာပါ။
……အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်တော့ Online Freelancer တစ်ယောက်လုပ်ပြီးအပိုဝင်ငွေလေးတွေရှာလို့ရပါတယ်။ Translation, Content Writing, Data entry, Typing, Creative writing, Logo design, Graphic design စသဖြင့်များစွာသော Online job တွေကသင့်ကိုစောင့်ကြိုနေပါတယ်။ အခုပဲအပေါ်က website လေးတွေမှာ register လုပ်ပြီး freelancer တစ်ယောက်ရဲ့ခရီးကိုစတင်လိုက်ပါ။