E-commerce Association of Myanmar(ECAM) အား တရားဝင်မိတ်ဆက်

မြန်မာနိုင်ငံအီလက်ထရောနစ်စနစ်ဖြင့်ကူးသန်းရောင်းဝယ်ရေးအသင်း E-commerce Association of Myanmar(ECAM) ၏ တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Novotel Hotel တွင်းကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အစိုးရဌာနအသီး သီးမှ ဖိတ်ကြားထားသည့်လူကြီးမင်းများ၊ အဖွဲ့အစည်းအမျိုးမျိုးမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် များနှင့်သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။

Photo Source By Myanmar Tech Press

“အွန်လိုင်းပလက်ဖောင်းတွေကနေတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေနဲ့ ဝယ်ယူသုံးစွဲသူတွေရဲ့ အခွင့်အရေးတွေ ကို ကာကွယ်စောင့်ရှောက်ဖို့လည်း ရည်မှန်းထားတာကြောင့် မြန်မာနိုင်ငံရဲ့ E-commerce ဖွံ့ဖြိုးတိုးတက်ဖို့ကို အစိုးရဘက် ကလည်း အပြည့်အဝကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒီ ECAM ရဲ့ တရားဝင်မိတ်ဆက်ပွဲမှာ အခုလိုပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အွန်လိုင်းကနေစီးပွားရေးလုပ်ကိုင်တဲ့သူတွေ သိသိသာ သာကို များပြားလာတာဖြစ်တယ်။ ဒီ E-commerce နယ်ပယ်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေဒါမှမဟုတ် ဝယ်ယူသုံးစွဲသူတွေရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို သူတို့အတွက် ကိုယ်စားပြုအနေနဲ့ လုပ်ဆောင်တင်ပြပေးသွားဖို့ကတော့ ကျွန် တော်တို့ ECAM ရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အစိုးရပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ၊ ပြည်သူလူထုနဲ့ ပြောဆိုဆက်ဆံ တာတွေ၊ E-commerce ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူလူထုအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်မှုတွေကို တိုးချဲ့ သွားဖို့ကိုလည်း E-commerce စီးပွားရေးလုပ်ငန်းများရဲ့ကိုယ်စား ECAM မှ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ရည် ရွယ်ထားပါတယ်”ဟု ECAM ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအေးချမ်းမှ ပြောကြားသွားခဲ့သည်။

Photo Source By Myanmar Tech Press

ECAM ကို အများပြည်သူ သိရှိစေရန် Signature စားသောက်ဆိုင်တွင် Networking event ပွဲမှတစ်ဆင့် ၂၀၁၉ ခုနှစ် နိုဝင် ဘာလက စတင်မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။ လုံခြုံစိတ်ချရသော Ecommerce ကုန်သွယ်ရေးအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေ ရန် အွန်လိုင်းစီးပွားရေးလုပ်ငန်းများနှင့် ဝယ်ယူသုံးစွဲသူတွေကြား ပေါင်းကူးတံတားအဖြစ် ECAM က ရပ်တည်ပေးသွားမည် လည်းဖြစ်သည်။
“ECAM ရဲ့ရည်မှန်းချက်ကတော့ နေရာပါပဲ။ Digital Economy, Ecommerce အတွက် နိုင်ငံတကာတိုင်းက သွားနေကြတာပါ။ သွားနေတုန်းမှာပဲ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံမှာ Ecommerce Sector ကို Result လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်း မရှိသေးတဲ့ အတွက်ကြောင့် Ecommerce Sector ကို represent လုပ်ဖို့ ပြီးတော့ Develop လုပ်ဖို့ နိုင်ငံအတွက်လည်း ecommerce sector သည်အင်မတန်အရေးကြီးပါတယ်” ECAM ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအေးချမ်းမှ ဆက်လက်ပြောကြားသည်။
ECAM အသင်း၏ ရည်ရွယ်ချက်မှာလည်း အီလက်ထရောနစ် စီးပွားရေးအသင်းတွင် ပါဝင်သူများအားလုံး အကျိုးစီးပွား ကောင်းမွန်ရေးအတွက် လုပ်ငန်းရှင်များ၊ အစိုးရ၊ ပညာသင်ကျောင်းများနှင့်ပူးပေါင်းပြီး မြန်မာပြည်၏ အီလထရောနစ် စီးပွားရေး အသင်းပတ်ဝန်းကျင် အသိုင်းအဝိုင်းကို မြှင့်တင်ပေးရန်၊ အီလက်ထရောနစ် စီးပွားရေးအသင်းတွင် ဝယ်ယူသူများ ယုံကြည်မှုရရှိနိုင်ရေးအတွက် မြန်မာ့ ယုံကြည်မှု့အမှတ်တံဆိပ်ကို အီလက်ထရောနစ် စီးပွားရေးအသင်းလုပ်ငန်းရှင် များအတွက် စစ်ဆေးအသိအမှတ်ပြုပေးရန်၊ အီလက်ထရောနစ် စီးပွားရေးအသင်းတွင် ဝယ်သူ-ရောင်းသူ မပြေမလည်သည့် ကိစ္စများကို အခြားသောအစိုးရဌာန၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီးဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက် သုံးချက်ဖြင့်ဖွဲ့ စည်းထားခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

လက်ရှိတွင်လည်း ECAM အသင်းအနေဖြင့် တိုင်းဒေသကြီးများနှင့်တကွ ကျေးလက်ဒေသများပါမကျန် E-Commerce လုပ်ငန်းများဖွံဖြိုးတိုးတက်စေရန် အသိပညာများဝေမျှ၍ ဈေးကွက်ဖော်များဖော်ဆောင်ချိတ်ဆက်သွားမည်ဖြစ်ပြီး မျှတသောဈေးကွက်ယှဉ်ပြိုင်မှုရှိစေရန် အတွက်သာမက လုပ်ငန်းရှင်များအချင်းချင်း Network ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ဆောင်ရွက်သွားမည်။ ထို့ပြင် မှန်ကန်မှုမရှိသော(ဝါ)လိမ်လည်လှည့်ဖျား၍ အများပြည်သူ အကျိုးစီးပွားနစ်နာအောင် ဆောင်ရွက်သူများအား ဤအသင်း၌ ပါဝင်ဆက်နွယ်နိုင်ခြင်း မရှိစေရန် စီစစ်ပါယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။
E-commerce နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းတွင်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များစုဝေးကာ အကြံဉာဏ် များ၊ သတင်းအချက်အလက်များ၊ နည်းပညာများအကြောင်း ဖလှယ်ရုံသားမက မူဝါဒချမှတ်သူများ၏ အတွေးအမြင်၊ သုံးသပ် ချက်များအား အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်ပြီး E-commerce Association of Myanmar (ECAM) ကို ၂၀၁၉ မတ် လတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၉ ဇူလိုင်လတွင် DICA မှ တရားဝင်ဖွဲ့စည်းခွင့် ရရှိခဲ့သည်။
အဓိကအားဖြင့် မြန်မာနိုင်ငံတွင် E-commerce စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စိတ်ချကောင်းမွန်သော နေရာအဖြစ် ဖန်တီးနိုင်ရန်နှင့် E-commerce စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ကာဖွဲ့စည်းထားခြင်းလည်းဖြစ် သည်။ E-commerce လုပ်ငန်းအတွင်းရှိ နောက်ဆုံးရအဖြစ်အပျက်များနှင့် အချက်အလက်များကို E-commerce နယ်ပယ် တွင် ဦးဆောင်နေသူများ၏ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ E-commerce စီးပွားရေးလုပ်ငန်းတိုးချဲ့နိုင်ရန်လေ့လာနိုင်မည်ဖြစ်သည်။ ECAM အသင်းသို့ဝင်ရောက်လိုသူများအနေဖြင့်လည်း အောက်ပါ Link တွင် တိုက်ရိုက်လျှောက်ထားနိုင်ကြောင်းသိရသည်။

https://www.eca.org.mm/