OPPO မှ ဖုန်းဓာတ်ပုံဝါသနာရှင်များအတွက် BeyondThePortrait_Season 2 ဓာတ်ပုံပြိုင်ပွဲကျင်းပမည်

 

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် BeyondthePortrait_Season2 ဟုအမည်ပေးထားသော ဖုန်းဓာတ်ပုံပြိုင်ပွဲကို ဒုတိယအကြိမ် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲကိုမည်သူမဆို၊ မည်သည့် ဖုန်းနှင့်မဆိုရိုက်ကူးထားသည့် မိမိဓာတ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး OPPO ၏ နောက်ဆုံးထွက်ရှိမည့် OPPO Reno3 Pro , OPPO Reno3 , OPPO Enco Free နားကြပ်နှင့် အခြားလက်ဆောင်ပစ္စည်းများကံထူးနိုင်မည့် အခွင့်အရေး ကိုရရှိမည်လည်းဖြစ်သည်။
BeyondthePortrait_Season2 ဟု Campaign အမည်ပေးထားသောဖုန်းဓာတ်ပုံပြိုင်ပွဲကို ခေါင်းစဉ်သုံးခုဖြင့် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ပြီးပါဝင်ယှဉ်ပြိုင်လိုပါသူများသည် သက်ဆိုင်ရာအစီအစဉ်ခေါင်းစဉ်များအောက် တစ်ခုခုနှင့်ကိုက်ညီသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ Beyond the Portrait Seson 2 အစီအစဉ်များမှာနေရာဒေသ၊ အစားအစာ၊ လူမျိုးနှင့်ယဉ်ကျေးမှုတို့ ဖြစ်သည်။

Photo Source https://www.facebook.com/watch/?v=3118955804783296

Beyond the Portrait Seson 2 အစီအစဉ်အများကို Travel Blogger (Travel Kueen)၊ Professional Photographer ဇာနည်မျိုးဝင်းနှင့် Videographer နောင်နောင်တို့သည် တန်ခိုးကြီးကျိုက်ထီးရိုးဘုရားနှင့်၊ ကရင်ပြည်နယ် ဘားအံမြိုနှင့် အနီး အနားရှိအထင်ကရနေရာများသို့ သွားရောက်ကာ Campaign Video များကိုစီစဉ်ရိုက်ကူးထားသည်။ ပထမ အစီအစဉ်ဖြစ်သည့် နေရာဒေသအစီအစဉ် (Where We Go) Place Vlog Video တွင် ကျိုက်ထီးရိုးနှင့် ဘားအံမြို့၏ အထင် ကရနေရာများဖြစ်သည့် ကြာအင်းဂူ၊ ကော့ကွန်းဂူ၊ လင်းနို့ဂူ၊ ကျောက်ကလပ်စေတီတော်၊ မဟာဆန္ဒန်လှိုင်ဂူ၊ ကန်သာယာစသည့် နေရာများ၏ အေးချမ်းသာယာသောအလှမြင်ကွင်းများကို အရောင်အသွေးစုံလင်စွာမြင်တွေ့နိုင် မည်ဖြစ်သည်။ ဒုတိယအစီအစဉ် ဖြစ်သည့် အစားအစာအစီအစဉ်တ၌ (What We Eat) Food Vlog Video တွင် ရိုးသားဖြူစင်သော ‌ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းများ၊ ချစ်စဖွယ်ပုံရိပ်များနှင့်အတူဘားအံမြို့ကမ်းနားလမ်း၏ ညဈေးသစ်၊ ခုန်သာဖောင် (ခေါ်) တလဂုဏ်လို့ ခေါ်ဆိုသည့် ကရင်ရွာမှ အရသာရှိသောရိုးရာအစားအစာများနှင့် ချက်ပြုတ်နည်းတို့ကိုမြင်တွေ့ခံစားရမည်ဖြစ်သည်။ ဆက်လက်၍ တတိယအစီအစဉ်ဖြစ်သည့် လူမျိုးနှင့်ယဉ်ကျေးမှု အစီအစဉ် (Who We Meet) PeopleandCulture ကိုလည်းရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ် များကိုဖုန်းကင်မရာ၏ အလင်းထိန်းညှိနိုင်မှု၊ အမှောင်တွင်းရိုက်ကူးနိုင်မှု၊ တုန်ခါမှုနည်း၍ ကြည်လင်ပြတ်သားမှု၊ Zoom ဆွဲအားကောင်းမှုစသည့် အားသာချက်တွေကိုအသားပေးထည့်သွင်းထားသည့် OPPO မှ အသစ်ထွက်ရှိလာသော OPPO Reno3 Pro ဖြင့် ရိုက်ကူးတင်ဆက်ထားခြင်းလည်းဖြစ်သည်။
ပြိုင်ပွဲဝင် အသေးစိတ်စည်းကမ်းချက်များအနေဖြင့် OPPO ၏ BeyondthePortrait_Season2 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လို သူများသည် ဖုန်းနှင့် ရိုက်ကူးထားသောဓာတ်ပုံများထဲကို Place , Food, People & Culture (နေရာဒေသ၊အစားအစာ၊ လူမျိုးနှင့် ယဉ်ကျေးမှု) စသည့် ခေါင်းစဉ်သုံးခုအောက်တွင် သက်ဆိုင်ရာအစီအစဉ်ခေါင်းစဉ်များအောက် တစ်ခုခုနှင့် ကိုက်ညီသောဓာတ်ပုံများဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

Photo Source https://www.facebook.com/watch/?v=3118955804783296

BeyondthePortrait Campaign သည် ယခု မတ်လ ၁၅ ရက်တွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီးပြိုင်ပွဲအတွက် ဓာတ်ပုံများ ကိုဒိုင်အဖြစ် Professional Photographer ဇာနည်မျိုးဝင်းမှ အဓိကရွေးချယ်ဆုံးဖြတ်သွားမည်ဖြစ်သည်။ မတ်လ ၁၇ ရက်နေ့တွင် ဆန်ကာတင်အဖြစ် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ၁၅ ဦး၏ ဓာတ်ပုံကို OPPO Page တွင် ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီးအဆိုပါ ဆန်ကာတင်ဓာတ်ပုံများ၏ Reaction အနည်းအများပေါ်မူတည်ပြီးပထမဆု၊ ဒုတိယဆု၊ တတိယဆု များသတ်မှတ်သွားမည်ဖြစ်သည်။ Reaction များကို မတ်လ ၁၉ ရက် ညနေ ၅ နာရီနောက်ဆုံးထား၍ ကောက်ယူ သတ်မှတ်သွားမည်ဖြစ်သည်။ ဆုရရှိသူများကိုမတ်လ ၂၀ ရက်နေ့တွင် OPPO မှ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဆုလက်ဆောင်များအနေဖြင့် ပထမဆုကို OPPO Reno3 Pro (တစ်လုံး)၊ ဒုတိယဆကို OPPO Reno3 (တစ်လုံး)၊ တတိယဆု – OPPO Enco Free (နားကြပ်တစ်စုံ) တို့အပြင် Beyond the Portrait ပြိုင်ပွဲအတွက် ဆုရရှိသော Certificate နှင့်အတူProfessional Photographer ဇာနည်မျိုးဝင်း၊ နှင့် Videographer နောင်နောင်တို့မှ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်မည်ဖြစ်သည်။ နှစ်သိမ့်ဆုအနေဖြင့် ဆန်ကာတင်စာရင်းတွင် ကျန်ရှိသူ ၁၂ ဦးအတွက် OPPO Travel Bag များကိုပေးအပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲစည်းကမ်းချက်များမှာ-
(၁) ပြိုင်ပွဲဝင်ကိုယ်တိုင် မိမိ၏စမတ်ဖုန်းဖြင့် ရိုက်ကူးထားသော ပုံဖြစ်ရပါမည်။ မည်သည့် watermark မျှ မပါရှိရ။
(၂) ပြိုင်ပွဲဝင်တစ်ဦးလျှင် Place , Food, People & Culture ဆိုသည့် ခေါင်းစဉ် သုံးခုတွင် ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုအောက်တွင်သာ ပါဝင်နိုင်မှာဖြစ်သည်။
(၃)သတ်မှတ်ထားသော Hashtag ၃ ခုကို အပြည့်အစုံထည့်သွင်းဖို့ လိုအပ်ပါမည်။
(၄)၂၀၂၀ ခုနှစ်မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားပါဝင်ရမည်ဖြစ်ပြီး ဆန်ကာတင်အဆင့်အတွက်ရွေးချယ်ခံရသည့်၁၅ ပုံကို မတ်လ ၁၆ ရက်နေ့တွင်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
(၅) OPPO ရဲ့ Message တွင် ပြိုင်ပွဲတွင်ပါဝင်ထားကြောင်း အတည်ပြုဖောင့်ကို ဖြည့်စွက်မှသာ ယခုပြိုင်ပွဲတွင် ပါဝင်ထားကြောင်း နောက်ဆုံးအတည်ပြုမည်ဖြစ်သည်။
(၆)OPPO မှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။
(၇) အငြင်းပွားဖွယ် တစ်စုံတရာ ဖြစ်ပေါ်လာပါက OPPO ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်သည်။

Photo Source https://www.facebook.com/watch/?v=3118955804783296

စမတ်ဖုန်းထုတ်လုပ်သူများ၏ ရှေ့ဆောင်ဖြစ်သော OPPO သည် ကမ္ဘာပေါ်ရှိလူငယ်များအတွက် အရည်အသွေး ကောင်းမွန်သောဓာတ်ပုံရိုက်ခြင်းအတွေ့အကြုံများကိုသယ်ဆောင်လာခဲ့ပြီးလည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ ၄ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော OPPO သည် လူငယ်များ၏ အကန့်အသတ်မရှိသော အနုပညာလက်ရာမြောက်သည့် စွမ်းရည်များကို selfie နှင့် portrait-focused စမတ်ဖုန်းများဖြင့် ထုတ်ဖော်ပြသခဲ့သည်။ ကမ္ဘာအနှံ့ရှိ research centers ၆ ခုနှင့် လန်ဒန်တွင်ရှိသော international design center အရ OPPO၏ F series, A series, Find နှင့် နောက်ထွက်ပေါ်လာသော Reno series တို့သည် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၄၀ တွင် ကျေနပ်နှစ် သက်မှုများစွာရရှိခဲ့ပါသည်။ စတိုင်ကျမှု၊ တန်းဝင်သောကြော်ငြာ campaigns နှင့် Designed for Reno ဟုအမည်ပေးထားသောဆန်းသစ်သည့် ဒီဇိုင်းများနှင့်အတူ 20x zoom၊ Ultra Steady Video နှင့် Ultra Dark Mode တို့သည် စမတ်ဖုန်းအသုံးပြုသူများအတွက် ပြည့်စုံသောစမတ်ဖုန်းများအဖြစ် ပေးစွမ်းနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင် လိုပါကအသေးစိတ် အချက်အလက်များကိုဖော်ပြပါလင့်တွင်ဝင် ရောက်လေ့လာနိုင်ပါသည်။

https://www.facebook.com/watch/?v=3118955804783296