Tech 101: Blockchain for Product Development ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲကျင်းပ

အူရီဒူးအနေနှင့် မြန်မာလူငယ်များ၏ ဆန်းသစ်တီထွင်နိုင်စွမ်းရှိသည့် စိတ်ကူးအကြံအဉာဏ်တွေကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ပြီး ဒစ်ဂျစ်တယ်စွန်ဦးတီထွင်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်စေရန်အတွက် Tech 101: Blockchain for Product Development ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အူရီဒူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အူရီဒူးမြန်မာသည် UNDP နှင့်ပူပေါင်းကာ ဆန်းသစ်တီထွင်မှုဌာနဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။ အဆိုပါ ဆန်းသစ်တီထွင်မှုဌာန၏ တစိတ်တပိုင်းအနေဖြင့် (Tech Community event) နည်းပညာဆိုင်ရာ လူမှုအဖွဲ့အစည်းနှင့် ပတ်သက်သည့်ဆွေးနွေးဟောပြောပွဲများကို ကျင်းပလျက်ရှိ ကြောင်းသိရသည်။

Photo Source – https://www.facebook.com/OoredooMyanmar

အဆိုပါအစီအစဉ်၏ ဒုတိယမြောက် Tech Community event “Tech 101: Blockchain for Product Development” ကို ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာရုံးချုပ်တွင် ကျင်းပခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ စွန့်ဦးတီထွင်သူတွေဖြစ်ရန် စိတ်အား ထက်သန် သည့်လူငယ်များစွာ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ပညာရှင်များက blockchain ၏ အခြေခံနှင့်ပတ်သက် သော ဗဟုသုတများ၊ blockchain အခြေပြု solution တည်ဆောက်ခြင်းအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နည်းပညာပလက်ဖောင်းနှင့် မည်သို့ပေါင်းစည်းဆောင်ရွက်ရမည်ကို စွန့်ဦးတီထွင်သူ လူငယ်များကို ဝေမျှပေးခဲ့ကြသည်။
ပထမဦးဆုံး Tech Community event တစ်ခုဖြစ်သည့် “Tech 101: APIs” အကြောင်း ခေါင်းစဉ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က အူရီဒူးမြန်မာ၏ ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့လူငယ်များအား အက်ပလီကေးရှင်း ရေးဆွဲခြင်း ဆိုင်ရာစနစ် (APIs) နှင့် ပလက်ဖောင်းများကို မည်သို့အသုံးပြုနိုင်သည်ကို ရှင်းလင်းပြောကြားပေးခဲ့ကြသည်။ စွန့်ဦးတီထွင်သူ လူငယ်အများအပြားတက်ရောက်ခဲ့ကြပြီး စိတ်အားထက်သန်စွာပါဝင်ဆွေးနွေးခဲ့ကြသည်။

Photo Source – https://www.facebook.com/OoredooMyanmar

အဆိုပါ Event များပြုလုပ်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုများမှတဆင့် မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား အကောင်အထည်ဖော်ဆောင်ရေးကို တိုးမြှင့်လုပ်ဆောင်ပေးသွားရန်၊ အူရီဒူးမြန်မာ၏ ရုံးချုပ် တွင်ဖွင့်လှစ်မည့် ဆန်းသစ်တီထွင်မှုဌာနသည်၊ ရည်ရွယ်ချက်ကြီးမားသောစွန့်ဦးတီထွင်သူ လူငယ်များအားသတ်မှတ်ထား သောလိုအပ်သည့်အထောက်အပံ့များပေးရန်၊ နည်းပညာဆိုင်ရာအထောက်အပံ့နှင့် အချင်းချင်းပေါင်းစည်းချိတ်ဆက်ပေးခြင်း ကိုကူညီဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များထားရှိကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/OoredooMyanmar

“မြန်မာနိုင်ငံကအရည်အသွေးပြည့်ဝတဲ့ စွန့်ဦးတီထွင်ကြတဲ့ လူငယ်တွေဟာမြန်မာနိုင်ငံအတွင်းရှိလူမှုပတ်ဝန်းကျင်နဲ့ စီးပွား ရေးဆိုင်ရာကိစ္စရပ်များအတွက် အမိအရကိုင်တွယ်လုပ်ဆောင်နိုင်ရန် သူတို့တွေရဲ့ အရည်အသွေးကို အသုံးချနေကြပြီဖြစ်ပါ တယ်။ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကိုပေးအပ်နိုင်ရန် ပြည်သူလူထုအတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီး ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဒီနေ့မှာစိတ်လှုပ်ရှားရပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုးတက်မှုအမြောက်အများနဲ့ ကုလသ မဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေရရှိလာမယ့် ရလဒ်ကောင်းတွေကိုတွေ့မြင်နေရပါပြီ။ ကျွန်တော်တို့တ တွေပူးပေါင်းပြီးကျင်းပခဲ့ကြတဲ့ Hackathon ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်သူတွေဟာမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ဆန်းသစ်တီထွင်တဲ့ ရလဒ်တွေကိုရှာဖွေဖော်ဆောင်ပေးနိုင်ဖို့အတွက် တစ်နှစ်ထက်တစ်နှစ် ပိုပြီးကြီးမားလာသလိုပိုမိုကောင်းမွန်လာတာကိုတွေ့မြင်နေရပါတယ်။ ဆန်းသစ်တီထွင်မှုဌာနကနေတဆင့် ကျွန်တော်တို့ အနေနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ လူမှုပတ်ဝန်းကျင်မှာစွန့်ဦးတီထွင်လိုသူတွေအပြင် မြန်မာနိုင်ငံကနည်းပညာ ဖော်ဆောင် သူတွေကိုသူတို့တွေရဲ့ ဆန်းသစ်တဲ့စိတ်ကူးတွေဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ဒစ်ဂျစ်တယ်ဆန်းသစ်မှုတွေကိုရှေ့ဆက်ပြီး အကောင် အထည် ဖော်ဆောင်ရန်ဖို့အတွက် ကူညီဖို့ နေရာတစ်ခုသတ်မှတ်ပြီးလုပ်ဆောင်ပေးမှာဖြစ်ပါတယ်” ဟုဆန်းသစ်တီထွင်မှု ဌာနဖွင့်ပွဲအခမ်းအနားတွင် အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi မှပြောကြားခဲ့သည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar
https://www.facebook.com/UNDPMyanmar