Mytel မှဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာအချက်အလက်များအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

မြန်မာနိုင်ငံ၏ခေတ်မီအဆန်းသစ်ဆုံးနှင့်အကောင်းဆုံးအော်ပရေတာ Mytel သည် ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များအားအသိပေးကြေညာသောအနေဖြင့် စာနယ်ဇင်းရှင်းလင်းပွဲအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် Novotel Hotel ၌ကျင်းပခဲ့ကြောင်းသိရသည်။
Mytel အနေဖြင့်သုံးစွဲသူများအတွက်မှတ်ပုံတင်နိုင်မယ့်နည်းလမ်းများ၊ မှတ်ပုံတင်ရန်လိုအပ်ချက်များ၊ မှတ်ပုံတင်ပြီးသား ဆင်းကတ်အချက်အလက်စစ်ဆေးနည်းများ၊ မှတ်ပုံတင်နိုင်မယ့် ဆင်းကတ်အရေအတွက် သတ်မှတ်ချက်များအစရှိသည့် အသေးစိတ်အချက်အလက်များကိုရှင်းရှင်းလင်းလင်းသိရှိစေရန်နှင့် Mytel ၏ ဝန်ဆောင်မှုများအားပိုမိုအဆင်ပြေ ချောမွေ့စွာအသုံးပြုနိုင်စေရေးအတွက်ရည်ရွယ်၍အသိပေးစာနယ်ဇင်း ရှင်းလင်းပွဲအားကျင်းပခြင်းလည်းဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

“သုံးစွဲသူတွေကိုအမြဲအစဉ်တစိုက် ဂရုစိုက်လေ့ရှိတဲ့ Mytel က အခုလည်း Mytel သုံးစွဲသူတွေ အနေနဲ့မိမိတို့ရဲ့ မှတ်ပုံတင်ထားတဲ့ကိုယ်ရေးအချက်အလက်များမှန်ကန်စေနိုင်ဖို့နဲ့ ဝန်ဆောင်မှုတွေကိုလုံခြုံစွာရယူနိုင်အောင်ဆင်းကတ်များ မှတ်ပုံတင်နိုင်ရေးအတွက်ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေနဲ့အသေးစိတ်အချက်အလက်တွေကိုရှင်းလင်းတင်ပြသွားဖို့ဒီနေ့စာနယ်ဇင်းရှင်းလင်းပွဲကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့မိမိတို့အသုံးပြုမယ့်ဆင်းကတ်တွေကို စနစ်တကျ မှတ်ပုံတင်ထားပါကကျွန်တော်တို့ Mytel ဘက်မှလည်းသုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီအတွက်ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ကိုယ်ရေးအချက်အလက်ပိုင်းဆိုင်ရာလုံခြုံမှုတွေကိုပိုမိုစိစစ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုတွေ၊ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို ရယူအသုံးပြုမှုတွေပိုမိုတိုးတက်လာတာကြောင့် ဒီလုပ်ငန်းဆောင်တာတွေကိုလုံခြုံစိတ်ချမှုရှိစွာဆောင်ရွက်နိုင်ဖို့အတွက်ဆင်းကတ်တွေကိုစနစ်တကျမှတ်ပုံတင်ခြင်းကနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကိုလည်းတစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေမှာဖြစ်တဲ့အပြင် အသုံးပြုသူတွေ အနေနဲ့လည်း အကျိုးကျေးဇူးတွေ ပိုမို ရရှိစေမှာပါ”ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူဦးဇော်မင်းဦးမှပြောကြားသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel မှ ယနေ့တွင်ဆင်းကတ်များမှတ်ပုံတင်ခြင်းနည်းလမ်းများ၊ဆင်းကတ်များ၏ မှတ်ပုံတင်အချက်အလက်များ စစ်ဆေးခြင်းနည်းလမ်းများနှင့် ဆင်းကတ်မှတ်ပုံတင်အချက်အလက်များပြင်ဆင်ခြင်းနည်းလမ်းများအားအဓိကထား၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ Mytel သုံးစွဲသူများအနေဖြင့်မိမိတို့၏ဆင်းကတ်အားမှတ်ပုံတင်လိုသည်ဖြစ်စေ၊ အချက် အလက်များအားပြင်ဆင်ပြောင်းလဲလိုသည် ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များအားစစ်ဆေးလိုသည် ဖြစ်စေအောက်ပါ နည်းလမ်း၄မျိုးအတိုင်းဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။
(၁) Mytel ၏အရောင်းပြခန်းများနှင့် POS Channel စတိုးဆိုင်များ။ Mytel အနေဖြင့်အရောင်းပြခန်းနှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း၁၃၇ဆိုင်နှင့် POS ဆိုင်ပေါင်း၅၀,၀၀၀ကျော်တွင်Billing and Customer Care System (BCCS)စနစ်အားအသုံးပြု၍မှတ်ပုံတင်ပေးနေပါသည်။မိမိ၏မှတ်ပုံတင်အားပြသ၍လည်းအချက်အလက်များပြုပြင်ပြောင်းလဲမှုနှင့်ပြန်လည်စစ်ဆေးမှုပြုလုပ်နိုင်ပါသည်။
(၂) Mytel၏MyIDအပ်ပလီကေးရှင်း။အပ်ပလီကေးရှင်းအတွင်း “Info Update” အားနှိပ်၍မိမိ၏အချက်အလက်များအား ရိုက်ထည့်ရုံဖြင့်မှတ်ပုံတင်နိုင်ပြီးမှတ်ပုံတင်ပြီးအချက်အလက်များလည်းပြုပြင်ပြောင်းလဲပြီးစစ်ဆေးနိုင်ပါသည်။
(၃) Mytel ၏ Website/WAP ဖြစ်သော account.mytel.com.mm။ Mytel ၏ဝက်ဘ်ဆိုက်အားဝင်ရောက်၍ မိမိဆင်းကတ်နံပါတ်အားရိုက်ထည့်ကာရရှိလာမည့် OTP အားရိုက်ထည့်၍မှတ်ပုံတင်နိုင်သည့်အပြင် မှတ်ပုံတင်ပြီးအချက် အလက်များကိုလည်းပြုပြင်ပြောင်းလဲနိုင်ပါသည်။

Photo Source https://www.facebook.com/mytelmyanmar

(၄) Mytel ၏ Call Center ကိုခေါ်ဆိုခြင်း။ Mytel ၏ Call Center 966 ကိုခေါ်ဆိုပြီးမိမိ၏မှတ်ပုံတင် (ရှေ့နှင့်နောက်ကျောပုံ) နှင့်အချက်အလက်အမှန်ကို OTT အပလီကေးရှင်းအား အသုံးပြု၍ပေးပို့ခြင်းဖြင့်မှတ်ပုံတင်နိုင်ပြီး မှတ်ပုံတင်ပြီးအချက်အလက်များလည်းပြုပြင်ပြောင်းလဲပြီးစစ်ဆေးနိုင်ပါသည်။
ဆက်လက်ပြီး Mytel ၏ USSD Code *966*6# ကိုခေါ်ဆို၊နံပါတ်၂အားရိုက်ထည့်ပြီးလည်းမိမိ၏ မှတ်ပုံတင်ထား သည့်အချက်အလက်များအားစစ်ဆေးနိုင်မည်ဖြစ်သည်။
Mytelသည် နှစ်သစ်အချိန်အခါသမယတွင်နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများနှင့် အကောင်းဆုံးဈေးနှုန်းများကို သုံးစွဲသူ များ ထံယူဆောင်လာပေးနေပြီဖြစ်သည်။အကြီးမားဆုံး 4.5G ကွန်ရက်နှင့်ရှေ့ပြေးတီထွင်သူဖြစ်သည့်အပြင် အကောင်းဆုံးအော်ပရေတာဖြစ်သော Mytel သည်သုံးစွဲသူများ၏လိုအပ်ချက်များအား အစဉ်အမြဲဖြည့်ဆည်းနိုင် ရန်ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် Mytelသည် လူမှုအဖွဲ့အစည်းအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မကြာသေးမီကပင် ရန်ကင်းကလေးဆေးရုံရှိ မွေးရာပါနှလုံးရောဂါခံစားနေရသော ကလေးငယ်များအား ခွဲစိတ်မှုနှင့် အစစအရာရာအဆင်ပြေလွယ်ကူမှု ရှိစေရန် လှူဒါန်းမှုများပြုလုပ်ခဲ့ သည့်အပြင် ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာ့ဂုဏ်ဆောင် အားကစားသမားများအားလည်း Mytel မှ ကျပ် ၅၇၃ သိန်း ချီးမြင့်ခဲ့ပြီး ကျန်းမာရေးကဏ္ဍနှင့် မြန်မာ့အားကစားကဏ္ဍကို တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးကူညီခဲ့ပါသည်။ Mytel သည်သုံးစွဲသူများအတွက် အကောင်းဆုံးအော်ပရေတာဖြစ်လာရန်ရည်ရွယ်ပြီး သုံးစွဲသူများအပြန်အလှန်အကျိုးရှိစေရန်နှင့်ပိုမိုကောင်းမွန်သော အတွေ့ အကြုံများပေးနိုင်ရန်လည်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Mytel သည်ဆန်းသစ်သောတီထွင်မှုများနှင့်ဝန် ဆောင်မှုများ၏ဖွံ့ဖြိုးတိုးတက်ရေးအားအထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက်ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန်ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Mytel ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်သို့ နောက်ဆုံး ဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခုနှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသည့် ဗီယက်နမ်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် သုံးစွဲသူအကြိုက်ဝန်ဆောင်မှုများကို ကြိုးပမ်းလုပ်ဆောင်ပေးရင်း နောက်ဆုံးပေါ်နည်း ပညာများနှင့် ဆက်သွယ်ရေးဈေးကွက်အား အရှိန်အဟုန်မြှင့်ကာ မြန်မာပြည်သူပြည်သားများ အတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဓိကပေးအပ်သွားမည်ဖြစ်သည်။
Mytel သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အကျယ်ပြန့်ဆုံး 4G ကွန်ရက်နှင့် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံအဆောက်အဦးများ ထောက်ပံ့ပေးပြီး ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန်နှင့် မြန်မာပြည်သူပြည်သားတို့၏ လူနေမှုဘဝများကို စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထား ကြောင်းသိရသည်။