IKBZ Insurance မှ ရင်းနှီးမြှုပ်နှံမှုပုံစံအသစ်တစ်ခုကို စတင်ရန်အတွက် KyoPay Online Platform အား စမ်းသပ်အသုံးပြုရန်သဘောတူညီ

IKBZ အာမခံကုမ္ပဏီသည် KyoPay platform မှတစ်ဆင့် ရန်ကုန်မြို့တွင်းရှိ ပြည်တွင်းနှင့်နိုင်ငံခြား ကုမ္ပဏီများထံမှ စနစ် တကျစိစစ်ရွေးချယ်ထားသော ရရန်ရှိ Invoice များကို စမ်းသပ်ဝယ်ယူခြင်းတွင်ပါဝင်ရန်အတွက် သဘောတူညီခဲ့ပြီးဖြစ် ကြောင်းသိရသည်။
အဆိုပါ စမ်းသပ်ကာလ ပထမအဆင့်တွင် IKBZ သည် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း ပြည်ပကုမ္ပဏီများသို့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ၏ ရရန်ရှိဘောက်ချာများကို စတင်ဝယ်ယူသွားမည်လည်းဖြစ်သည်။ KyoPay မှတစ်ဆင့် ရောင်းချသွားမည့် Invoice များသည် ငွေပေးချေမှုကာလ (ရက် ၃၀ မှ ရက် ၁၂၀) အတွင်း ကောက်ခံ ရမည့် ကုမ္ပဏီအချင်းချင်း အရောင်း၊အဝယ် ပြုလုပ်နေသော Invoice များဖြစ်ကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများ တိုးတက်များပြားလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများအတွက် မှန်ကန်သောလုပ်ငန်းများ တွင် ရင်းနှီးငွေများ ထည့်သွင်းရန်မှာ ရွေးချယ်ရခက်သော အနေအထားသို့ ရောက်ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အများအားဖြင့် အစိုးရမှထုတ်ပေးသော ချေးငွေစာချုပ်လက်မှတ်နှင့်Treasury bills ဝယ်ယူခြင်းနှင့် ဘဏ်တွင် စုငွေ အပ်နှံခြင်း အစရှိသည့် ပုံစံများကို ပြုလုပ်ကြလျက်ရှိကြောင်းလည်းသိရသည်။

Photo Source – http://www.kyopay.com.mm

ဘဏ္ဍရေးဆိုင်ရာ နည်းပညာ Fintech ကုမ္ပဏီများ ပေါ်ပေါက်လာခြင်းသည် အထက်ပါလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်လာသည့်အပြင် အဆိုပါနည်းလမ်းများအတွက် လိုက်နာရန်နည်းစနစ်များကို သေချာစွာ ချမှတ်ထားပြီးလည်းဖြစ်သည်။ KyoPay ကုမ္ပဏီတွင်း လုပ်ဆောင်နေသော မူဝါဒများအရ Know-Your-Customer (KYC) စစ်ဆေးခြင်း၊ ငွေကြေးခဝါချခြင်းအတွက် စစ်ဆေးခြင်း၊ လုပ်ငန်းတစ်ခုခြင်းစီ၏ risk ကို စိစစ်အကဲဖြတ် ခြင်းနှင့်အတည်ပြုခြင်း အစရှိသည်တို့သည် Invoice ဝယ်ယူမည့် အဖွဲ့အစည်းများအတွက် ပိုမိုနားလည်စေနိုင်သလို ဝယ်ယူရန်အတွက် ဆုံးဖြတ်မှုအဆင့်များကို ကြိုတင်လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ထို့အပြင် ရင်းနှီးငွေများထည့်သွင်းရန် အတွက် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်တစ်ခုတွင် သီးခြားအကောင့်တစ်ခု ဖွင့်ထားခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ငွေများ လုံခြုံမှုရှိစေရန်နှင့် အမှားအယွင်းမဖြစ်စေရန်အတွက် သေချာစေနိုင်မည်လည်းဖြစ်သည်။
IKBZ ၏ စမ်းသပ်ကာလကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်စတင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် နှစ်ဝက်အထိ ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ စမ်းသပ်ကာလ အစပိုင်းတွင် KyoPay platform သို့ ပမာဏ အနည်းငယ်နှင့် စတင်ထည့်ဝင်သွားမည်ဖြစ်ပြီး Platform မှတစ်ဆင့် ရောင်းချ သော ရရန်ရှိဘောက်ချာများကို ဝယ်ယူသွားမည်ဖြစ်သည်။

Photo Source – http://www.kyopay.com.mm

IKBZ Insurance Company သည် အထွေထွေ အာမခံပစ္စည်းများအတွက် အာမခံချက်ပေးနေသော ကုမ္ပဏီဖြစ်ပြီး KBZ Group of Companies ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော IKBZ Insurance Co., Ltd ကို ၂၀၁၃ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်း ပထမဆုံးတရားဝင် လိုင်စင်ရရှိခဲ့သော ပုဂ္ဂလိကအာမခံကုမ္ပဏီလည်းဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ရုံးခွဲပေါင်း (၂၀) ကျော်ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းလည်းသိရသည်။
KyoPay Technologies သည် မြန်မာနိုင်ငံအတွင်းရှိ SME များ၏ ငွေကြေးလည်ပတ် စီးဆင်းမှုကို Invoice Discounting နည်းလမ်းဖြင့် SME များနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ချိတ်ဆက်လုပ်ဆောင်ပေးသော platform တစ်ခုဖြစ်ပါသည်။ SME များအနေဖြင့် ၎င်းတို့၏ ရရန်ရှိ Invoice များကို ပလက်ဖောင်းမှတစ်ဆင့် ရောင်းချနိုင်ပြီး Investor များအနေဖြင့် ထိုရောင်းချရန်ရှိသော Invoice များကို Discount ပမာဏတစ်ခုဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ KyoPay တွင်ရောင်းချသော Invoice များကို ဝယ်ယူခြင်းဖြင့် တစ်လလျှင် (၂ရာခိုင်နှုန်း မှ ၃ရာခိုင်နှုန်း) အထိ အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သလို SMEs များအနေဖြင့်လည်း ငွေကြေးများလျင်မြန်စွာ ရယူနိုင်မည်ဖြစ်သည်။ KyoPay ကို ၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှု သက်တမ်း (၁) နှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများအတွက် ငွေကျပ် ပေါင်း ၁.၆ ဘီလီယံကျော်တန်ဖိုးရှိ Invoice များ ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။