မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ အနာဂတ်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် Intellect အား ရွေးချယ်

Intellect အနေနှင့် MFTB ၏ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ မျော်မှန်းချက်များကို အလုံးစုံ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး (Omnichannel Experience) အတွက် အဆင့်မြင့် လုပ်ဆောင်ချက်များ ပြည့်စုံကြွယ်ဝသည့် Intellect Digital Core 19.2 စနစ်ကို အသုံးပြုပေးသွားမည် ဖြစ်သည်။
ဤစနစ်သည် MFTB ၏ လက်ရှိသုံးစွဲနေသည့် စနစ်များနှင့် သဟဇာတဖြစ်စေရန် ပြုလုပ်ထားသည့်အတွက် ဘဏ်လုပ်ငန်း များကို အခက်အခဲမရှိ ချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်မည်။ ထို့ပြင် MFTB အနေဖြင့် အနာဂတ်တွင် ဈေးကွက်လို အပ်ချက်အသစ်များအလိုက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပြီး ဈေးကွက်ချဲ့ထွင်မှုနှင့် လုပ်ငန်းလည်ပတ်မှုတို့ကို ကွင်းဆက်မိမိဖြင့် ချိတ်ဆက်ဆောင်ရွက်စေနိုင်မည်ဖြစ်ပါသည်။
MFTB သည် ရေရှည်ဖွံ့ဖြိုးရေးနှင့် ငွေကြေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမှီ ပါဝင်နိုင်စေရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ယင်းအတွက်ကြောင့် ဘဏ်အနေဖြင့် ဘက်ပေါင်းစုံပြည့်စုံပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်နိုင်သည့် အဆင့်အတန်းမြင့်မားသည့် နည်းပညာများကို အသုံးပြုရန် လိုအပ်လျက်ရှိသည်။ IDC စနစ်သည် CSCA ၊ အပ်ငွေ၊ အထွေထွေ စာရင်း၊ ပြည်တွင်းပြည်ပ ရှင်းတမ်းများ၊ အွန်လိုင်းချေးငွေ၊ ကုန်သွယ်ဘဏ္ဍာရေးနှင့် ငွေတိုက်ရေးရာ လုပ်ငန်းရပ် များကို တိကျမှန်ကန်သည့် တိုင်းတာကိန်းများဖြင့် သီးခြားစီ ဆောင်ရွက်နိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်မည် ဖြစ်သည်။ ကုန်သွယ်မှုနှင့် ချေးငွေလုပ်ငန်းများ၏ အကျိုးအမြတ်ကို တိကျစွာ စောင့်ကြည့်နိုင်မည်ဖြစ်သောကြောင့် လိုအပ်သည့် လုပ်ဆောင်ချက်များကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ထိုးထွင်းသိမြင်စေနိုင်မည်။ ထို့အပြင် အပြည့် အဝ ယုံကြည်စိတ်ချရသည့် အလုံးစုံလုံခြုံရေးစနစ်ကိုလည်း Intellect က ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ပြီး ထိုစနစ်မှာ လုပ်ငန်းတစ်ခုလုံးကို အမျိုးမျိုးသော API အလွှာများကို အသုံးပြုပြီး ပြဿနာကင်းရှင်း သော၊ ချောမွေ့သော၊ အဆင့်မြှင့်တင်ပြောင်းလဲမှု Enterprise Level Integration စနစ်လည်း ဖြစ်သည်။

Photo Source https://www.intellectdesign.com

“Intellect Digital Core Banking စနစ်ဟာ ကျွန်တော်တို့ရဲ့ ဘဏ်လုပ်ငန်းတွေအတွက် လုပ်ငန်းရည်ရွယ်ချက် တွေအပြင် လုပ်ငန်းလည်ပတ်မှုအတွက်နဲ့ ကောင်းကောင်းကိုက်ညီမှုရှိပြီး အထောက်အပံ့တွေ ရရှိစေနိုင်ပါတယ်။ ဒီစနစ်ရဲ့ လုပ်ဆောင်ချက်က အလွှာတိုင်းစီကို လိုအပ်သလို ချဲ့ထွင်ပြီး ဆောင်ရွက်နိုင်တာကြောင့် အနာဂတ်မှာ ပိုမိုကြီးမားတဲ့ လွှဲပြောင်းမှု ပမာဏများ ထိန်းချုပ်ဆောင်ရွက်ခြင်း၊ အချိန်မရွေး အသုံးပြုနိုင်ခြင်း၊ လုပ်ဆောင်ချက် အသီးသီးရဲ့ များပြားလှတဲ့ အချက်အလက်များကို စနစ်တကျ စုစည်းထိန်းသိမ်းနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီစနစ်ကို အဆင်ပြေချောမွေ့စွာနဲ့ စတင်သုံးစွဲပြီး အကျိုးတူပူးပေါင်း ဆန်းသစ်တီထွင်မှုရဲ့ အောင်မြင်မှုတစ်ခုဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်” ဟု MFTB ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
“MFTB ရဲ့ ကြီးမားတဲ့ နိုင်ငံဖွံ့ဖြိုးရေး အထောက်အကူပြု အစီအစဉ်ကို ပံ့ပိုးကူညီခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ IDC Suite ကို အသုံးပြုပြီး ၂၄ နာရီနဲ့ ၇ ရက် ပတ်လုံး အပြည့်အဝ ပံ့ပိုးပေးနိုင်မှု ကြောင့်လည်း MFTB အတွက် သိသာထင်ရှားတဲ့ ရလာဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ACE Data Systems ရဲ့ မိတ်ဖက်လုပ်ငန်းအဖြစ် အခုလို ကြီးမားပြီး အရေးပါတဲ့ပရောဂျက်မှာ တွဲဖက်ပြီး ဆောင်ရွက်ရတာကိုလည်း လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူမိပြီး လိုက်ဖက်ညီတဲ့ တွဲဖက်လုပ်ငန်းကနေတဆင့် သာလွန်မြင့်မြတ်တဲ့ ရလာဒ်တွေ ရဖို့ကို မျှော်လင့်နေမိပါပြီ” ဟု Intellect ၏ Global Consumer Banking Business (iGCB) ၏ CEO ဖြစ်သူ Rajesh Saxena မှ ပြောကြားသည်။
“ဒေသတွင်းက ကျွန်တော်တို့ရဲ့ BFS I ကျွမ်းကျင်နားလည်မှုဟာ MFTB အတွက် Intellect က ယူဆောင်လာပေးတဲ့ အနာဂတ်နည်းပညာတိုးတက်ပြောင်းလဲခြင်းမှတစ်ဆင့် ရရှိမယ့် ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ကောင်းစွာ အထောက်အကူပေးနိုင်မှာပါ။ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် MFTB ရဲ့ လက်ရှိသုံးစွဲသူ ၂ သိန်း ကျော်အတွက် အလုံးစုံဝန်ဆောင်မှုအတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့နဲ့ လျင်မြန်စွာ တိုးချဲ့သွားဖို့ ရည်ရွယ် မျှော်လင့်ပါတယ်။ Intellect အနေနဲ့ အလုံးစုံ ပြီးပြည့်စုံတဲ့ အက်ပလီကေးရှင်း အဆင်အပြင်စနစ်သာမက အချက် အလက်တွေနဲ့ ထိရောက်စွာ တိုင်းတာပြီး ချောမွေ့စွာ ချိတ်ဆက်လည်ပတ်နိုင်မယ့် “one middleware” လုပ် ဆောင်မှုပုံစံဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ MFTB အား ချောမွေ့သော နောက်ဆက်တွဲ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် Intellect မှ ဆော့ဖ်ဝဲပိုင်း၊ အိုင်တီနည်းပညာပိုင်း၊ ဆိုက်ဘာလုံခြုံရေး၊ ပညာရေးဝန်ဆောင်မှုနှင့် e-Commerce အစရှိသည်တို့မှာ ကျွမ်းကျင်နှံ့စပ်ပြီး မြန်မာ့အခြေစိုက် IT လုပ်ငန်းစု တစ်ခုဖြစ်တဲ့ ACE Data Systems နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ချိတ်ဆက် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ACE Data Systems ၏ Chief Executive Officer ဖြစ်သူ ဦးဇော်မိုးသန့်က ပြောကြားသည်။

Photo Source https://www.intellectdesign.com

စစ်မှန်သည့် ဒီဂျစ်တယ်နည်းပညာများဖြင့် ဝန်ဆောင်မှုပေးနေသည့် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Intellect Design Arena Ltd. သည် အလုံးဆုံသော ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းများအတွက် အရေးပါသည့် နည်းပညာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးနေသည့် ဈေးကွက်ဦးဆောင်ဘဏ္ဏာရေးနည်းပညာကုမ္ပဏီကြီး ဖြစ် သည်။ ကုမ္ပဏီသည် Global Consumer Banking ၊ iGTB (Global Transaction Banking) ၊ Risk ၊ ငွေတိုက်နှင့် ဈေးကွက်များနှင့် အာမခံလုပ်ငန်း ဆော့ဖ်ဝဲထုတ်လုပ်မှုစသည့် စီးပွားရေး လုပ်ငန်း ကြီး ၄ ရပ်တို့ဖြင့် လည်ပတ်လျက်ရှိသည်။ လွန်ခဲ့သော၂၅နှစ်တာကာလအတွင်းကျွမ်းကျင်မှုသက်သေအခိုင်အမာရှိခဲ့သော Intellect သည် လက်ရှိအချိန်၌ ခေတ်မီတိုးတက်သော ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဒီဂျစ်တယ်လိုအပ်ချက်များ၊ ဒီဂျစ်တယ် အသွင်းကူးပြောင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ရွေးချယ်မှုအဖြစ် ရပ်တည်လျက်ရှိသည်။
Intellect သည် ဘဏ်နှင့် အာမခံလုပ်ငန်းများအတွက် စွမ်းရည်မြင့်ပြီး ထက်မြက်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တီထွင်ဖန်တီးမှုအပိုင်းတွင် ဦးဆောင်အဖြစ် ရပ်တည်လျက်ရှိပြီး ဤအချက်သည် Intellect ၏ ဒီဂျစ်တယ် အသွင် ကူးပြောင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးဆုံးသော အားသာချက်ပင် ဖြစ်သည်။ FinTech 8012 ဟု ခေါ်တွင်သည့် ကမ္ဘာ့ပထမဆုံးသော ဘဏ္ဏာရေးနည်းပညာ တီထွင်ဖန်တီးမှု စင်တာကြီးသည် ဒီဂျစ်တယ် အသွင် ကူးပြောင်းမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရန် အတွက် ထိရောက်သော၊ စဉ်ဆက်မပြတ် တီထွင်ဖန်တီးမှုများ ပြုလုပ်သွားမည့် Intellect ၏ ကတိကဝတ်ကို ထင်ဟပ်ပြသနေသည်။
Intellect ၏ အဖွဲ့အစည်းအကြောင်းနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင် ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.intellectdesign.com