Ooredoo မှ အွန်လိုင်းဖြင့်ဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ “APPathon” တွင် အနိုင်ရရှိသူများကို ကြေညာ

အူရီဒူးမြန်မာသည် မြန်မာ့ပထမဆုံးအွန်လိုင်းဖြင့်ဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲကြီးဖြစ်သည့် “APPathon” တွင်ပါဝင်ယှဉ်ပြိုင်သူ ၁၅၇ ယောက်မှ အနိုင်ရအသင်း ၃ သင်းနှင့် ဆန်ခါတင်(runner-up) ၂ သင်းကိုရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း ကြေညာလိုက်ကြောင်းသိရသည်။
Hexa Tech အသင်းမှ APPathon ပြိုင်ပွဲတွင်ပထမဆုကို အနိုင်ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၀၀၀ ကိုချီးမြှင့်ပေးအပ်ခဲ့ သည်။ The Renovation for Lifestyle အသင်းမှ ဒုတိယဆုအဖြစ် အမေရိကန်ဒေါ်လာ၂၀၀၀ ကိုရရှိခဲ့ပြီး NXT အသင်းမှ တတိယဆုအဖြစ်အမေရိကန်ဒေါ်လာ ၁၀၀၀ စသဖြင့် ဆုများ အသီးသီးလက်ခံရရှိခဲ့သည်။ ဆန်ခါတင်ဆုများကို Presto နှင့် Duo Design Lab တို့မှ လက်ခံရရှိခဲ့ပြီးအသိအမှတ်ပြုလက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

“အူရီဒူး APPathon အတွက် ပြင်ဆင်ချိန် အများကြီးရခဲ့ပါတယ်။ ဒီပြင်ဆင်ချိန်တွေကို ကောင်းစွာအသုံးချပြီး ကျွန်တော်တို့က ရည်ညွှန်းကိုးကားချက်တွေ၊ ဒေသတွင်းစစ်တမ်းတွေနဲ့ ကျောင်းကစီနီယာတွေရဲ့ အကြံပြုချက်တွေကို ပေါင်းစပ်ပြီးversion တစ်ခုချင်းစီကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြန်လည်ဒီဇိုင်းရေးဆွဲ ဖန်တီးထားတဲ့My OoredooApp နဲ့အတူ ပထမဆုဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပျော်ရွှင်မိပါတယ်။ အူရီဒူးမြန်မာကိုလုပ်ငန်းကျွမ်းကျင်ပညာရှင်များမှ ဆွေးနွေးပြောကြားခြင်း အစီအစဉ်နှင့်အတူ အခုလိုမျိုး COVID-19 ဖြစ်ပွားနေချိန်မှာ လူငယ်တွေကို အခွင့်အရေးပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်” ဟု အနိုင်ရရှိသောအသင်း Hexa Tech မှ ပြောကြားသည်။
ပါဝင်ယှဉ်ပြိုင်သူများကို စိစစ်အကဲဖြတ်ရာတွင်အဓိကစံနှုန်း ၃ ခု မှာလည်းအောက်ပါအတိုင်းဖြစ်သည်။
(၁) စိတ်ကူးစိတ်သန်းကောင်းများကို ဖော်ထုတ်ပြသနိုင်ခြင်း
– အသုံးပြုနိုင်မှု၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သုတေသနပြုလုပ်ခြင်းစသည့် အချက်များပေါ် တွင်မူတည်ပြီး ဒီဇိုင်းအကြံ ဉာဏ်များကို သရုပ်ဖော်ပြသနိုင်ခြင်း-
(၂) သုံးစွဲသူဗဟိုပြုခြင်းလုပ်ငန်းစဉ်
-လုပ်ဆောင်ပုံအဆင့်ဆင့်၊ သတင်းအချက်အလက်တည်ဆောက်ပုံ၊ ရည်ရွယ်ချက်နှင့် အမြင်ပုံစံစသည့်အချက်များပေါ်တွင် မူတည်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်များကိုနားလည်ကြောင်း သရုပ်ဖော်ပြသခြင်း-
(၃) စနစ်ပိုင်းဆိုင်ရာစဉ်းစားတွေးခေါ်နိုင်မှု
-cross-platform၊ တစ်သမတ်တည်းရှိမှုနှင့် အမှားများကို ကိုင်တွယ်ဖြေရှင်းခြင်း စသည်အချက်များပေါ်မူတည်ပြီး စနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သိရှိနားလည်ခြင်း စသည်တို့ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

“ကျွန်တော်တို့ကပြိုင်ပွဲတစ်လျောက်လုံးမှာ ကျွမ်းကျင်မှုတွေ၊ အားစိုက်ထုတ်မှုတွေနဲ့စိတ်ရောကိုယ်ပါ နှစ်မြှုပ်ဆောင်ရွက်နိုင် စွမ်းတွေကို ကောင်းစွာဖော်ထုတ်ပြသနိုင်ခဲ့တဲ့ အနိုင်ရအသင်းတွေအတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ အူရီဒူးမြန်မာအနေနဲ့ အများပြည်သူရဲ့ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီဒစ်ဂျစ် တယ်စနစ်ပြောင်းလဲဖော်ဆောင်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီးမြန်မာလူငယ်များကိုလည်း ဒီထူးခြားပြောင်မြောက်တဲ့ဒစ်ဂျစ်တယ်ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်နိုင်ဖို့ အခွင့်အရေး ပေးအပ်တာ ဖြစ်ပါတယ် ” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. AlokVerma မှ ပြောကြားသည်။
မြန်မာ့ပထမဆုံးအွန်လိုင်းဖြင့်ဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ “APPathon” သည် မျိုးဆက်သစ်ဒစ်ဂျစ်တယ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုမြန်မာလူငယ်များမှပူးပေါင်းပါဝင်တီထွင်ဖန်တီးနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲသည် ထုတ်ကုန်ဒီဇိုင်းဆန်းသစ်တီထွင်ဖန်တီးနိုင်မှုကို ပိုမိုတိုးတက် စေလိုခြင်းဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်သူများအားလုံးသည် “My Ooredoo” အက်ပလီကေးရှင်းကို အကောင်းဆုံး သုံးစွဲသူနှင့် အက်ပလီကေးရှင်းကြား အပြန်အလှန်သက်ရောက်မှုနှင့် အကောင်းဆုံး သုံးစွဲသူအတွေ့အကြုံများ ပေးအပ်စေ နိုင်ရန်အတွက် ဆန်းသစ်မှုရှိသော ဒီဇိုင်းပိုင်းဆိုင်ရာဖန်တီးမှုများဖြင့် ဒီဇိုင်းသစ်ဖန်တီးပုံဖော်ခဲ့ကြသည်။ ပြိုင်ပွဲတစ်လျောက်လုံးတွင် ပါဝင်ယှဉ်ပြိုင်သူများသည် အူရီဒူးနှင့် သက်ဆိုင်ရာ နယ်ပယ်များမှ ကျွမ်းကျင်သူများ၏ လမ်းညွှန် မှုနှင့် ပြန်လည်အကြံပြုချက်များကိုရရှိခဲ့သည်။