အူရီဒူးမြန်မာ နဲ့ Nokia တို့ အောင်မြင်စွာပူးပေါင်းဆောင်ရွက်ခဲ့တာ ၅ နှစ်ပြည့်မြောက်ခဲ့ပါပြီ

Image Credit : http://ooredoo.com.mm

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာ နဲ့ Nokia တို့မှ အထပ်မြင့်အဆောက်အုံများ၏ အတွင်း အပြင်ရှိ ကွန်ရက်လွှမ်းခြုံမှု လစ်လပ်နေသော နေရာများနှင့် ဝန်ဆောင်မှုအရည်အသွေးကျဆင်းသော နေရာများ တွင် အူရီဒူးမြန်မာ ရဲ့ ကွန်ရက်ကို ကောင်းမွန်စွာချိတ်ဆက် အသုံးပြုစေနိုင်ရန် အတွက် Nokia ၏ 3D Geolocation နည်းပညာများကို အသုံးပြုကာ ဝန်ဆောင်မှုကောင်းများကို ပေးသွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားပါတယ်။ အူရီဒူးမြန်မာ သည် Nokia မှ မူပိုင်ခွင့်တင်ထားသော Algorithm နည်းစနစ် နှင့် 3D Geolocation နည်းပညာများကို အသုံးပြုပြီး အရေးကြီးဆုံးသော အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုကောင်းများ အတွက် သုံးစွဲသူများ၏ တုံ့ပြန်မှု (Quality of Experience-QoE) ကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ အူရီဒူးမြန်မာ ရဲ့ ဝန်ဆောင်မှုများကို အရည်အသွေးမြင့် လေ့လာဆန်းစစ်ချက် (Predictive Optimization) ကို အသုံးပြုပြီး စံပြကွန်ရက်လုပ်ဆောင်ချက်များရရှိစေရန် ဆောင်ရွက်မည့်အပြင် ကွန်ရက်လွှမ်းခြုံမှုပြသာနာများ ၊ လိုင်းကျပ်တည်းခြင်း ၊ သုံးစွဲသူအတွေ့အကြုံ အရည်အသွေးအပေါ် အနှောင့်အယှက်ဖြစ်ပေါ်မှုများကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်ပါတယ်။ အူရီဒူးမြန်မာ နှင့် Nokia တို့ရဲ့ ၅နှစ် တာ အောင်မြင်စွာပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမဲ့ အရည်အသွေးပြည့်ဝကောင်းမွန်သော အတွေ့အကြုံကောင်းများပေးအပ်နိုင်ရန် အတွက် အစီစဉ်တစ်ခုကို ပူးပေါင်း ဆောင်းရွက်ရန် ဧပြီ ၂၅ ရက်နေ့က နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တွင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အူရီဒူးမြန်မာ နှင့် Nokia တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍတစ်ခုနေဖြင့် ကွန်ရက်လွှမ်းခြုံမှုနှင့် အရည်အသွေးကိုလေ့လာဆန်းစစ်ရန်အတွက် အူရီဒူးမြန်မာ၏ကွန်ရက်ကို အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ပေးသွားမည့် အပြင် လေ့လာဆန်းစစ်ရန်အတွက် နည်းပညာမြင့် ဖြစ်သော 3D Geolocation နည်းပညာကို အသုံးပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယင်း အဆင့်မြင့်တင်မှုတို့ကြောင်း အူရီဒူးသုံးစွဲသူများအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် စံချိန်စံညွှန်းနှင့်အညီ Bandwidth မြင့်သော ဗီဒီယို များ နှင့် အွန်လိုင်းဂိမ်းများ ကစားခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Nokia Solutions and Networks သည် မြန်နှုန်းမြင့် ကြိုးမဲ့ မိုဘိုင်းဆက်သွယ်ရေး စနစ်တွင် အထူးကျွမ်းကျင်အဆင့်ရှိသည့် အဖွဲ့အစည်း ဖြစ်ပြီး မိုဘိုင်းဖုန်းနည်းပညာတွင် ပထမဦးဆုံး GSM ခေါ်ဆိုနိုင်မှုနှင့် ပထမဦးဆုံး LTE ခေါ်ဆိုနိုင်မှုတို့ကို ယခု မိုဘိုင်းမျိုးဆက်များ ထက် ရှေးဦးအစောဆုံးတီထွင်လုပ်ဆောင်ခဲ့သော အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ သုံးစွဲသူများ ကွန်ရက်အတွင်းတွင် လိုအပ်သည်များကို သိရှိပြီး Nokia Solutions and Networks ၏ ကျွမ်းကျင်သူများက အသစ်အသစ်သော စွမ်းဆောင်မှုများကို ဖန်တီးလျက်ရှိပြီး Nokia Solutions and Networks က ကမ္ဘာ့ ထိရောက်ဆုံးသော မိုဘိုင်းကွန်ရက်များ ၏ တန်ဖိုးကို ပိုမိုမြင့်မားလာစေရေးနှင့် လုပ်ငန်းဆောင်တာအားလုံးကို အထစ်အငေါ့မရှိလည်ပတ်နိုင်စေသော ဝန်ဆောင်မှုများကိုလည်းတာဝန်ယူလျက်ရှိပါတယ်။ ဖန်လန်နိုင်ငံရှိ အက်ပူးမြို့တော်တွင် အခြေစိုက်ရုံးချုပ်ရှိပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၂၀ တွင်မိုဘိုင်းလက်ကိုင်ဖုန်းပေါင်း ၁၃ ဘီလျံယူရိုတန်ဖိုးရောင်းခဲ့ပါတယ်။
အူရီဒူးမြန်မာကွန်ရက်ကို သုံးစွဲသူများ အနေဖြင့် ပိုမိုကောင်းမွန်သော အရည်အသွေးမြင့် ဝန်ဆောင်မှုများ အပေါ်ပိုမို နှစ်ခြိုက်မှာဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက် သုံးစွဲသူအသစ်များကိုလည်း အူရီဒူးကွန်ရက် ကို အသုံးပြုချင်လာအောင် အူရီဒူးမြန်မာအနေဖြင့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အူရီဒူးမြန်မာ ကွန်ရက်အနေဖြင့် အထပ်မြင့် အဆောက်အဦး အတွင်း အပြင် ကျသည့် နေရာများအထိ ကွန်ရက် လွှမ်းခြုံမှု လစ်လပ်နေသည့် နေရာများ ကို ကွန်ရက် အရည်အသွေး ကောင်းမွန်စေရန် အတွက် အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Nokia မှ အူရီဒူးမြန်မာ ကွန်ရက်တစ်ခုလုံးကို အချိတ်အဆက်မိမိ ပြီးပြည့်စုံကောင်းမွန်သည့် ကွန်ရက်ဖြစ်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မိုဘိုင်း ကွန်ရက်နှင့် ဆက်စပ်လျက်ရှိသော အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များက အဆင့်မြင့် ကိရိယာများ နှင့် နည်းပညာများကို ပေါင်းစပ် ပြီး အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယင်း အစီစဉ်ကောင်းများကြောင့် Social Media များ ၊ Video များ နှင့် Online Games များကို အသုံးပြုနေသည့် အူရီဒူးသုံးစွဲသူ လူငယ်များကို အကောင်းဝန်ဆောင်ပေးကာ အဓိကထားပြီး အထူးပြုဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အူရီဒူးမြန်မာ ရဲ့ ကွန်ရက်ကို ခွဲခြမ်းစိတ်ဖြာပေးမည့် Nokia Traffica ဆော့ဝဲ မှ အချိန်နှင့် တစ်ပြေးညီ ကွန်ရက်၏ ပြစ်ချက်များကို ရှာဖွေကာ စီမံခန့်ခွဲပေးသွားမည်ဖြစ်ပြီး လို့အပ်သောနေရာများတွင် ကွန်ရက်လိုင်းရဲ့ ဆက်စပ်ပစ္စည်းများ ကို ပံ့ပိုးသွားပေးသွားမည်ဖြစ်၍ အူရီဒူးမြန်မာ ကွန်ရက်ကို အဆင့်မြင့်စွာ ကောင်းဆုံးဝန်ဆောင်မှု ကို သုံးစွဲနိုင်စေရန်အတွက် သုံးစွဲသူအတွေ့အကြုံ များကိုလည်းပေးအပ်နိုင်ရန် ကူညီပေးအပ်သွားမည်ဖြစ်ကြောင်းသတင်းပေးလိုက်ရပါတယ်။