မကြာမီဖြန်ချီတော့မည့် စတုတ္ထမြောက် မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ MYTEL

https://www.facebook.com/mytelmyanmar

မြန်မာ့ဆက်သွယ်ရေး စတုတ္ထမြောက် အော်ပရေတာ MYTEL ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Viettel Gobal JSC, Star High အများပိုင်ကုမ္ပဏီ နှင့် အများနှင့်သက်ဆိုင်သော မြန်မာ့အမျိုးသားဆက်သွယ်ရေးကုမ္ပဏီတို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော စတုတ္ထမြောက် မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အကျိုးတူပူးပေါင်းမှုလုပ်ငန်း ၏ ၅၁% ကို မြန်မာနိုင်ငံသားများက ပိုင်ဆိုင်ပြီး ၄၉% ကိုတော့ ဗီယက်နမ် နိုင်ငံသားအစုရှယ်ယာရှင်များက ပိုင်းဆိုင်ကြပါတယ်။ MYTEL သည် မြန်မာ့ဆက်သွယ်ရေး နှင့် နည်းပညာကဏ္ဍ တိုးတက်စေရန်ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံံထားလျက်ရှိပြီး ကမ္ဘာပေါ်တွင်တိုးတက်မှုအမြန်ဆုံးကုမ္ပဏီဝင်တစ်ခုဖြစ်သော Viettel ၏ အရည်အသွေးကောင်းမွန်ပြီး လူတိုင်းတက်နိုင်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြည်တွင်းနှင့်လိုက်လျောညီတွေဖြစ်အောင် ၀န်ဆောင်မှုများကိုပေးရန်ကတိပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်း အစုရှယ်ယာဝင်လုပ်ငန်းများ၏ ရှိနှင့်ပြီးသား တာဝါတိုင်းများ နှင့် အခြေခံအဆောက်အဦးများ ကို အသုံးပြုပြီး နိုင်ငံတစ်ဝန်းလုံးကို အရည်အသွေးပြည့်မှီသော ကွန်ယက်များထောက်ပံ့ပေးနိုင်ရန်မျှော်လင့်ထားပြီး မြန်မာ့ပြည်သူလူထု အဖွဲ့အစည်းများနှင့် စီးပွားရေး တို့ကိုလည်း တိုးမြှင့်လုပ်ဆောင်ပေးမည်ဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး စတုတ္ထမြောက် အော်ပရေတာ MYTEL ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော “First Call” ပွဲနှင့်အတူစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ထို့အပြင် မြန်မာပြည်သူပြည်သားများ အားလုံးကို ၀န်ဆောင်မှုကောင်းများကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် MYTEL မှ မတ်လ ၂၄ ရက်က မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် မှ စီစဉ်ကျင်းပသော ပညာရေးနှင့်စွမ်းရည်ပြိုင်ပွဲဖြစ်သော အမျိုးသား ICT ၂၀၁၇ ဆုပေးပွဲအခမ်းအနားတွင် တရားဝင်စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသား ICT ဆုပေးပွဲတွင် အလားအလာကောင်းတဲ့ မြန်မာကျောင်းသားကျောင်းသူတွေရဲ့ စွမ်းဆောင်ရည်တွေကို ပံ့ပိုးပေးတဲ့ ထူးခြားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူး အခါသမယ အားကြိုဆိုသောအားဖြင့် မြန်မာပြည်သူပြည်သားများစိတ်ပျော်ရွှင်ကြည်နူးစေရန်ရည်ရွယ်ပြီး MYTEL Myanmar နှင့် ရွှေသံလွင် Media Sky Net မိသားစု နဲ့ပူးပေါင်းပြီး ၁၉ လမ်း ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွေ MYTEL မှ စပွန်ဆားပေးခဲ့ပြီး မြန်မာ့နှစ်သစ်ကို အတူပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။

Telecom International Myanmar Company Limited (Mytel) မှာ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတဲ့ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းမှထည့်ဝင်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ MYTEL က အစိုးရဆီကနေ ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် စတုတ္ထမြောက်တရားဝင် ဆက်သွယ်ရေးကုမ္ပဏီ အဖြစ် ဝင်ရောက်လာတာဖြစ်ပြီး မြန်မာနိုင်ငံဆက်သွယ် ရေး ကဏ္ဍဖွဲ့စည်းပုံ Viettel ရဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးအတွက် ပထမဦးဆုံး 4G ကွန်ယက်ကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံများမှာ ကုမ္ပဏီကြီးများက Public Private လက်တွဲပူးပေါင်းမှုနဲ့ လုပ်ဆောင်လျက်ရှိပြီး သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှု မြန်ဆန်တဲ့ ကွန်ယက်တွေကိုပေးစွမ်းလိုတဲ့အတွက် MYTEL ကမြန်မာနိုင်ငံကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခု နှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်ကျော်တိုင် အတွေ့အကြုံရှိသည့် Vietnam နိုင်ငံ Viettel ကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ MYTEL သည် စီးပွားရေးလုပ်ငန်းခွဲ ၁၈ ခုမှတဆင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နှင့် ပထမဦးဆုံးသော နိုင်ငံတဝှမ်း 4G ကွန်ယက်ဝန်ဆောင်မှုပေးကာ သုံးစွဲသူများအား ၎င်းတို၏ ရည်မှန်းချက်မျာအားဖြည့်ဆည်းနိုင်ရုံသာမက အနယ်နယ်အရပ်ရပ်ရှိ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများအလွယ်တကူဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေး စတုတ္ထမြောက် အော်ပရေတာ MYTEL သည် မြန်မာနိုင်ငံတဝန်းလုံးရှိ တချို့ဒေသများတွင် SIM ကဒ် များကို မတ်လ ၁၅ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး သုံးစွဲသူများ၏ 4G ကွန်ယက် ၀န်ဆောင်မှုများကို ပထမဦးဆုံးအနေဖြင့် ပေးအပ်ခဲ့ပါတယ်။ MYTEL မှ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို နေပြည်တော် ပဲခူးတိုင်း အရှေ့ပိုင်း နှင့် ကရင်ပြည်နယ်တို့တွင် စတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကျန်ပြည်နယ်နှင့်တိုင်းဒေသ ကြီးများတွင်လည်း ၄င်းတို့ ကွန်ယက်များကို ချဲ့ထွင်မည့် အစီအစဉ်အား လာမည့်လများတွင် အပြီးသတ်ကောင်အထည်ဖော်ပေးသွားမည်ဖြစ်ပါတယ်။ MYTEL SIM ကဒ် တစ်ကဒ်ကို မြန်မာကျပ်ငွေ ၁၅၀၀ ကျပ်ဖြင့်စတင်ရောင်းချမည်ဖြစ်ပြီး “Welcome Bonus” အနေဖြင့် SIM ကဒ်အား စာရင်းသွင်းပြီး ရက်ပေါင်း ၆၀ အတွင်း ရ၅၀ MB နှင့် MYTEL လိုင်းအချင်းချင်း ဖုန်းခေါ်ဆိုနိုင်ရန်အတွက် မိနစ် ၁၀၀ On-net ရရှိနိုင်မှာဖြစ်ပြီး ရရှိထားသော Bonus များကိုလည်း ရရှိထားသည့်လအတွင်း သုံးစွဲ၍ မကုန်ပါက နောက်လများတွင်ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ MYTEL ၏ ဖုန်းခေါ်ဆိုမှုနှုန်းထားများမှာ MYTEL လိုင်းအချင်းချင်း ဖုန်းခေါ်ဆိုခမှာ ၁မိနစ်လျှင် ၁၀ ကျပ် ၊ MYTEL မှ အခြားဆက်သွယ်ရေးအော်ပရေတာများ သို့ဖုန်းခေါ်ဆိုခမှာ ၁မိနစ်လျှင် ၂၃ ကျပ် နှင့် SMS ၀န်ဆောင်မှုအားလုံးအတွက် ၁စောင်လျှင် ၁၀ကျပ်နှုန်းသတ်မှတ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ နိုင်ငံတဝှမ်း 4G ကွန်ယက်ဝန်ဆောင်မှုကို ပထမဦးဆုံးသော နှင့် တစ်ခုတည်းသော ၀န်ဆောင်မှုများပေးလျက်ရှိသော MYTEL ကိုအသုံးပြုပြီး အနယ်နယ်အရပ်ရပ်ရှိ မိသားစု နှင့် မိတ်ဆွေအပေါင်းအသင်းများအား အလွယ်တကူဆက်သွယ်ပြီး စိတ်ချမ်မြေ့ စွာသုံးစွဲရင်စိတ်ပျော်ရွှင်နိုင်ကြပါစေ ရည်ရွယ်ပြီး သတင်းပေးတင်ဆက်လိုက်ပါတယ်။