Facebook Page များအတွက် အခြေခံ audience ချိန်နည်းများ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ Facebook Page များအတွက် အခြေခံ audience ချိန်နည်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း Page တစ်ခုဖြစ်ဖြစ်၊ ကျန်းမာရေးဆိုင်ရာ Page တစ်ခုပဲဖြစ်ဖြစ် မည်သည့် Page မဆို အခြေခံ audience ချိန်နည်းဟာ အရေးကြီးတဲ့ ကဏ္ဍ တစ်ခုမှာပါဝင်ပါတယ်။ အခြေခံ audience ချိန်နည်းကို အောက်ပါအတိုင်း တစ်ဆင့်ခြင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) Manage Page ထဲကို ဝင်ပြီး Audiences ကိုနိုပ်ပါ။ Audience အသစ်ရွေးချယ်မှာဖြစ်တဲ့အတွက် အောက်ဆုံးက Create New Audience ကိုနိုပ်ပါ။


(၂) ပေါ်လာတဲ့ Create a saved audience နေရာမှာ ကိုကြော်ငြာချင်တဲ့ နာမည်ကို ရိုက်ထည့်ပါ။


(၃) ပြီးရင် ကြော်ငြာချင်တဲ့လူတွေရဲ့ နိုင်ငံနဲ့ မြို့နေရာတွေကို ရွေးချယ်ပြီး ဖြည့်စွတ်ရမှာဖြစ်ပါတယ်။


(၄) အဲ့ဒါပြီးတာနဲ့ ကိုယ်ကြော်ငြာချင်တဲ့ ကြော်ငြာက ယောင်္ကျားတွေအတွက်လား။ မိန်းမတွေအတွက်လား။ အားလုံးအ တွက်လားဆိုတာ Age မှာ ရွေးချယ်ရမှာဖြစ်ပါတယ်။ အားလုံးကို ကြော်ငြာချင်ရင်တော့ All ကို နိုပ်ရပါမယ်။ Languages မှာ လည်းကို အသုံးပြုချင်တဲ့ ဘာသာစကားကို ရိုက်ထည့်ပါ။


(၅) Detailed targeting မှာတော့ ကိုယ့်ကြော်ငြာက Shopping လား။ အခြားစီးပွားရေး လုပ်ငန်း Page လားဆိုတာ ရွေးချယ်ဖြည့်စွတ်ရမှာဖြစ်ပါတယ်။


(၆) ပြီးရင် အောက်မှာပေါ်နေတဲ့ Facebook Pages နဲ့ Apps ကတော့ မိမိကြော်ငြာက Facebook Page ကို Like & Follow လုပ်ထားသူတွေအတွက် ဖော်ပြမှာလားဆိုတာ ရွေးချယ်ရမှာဖြစ်ပါတယ်။ မိမိမှာ Facebook Page အပြင် App ရှိနေသေး တယ်ဆိုရင်လည်း မိမိကြော်ငြာကို App အသုံးပြုတဲ့သူတွေအတွက် ရည်ရွယ်ထားသလားဆိုတာ ရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးချယ်ဖြည့်စွတ်ပြီးတာနဲ့ အောက်ဆုံးညာဘက်ထောင့်က Create Saved Audiences ကို နိုပ်ရင်ရပါပြီ။


အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ Audience ချိန်နည်း အကြောင်းပဲဖြစ်ပါတယ်။ နောက်အပတ်စဉ်တိုင်း ဗုဒ္ဓနေ့များ မှာလည်း target audience ဆောက်နည်းနဲ့ ကြေငြာချိန်နည်းများစွာကို အခန်းဆက်အနေဖြင့်ပုံနဲ့တကွ အသေးစိတ် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။