ပိုမိုကောင်းမွန်သော နည်းပညာများနှင့် နောက်ဆုံးပေါ် Huawei nova စမတ်ဖုန်း HUAWEI nova 11i အား Pre-Order မှာယူနိုင်

Huawei Consumer Business Group (BG) သည် Huawei nova မိသားစုဝင်အသစ်ဖြစ်သည့် နောက်ဆုံးပေါ် HUAWEI nova 11i အား မြန်မာကျပ် ၅၉၉,၀၀၀ ဖြင့် ဇွန်လ (၂) ရက်နေ့အထိ Pre-order မှာယူနိုင်ပြီး Pre-order မှာယူသူများအနေဖြင့် Power Bank တစ်လုံးလက်ဆောင်ရရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဈေးကွက်သည် HUAWEI nova 11i အား တရုတ်နိုင်ငံပြင်ပ နိုင်ငံတကာဈေးကွက်အတွင်း ပထမဆုံးမိတ်ဆက်သည့် ဈေးကွက်ဖြစ်သည်။

HUAWEI nova 11i သည် ယခင်မျိုးဆက်များ၏ ဂန္ထ၀င်ဆန်သော Star Ring ဒီဇိုင်းကို ဆက်လက်အမွေဆက်ခံထားခြင်း ဖြစ်ပြီး ကြယ်ပတ်လမ်းကြောင်းအတွင်း ကြယ်နှစ်စင်းပုံသဏ္ဌာန်ကို ပုံဖော်ထားကာ အာကာသစူးစမ်းလေ့လာရေး သဘောတရားနှင့် ပေါင်းစပ်ထားသည်။ Nova ၏ ထူးခြားကောင်းမွန်သော သတ်မှတ်စံနှုန်းနှင့်အညီ ပါးလွှာသော မျက်နှာပြင်ကို 1mm ultra-narrow bezels များဖြင့် ကာရံထားသောကြောင့် အံ့အားသင့်ဖွယ် 94.9% screen-to-body ratio ကို ရရှိစေသည်။ 8.55mm အထူနှင့် အလေးချိန် 193g သာရှိသောကြောင့် one-hand browsing လက်တစ်ဖက်တည်းဖြင့် ဖုန်းအသုံးပြုနိုင်သည့်အပြင် မည်သည့်အိတ် (သို့မဟုတ်) အိတ်ကပ်များတွင်မဆို လွယ်ကူအဆင်ပြေကာ အံ၀င်ခွင်ကျဖြစ်နေစေသည်။

Image: huawei

HUAWEI nova 11i တွင် 40 W HUAWEI SuperCharge Turbo ပါ၀င်ပြီး မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီအား ၆၀ % အထိ ရရှိနိုင်သည်။ ၁၀ မိနစ် အားသွင်းထားခြင်းဖြင့် ၁၂ နာရီ ဖုန်းခေါ်ဆိုခြင်း၊ ၆ နာရီ ဗီဒီယိုကြည့်ခြင်း၊ ၂ နာရီ ဂိမ်းကစားခြင်းနှင့် ၂၃ နာရီ သီချင်းနားထောင်ခြင်းများအတွက် လုံလောက်စေသည်။ HUAWEI nova 11i တွင် 22-layer battery charging protection system လည်း ပါ၀င်သည့်အတွက် စိတ်အေးချမ်းသာမှုအပြည့်ဖြင့် ဖုန်းကို အမြန်အားသွင်းနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် 5,000 mAh စွမ်းရည်မြင့်ဘက်ထရီဖြင့် နေ့စဉ်နေ့တိုင်း စွမ်းအားပြည့်၀စေရန် ဒီဇိုင်းပြုလုပ်ထားသည်။

HUAWEI nova 11i ၏ 48 MP ပင်မအနောက်ကင်မရာတွင် f/1.8 အလင်း၀င်ပေါက်၊ 1/2-inch sensor နှင့် ပိုကြီးသော 1.6 μm pixelsကိုထုတ်လုပ်နိုင်သည့် 4-in-1pixel fusion technology တို့ပါ၀င်သည်။ High-res ကင်မရာသည် မှုန်ဖျော့ဖျော့နှင့် နောက်ခံအလင်းရောင်ရှိသော ပတ်၀န်းကျင်များတွင် အံ့မခန်းဖွယ်ရာ ပုံရိပ်များကို ရိုက်ကူးနိုင်ရန်အတွက် all-scenario RAW domain solution နှင့် ချောမွေ့စွာ အလုပ်လုပ်ဆောင်သည်။

Selfie ဓာတ်ပုံရိုက်ကူးရန်အတွက် 16 MP selfie ကင်မရာသည် portrait segmentation နှင့် backlit selfies ပုံရိပ်များကို ထောက်ပံ့ပေးပြီး တစ်ချိန်တည်းတွင် AI Beauty 5.1 နှင့် AI beautification algorithms များသည် မျက်နှာအသွင်အပြင်၊ အသားအရေ ချောမွေ့အောင် ပြုပြင်ပေးပြီး အခြားသော အလှအပဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း ပိုကောင်းအောင် ပံ့ပိုးပေးထားသည်။

HUAWEI nova 11i ကို 8+128 GB အမျိုးအစားများဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Starry Black (အနက်ရောင်)နှင့် Mint Green (အစိမ်းရောင်)တို့အား မြန်မာကျပ် ၅၉၉,၀၀၀ ဖြင့် မေလ (၂၇) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် Pre-order မှာယူနိုင်တော့မည်ဖြစ်ပြီး Pre-order မှာယူသူများအနေဖြင့် Power Bank တစ်လုံး လက်ဆောင်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။