မြန်မာပြည်တွင်း Foodpanda ဝန်ဆောင်မှုများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်တဲ့ ထပ်တိုးမြို့နဲ့ ဧရိယာများထုန်ပြန်

foodpanda ရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး၊ တောင်ငူ၊ ပခုက္ကူ၊ မုဒုံနဲ့ ပုသိမ်မြို့တွေမှာရှိတဲ့ သတ်မှတ်ဧရိယာအများစုမှာ အိမ်အရောက်ငွေပေးချေမှု (Cash on delivery)အပြင် ငွေသားမဲ့ ကတ်စနစ် (Card Payment) နှစ်မျိုးစလုံးအသုံးပြုကာ ပြန်လည်မှာယူနိုင်ပြီဖြစ်ကြောင်း FoodPanda မှထုတ်ပြန်ထားပါတယ်။
ဝန်ဆောင်မှုပေးတဲ့အချိန်ကတော့ နံနက် ရ နာရီမှ ည ရ နာရီထိလည်းဖြစ်ပါတယ်။ ဒါ့အပြင် မေလ ၂၆ မှ ဇွန်လ ၃ ရက်နေ့အထိ နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအတွင်း အော်ဒါမှာယူတဲ့အခါ ဘောက်ချာကုတ် ‘SAVEUP’ ကိုသုံးရင် ၅၀ ရာခိုင်နှုန်းလျှော့ဈေး ၂၅၀၀ ကျပ်အထိ ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ နေ့စဉ် ဘောင်ချာအရေအတွက်ကန့်သတ်ထားပါတယ်။ ဘောက်ချာနဲ့ပတ်သက်ပြီးအသေးစိတ်ကို foodpanda အက်ပ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Photo Source https://www.facebook.com/foodpandamyanmar

foodpanda ရဲ့ အစဉ်တစိုက်ရည်မှန်းချက်မှာ သုံးစွဲသူမိဘပြည်သူများအတွက် အစားအသောက်နဲ့ကုန်စုံတွေကို လုံခြုံလျင် မြန်စွာပို့ဆောင်ပေးနိုင်ဖို့၊ မိတ်ဖက်ဆိုင်တွေ အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းများဆောင်ရွက်နိုင်ဖို့နဲ့ ပို့ဆောင်သူ rider များ အတွက် ဝင်ငွေရရှိနိုင်ရန်အခွင့်အလမ်းများဖန်တီးပေးနိုင်ဖို့ ဖြစ်ကြောင်း သုံးစွဲသူများမှာယူလိုက်တဲ့ အစားအသောက်နဲ့ ကုန်စုံအော်ဒါတစ်ခုဆီတိုင်းက မိတ်ဖက်ဆိုင်များနဲ့ ပို့ဆောင်သူတွေအတွက် အထောက်အကူပြုလျက်ရှိ ကြောင်း Foodpanda က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ယခုကာလမှာလည်း ဒီရည်မှန်းချက်တွေကို ဦးတည်ပြီး သုံးစွဲသူများ ကုန်ကျစရိတ်သက်သာစွာမှာယူနိုင်ရန်နဲ့ ပို့ဆောင်သူတွေနဲ့ မိတ်ဖက်ဆိုင်တွေကို အားပေးနိုင်ဖို့ အထူးဘောက်ချာကုတ်ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပြီး အောက်ပါ ဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။
(၁) ယခုအခါ သုံးစွဲသူများလိုအပ်တဲ့အစားအသောက်နဲ့ကုန်စုံတွေမှာယူနိုင်ဖို့အတွက် foodpanda ပလက်ဖောင်းပေါ်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ ပခုက္ကူမြို့၊ တောင်ငူမြို့တွေအပြင် မကြာသေးမီက မိတ်ဆက်ပေးထားတဲ့ မုဒုံမြို့အတွင်းရှိ စားသောက်ဆိုင်နဲ့ ဆိုင်တွေ(shops) အများအပြားကို ပြန်လည်ဖွင့်လှစ်ထားပါတယ်။ ပို့ဆောင်ရေးဝန်ဆောင်မှုအပြင် ကိုယ်တိုင်ယူစနစ် (Pick-Up) ကိုလည်းအသုံးပြုနိုင်ပါတယ်။

Photo Source https://www.facebook.com/foodpandamyanmar

(၂) ငွေသားနဲ့ပေးချေရန် အခက်အခဲရှိတဲ့သူတွေအတွက် foodpanda မှာငွေသားအပြင် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် လွယ်လွယ်ကူကူမှာယူနိုင်ပါတယ်။
(၃) သုံးစွဲသူများအဆင်ပြေစွာမှာယူနိုင်ရန်အတွက် မှာယူနိုင်မယ့်အချိန်ကို နံနက် (၇) နာရီမှ ည (၇) နာရီအတွင်း တိုးမြှင့်သတ်မှတ်ပေးထားပါတယ်။
(၄) ပို့ဆောင်သူချက်ချင်းလိုအပ်သည့် မိတ်ဖက်တွေနဲ့ အွန်လိုင်းရှော့ပင်းလုပ်ကိုင်နေသူတွေအတွက် ပို့ဆောင်သူ foodpanda rider ချက်ချင်းရှာဖွေပေးနိုင်သည့် pandago ဝန်ဆောင်မှုကိုလည်း မိတ်ဆက်ပေးထားပါတယ်။
အသေးစိတ်ကို အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/foodpandamyanmar/posts/298984501559775
https://www.facebook.com/foodpandamyanmar