နိုင်ငံတကာမှာ ရောင်းအားအကောင်းဆုံး သုတစာအုပ်များစွာကို မြန်မာဘာသာဖြင့်ဖတ်ရှုနိုင်မည့် Shwe Note Application

နိုင်ငံတကာမှာ တစ်နှစ်ကို စာအုပ်ပေါင်း ၁၀၀၀၀၀ ကျော်လောက်ထွက်ပါတယ်။ အင်္ဂလိပ်စာအုပ်တွေကို လေ့လာရာမှာ အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်တဲ့ ဘာသာစကားခက်ခဲမှုကို ကျော်လွှားနိုင်ပြီး၊ နိုင်ငံတကာ ဗဟုသုတတွေကို မြန်မာဘာသာနဲ့ လေ့လာဖတ်ရှုနိုင်တာကြောင့် Shwe Note App ဟာ ကောင်းမွန်တဲ့အဖော်မွန်တစ်ခုလည်းဖြစ်ပါတယ်။
Shwe Note ဆိုတာက ကမ္ဘာကျော်စာအုပ်ပေါင်းများစွာက ပေးလိုတဲ့ Message တွေကို အချိန်တိုအတွင်း မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်ပြီး၊ အသိပညာ ဗဟုသုတတွေ ရစေဖို့ .. ဖန်တီးပေးထားတဲ့ ပရော်ဖက်ရှင်နယ် အနှစ်ချုပ်စာအုပ် (Book Summary) Application တစ်ခုဖြစ်ပါတယ်။

Photo Source https://www.facebook.com/ShweNoteApplication

ဘယ်စာအုပ်ဖတ်ရမလဲ မသိသူတွေ၊ နိုင်ငံတကာ ဗဟုသုတ ရှာမှီးချင်သူတွေ၊ အချိန်အများကြီးပေးဖို့ ခက်ခဲသူတွေ၊ အင်္ဂလိပ်စာ အားနည်းသူတွေအတွက် ခေတ္တအနားယူချိန်၊ ရုံးတက်ရုံးဆင်းကားစောင့်နေရချိန်၊ ညအိပ်ခါနီး စိတ်ရောကိုယ်ပါ အနားယူချိန်လေးတွေမှာ ၁၅ မိနစ်လောက် ဖဲ့ပြီး အချိန်ပေးရုံနဲ့ ကမ္ဘာကျော် ဗဟုသုတ စာအုပ်တွေ၊၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေက ရွေးချယ်ပေးတဲ့စာအုပ်တွေ၊ နိုင်ငံတကာမှာ အရောင်းရဆုံး စာအုပ်တွေထဲက အကြောင်းအရာ တွေကို ချုံငုံလေ့လာပြီးသား ဖြစ်သွားမှာအသေအချာပါပဲ။
အချိန်များစွာ ကုန်ဆုံးပြီးမှ သိနားလည်နိုင်မယ့် အသိပညာတွေကို ၃၀ မိနစ်စာလောက်နဲ့ လွယ်ကူစွာ သိမြင်ထားပြီးဖြစ် တာကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နေ့စဉ်လုပ်ငန်းခွင်တွေမှာ ကိုယ်တတ်သိထားတဲ့ နိုင်ငံတကာ ဗဟုသုတ တွေက ကိုယ့်ကို တခြားသူတွေထက် ခေါင်းတစ်လုံးပိုသာစေမှာအမှန်ပါ။
ShweNote ရဲ့ ရည်ရွယ်ချက်က အကျိုးအမြတ်ကို အဓိကမထားပဲ မြန်မာနိုင်ငံသားအားလုံး နိုင်ငံတကာ အသိပညာ ဗဟုသု တတွေကို လွယ်လွယ်ကူကူ ရရှိနိုင်ပြီး ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်စေဖို့ ဖြစ်ပါတယ်။ ShweNote စာအုပ်စင်မှာရှိတဲ့ ရာနဲ့ချီတဲ့ စာအုပ်အားလုံးကို အွန်လိုင်းသင်တန်းကြေးတွေ၊ pdf စာအုပ်ဖိုးတွေထက် အများကြီး သက်သာတဲ့ နှုန်းထားဖြစ်တဲ့ (လစဉ် ၂၅၀၀ ကျပ်) သို့မဟုတ် (၁နှစ်လုံးစာ – ၁၅,၀၀၀ ကျပ်) တည်းနဲ့ စာရင်းပေးသွင်းပြီး ဖတ်ရှုနိုင်ပါတယ်။ ပါဝင်တဲ့ ကဏ္ဍတွေကတော့
Personal Development
Health & Food
Psychology & Happiness
Business & Management
Sales & Marketing
Biography
Education & Learning
History & Politics
General Knowledge
Parenting & Relationship တို့ပဲဖြစ်ပါတယ်။

Photo Source https://www.facebook.com/ShweNoteApplication

အဆိုပါစာအုပ်တွေဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပါမောက္ခတွေ၊ သုတေသနပညာရှင်တွေ ရေးသားထားတဲ့ စာအုပ်တွေဖြစ်သလို၊ တစ်ချို့စာအုပ်တွေဆိုရင် Harvard နဲ့ Oxford တို့လိုထိပ်တန်းတက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်း တွေထဲမှာတောင် ပါဝင်တဲ့ စာအုပ်တွေဖြစ်ပါတယ်။ စာဖတ်ဖို့အတွက် Epub Reader ကို အသုံးပြုပေးထားတာကြောင့် font size မျိုးစုံကို စိတ်ကြိုက်ချိန်ညှိနိုင်တဲ့အတွက်၊ pdf စာအုပ်တွေလို သေးကွေးမှုန်ဝါးပြီး မျက်စိထိခိုက်တာမျိုး လုံးဝမရှိပဲ၊ ဘယ်လိုဖုန်းနဲ့တက်ဘလက်မှာမဆို အကောင်းဆုံး စာဖတ်အတွေ့အကြုံကို ခံစားနိုင်မှာပါ။
အပတ်စဉ်စာအုပ်အသစ်တွေကိုလည်း စဉ်ဆက်မပြတ် ထည့်သွင်းပေးသွားမှာဖြစ်လို့ ကိုယ့်လက်တစ်ကမ်းမှာ ရှိနေတဲ့ နိုင်ငံတကာ အသိပညာ ဗဟုသုတတွေကို ရရှိနိုင်မှာပါ။ ShweNote ကို ဆက်သွယ်လာတဲ့ ကျောင်းများ၊ အီလက်ထရောနစ် စာကြည့်တိုက်များ၊ လမ်းဘေးစာသင်ဝိုင်းများနဲ့ ပညာဒါနစာသင်ဝိုင်းများကိုလဲ အခမဲ့ဖတ်ရှုခွင့်တွေ လှူဒါန်းသွားမှာ ဖြစ်ပါ တယ်။
ShweNote application ကို Android မှာရော၊ IOS မှာပါ ဒေါင်းလုပ်ရယူပြီး ဖုန်းထဲမှာတင် လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ပါတယ်။ အောက်ပါ Link မှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.ebook.shwenote