FTTHသို့မဟုတ် ADSL နှင့် Mobile နှစ်ခုလုံးကို အသုံးပြုပါက အထူးအကျိုးခံစားခွင့်များ ရရှိမယ့် MPT

Photo Source- https://bit.ly/2OY8OFH

ယခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အွန်လိုင်းအသုံးပြုမှုတိုးပွားလာပြီး Mobile Data, Fiber Internet နဲ့ Broadband ဆိုပြီး ဈေးကွက်မှာလဲ ရွေးချယ်စရာများလာပါတယ်။ ဝယ်ယူလိုသူများအနေနဲ့လဲ သုံးစွဲရလွယ်ကူပြီး အမြန်နှုန်းမြန်ဆန်ကာ ပိုမိုဈေးတန်သော Service ကို ရွေးချယ်ဝယ်ယူလိုလာကြပါတယ်။ MPT FTTH/ADSL သို့မဟုတ် Sim အသုံးပြုသူများအတွက်တော့ FTTH နဲ့ Mobile ကို နှစ်ခုတွဲအသုံးပြုရုံနဲ့ ထပ်မံအကျိုးခံစားခွင့်များရရှိမယ့် MPT ရဲ့ Bundle service က ရွေးချယ်စရာကောင်းတစ်ခု ဖြစ်လာပါတယ်။

Photo Source- https://www.mpt.com.mm/en/

ထို Bundle Service တွင် FTTH နှင့် ADSL ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ FTTHကတော့ Fiber To Home(Fiber အင်တာနက်)ကိုခေါ်ဆိုတာဖြစ်ပြီး ADSL (Copper Access) ထက် ရာသီဥတုဒဏ်ခံနိုင်ပြီး ပိုမိုတည်ငြိမ်တဲ့လိုင်းဆွဲအားကို ရရှိမှာပါ။

FTTH အစီအစဉ်

FTTH မှာ အမြန်နှုန်းကိုလိုက်ပြီး လစဉ်ကြေးတွေပြောင်းလဲပေးဆောင်ရမှာဖြစ်ပါတယ်။ တစ်လလျှင် ၁၀ Mbps အတွက် မြန်မာကျပ်ငွေ ၃၉၀၀၀၊ ၂၅ Mbps အတွက့်မြန်မာကျပ်ငွေ ၆၉၀၀၀၊ ၅၀ Mbps အတွက် မြန်မာကျပ်ငွေ ၁၀၉၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ ထို့အပြင် MPT mobile sim card အသုံးပြုပါက အပိုဆုအနေနဲ့ မိုဘိုင်း၃ခုအထိ အကျိုးအမြတ်များ ရရှိသွားမှာဖြစ်ပါတယ်။ ထိုအကျိုးအမြတ်များမှာ-
၁။ ၁၀ Mbps အမြန်နှုန်း ဝယ်ယူအသုံးပြုလျှင် MPT sim card ၃ခုအတွက် တစ်လလျှင် ဒေတာ ၁ GB၊ voice call မိနစ် ၁၀၀၊ On-net sms အကန့်အသတ်မရှိ
၂။ ၂၅ Mbps အမြန်နှုန်း ဝယ်ယူအသုံးပြုလျှင် MPT sim card ၃ခုအတွက် တစ်လလျှင် ဒေတာ ၂ GB၊ voice call မိနစ် ၁၀၀၊ On-net sms အကန့်အသတ်မရှိ
၃။ ၅၀ Mbps အမြန်နှုန်း ဝယ်ယူအသုံးပြုလျှင် MPT sim card ၃ခုအတွက် တစ်လလျှင် ဒေတာ ၃ GB၊ voice call မိနစ် ၂၀၀၊ On-net sms အကန့်အသတ်မရှိ တို့ပဲဖြစ်ပါတယ်။ မှတ်ချက်အနေနှင့် ထိုတပ်ဆင်မှုအားလုံးအတွက် တပ်ဆင်က ၅၀၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ADSL အစီအစဉ်
အလားတူပင် ADSL မှာလဲ အမြန်နှုန်းကို မူတည်ပြီး တစ်လလျှင် ၁ Mbps အတွက် မြန်မာကျပ်ငွေ ၂၀၀၀၀၊ ၂ Mbps အတွက့်မြန်မာကျပ်ငွေ ၃၉၀၀၀၊ ၃ Mbps အတွက် မြန်မာကျပ်ငွေ ၁၀၉၀၀၀ လစဉ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ ထို့အပြင် MPT mobile sim card အသုံးပြုပါက အပိုဆုအနေနဲ့ မိုဘိုင်း၁ခု မှ ၃ခု အထိ အကျိုးအမြတ်များ ရရှိသွားမှာဖြစ်ပါတယ်။ ထိုအကျိုးအမြတ်များမှာ-
၁။ ၁ Mbps အမြန်နှုန်း ဝယ်ယူအသုံးပြုလျှင် MPT sim card ၁ ခုအတွက် တစ်လလျှင် ဒေတာ ၁ GB၊ voice call မိနစ် ၁၀၀၊ On-net sms အကန့်အသတ်မရှိ
၂။ ၂ Mbps အမြန်နှုန်း ဝယ်ယူအသုံးပြုလျှင် MPT sim card ၃ခုအတွက် တစ်လလျှင် ဒေတာ ၁ GB၊ voice call မိနစ် ၁၀၀၊ On-net sms အကန့်အသတ်မရှိ
၃။ ၃ Mbps အမြန်နှုန်း ဝယ်ယူအသုံးပြုလျှင် MPT sim card ၃ခုအတွက် တစ်လလျှင် ဒေတာ ၁ GB၊ voice call မိနစ် ၁၀၀၊ On-net sms အကန့်အသတ်မရှိ တို့ပဲဖြစ်ပါတယ်။

Bundle ဝန်ဆောင်အကျိူးအမြတ်များရယူလိုပါက အရင်ဆုံး MPT ဖုန်းနံပါတ် တစ်ခုကို အဓိကနံပါတ်သတ်မှတ်ပြီး မှတ်ပုံတင်ရပါမယ်။ အခြားနံပါတ်များကိုတော့ အဓိကနံပါတ်မှ သုံးစွဲသူကိုယ်တိုင် မှတ်ပုံတင်နိုင်ပါတယ်။ လက်ရှိအသုံးပြုသူများအနေနဲ့ကတော့ ၁၀၆ Call Center သို့ခေါ်ယူပြီးဖြစ်စေ၊ သတ်မှတ်ထားသော MPT ဆိုင်များသို့ဖြစ်စေ သွားရောက်ပြီး ဤဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ အတည်ပြုနိုင်ရန်အတွက် ငွေတောင်းခံလွှာပေါ်ရှိ DSL နံပါတ် (သို့မဟုတ်) ဖုန်းစာအုပ် နှင့် အမည် မှတ်ပုံတင်နံပါတ် တို့ပါရှိရန်လိုအပ်ပါတယ်။ အဓိကဖုန်းနံပါတ်အဖြစ်ထားမယ့် MPT ဖုန်းနံပါတ်တစ်ခုလဲ လိုအပ်ပါတယ်။အသစ်လျှောက်ထားသူများအတွက်တော့ FTTH/ADSL လိုင်းအားလျှောက်ထားစဉ်မှာ MPT မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို ပူးတွဲဝန်ဆောင်မှုအတွက် အဓိကဖုန်းနံပါတ်အဖြစ် လျှောက်ထားနိုင်ပါတယ်။တစ်ခြားနံပါတ်များကို အဓိကနံပါတ်မှ သုံးစွဲသူကိုယ်တိုင်မှတ်ပုံတင်လိုလျှင် USSD နံပါတ် *6767# သို့ဖုန်းခေါ်ဆိုပြီး မှတ်ပုံတင်နိုင်ပါတယ်။ ထို FTTH Fiber Internet ကို ရန်ကုန်၊မန္တလေးနှင့် အောက်ပါမြို့ကြီးများတွင် ရရှိနိုင်ပြီဖြစ်ပါတယ်။