ပညာရေးပိုင်းကဏ္ဍမှာ အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ ပန်းတိုင် Map Website

ခုနောက်ပိုင်း မြန်မာပြည်တွင်း အင်တာနက်အသုံးပြုမှုများပြားလာသည်နှင့်အမျှ ပညာရေးကိုစိတ်ဝင်တစားလေ့လာလိုက်စား တဲ့ အခွင့်အရေးကောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ပညာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို အွန်လိုင်းပေါ်ကနေ ရှာတယ်။ တက်ချင်တဲ့သင်တန်းကို အွန်လိုင်းပေါ်ကနေ စုံစမ်းတယ်။ အဲ့လို လူပင်ပန်းခံစရာမလိုပဲ အွန်လိုင်းပေါ်ကနေရှာဖွေ ကြည့်ရှုလို့ရတဲ့အတွက် အရမ်းကိုအဆင်ပြေပါတယ်။ အဲ့လိုလေ့လာတဲ့အခါမှာ Follow လုပ်ထားသင့်တဲ့ Page တွေရှိသလို မသိမဖြစ်သိထားရမယ့် Website တွေရှိပါတယ်။ အဲ့ဒါမှလည်း သိချင်တဲ့အကြောင်းအရာ ရှာချင်တဲ့သင်တန်းတွေကို အလွယ် တကူရှာဖွေနိုင်မှာပါ။

Photo Source- https://bit.ly/2KhZv4D

အဲ့ဒါကြောင့် ပညာရေးနဲ့ုပတ်သက်ပြီးလေ့လာနေတဲ့သူအတွက် အရေးပါအရာရောက်စေမယ့် Website တစ်ခုကိုလမ်း ညွှန်ပြသချင်ပါတယ်။ အဲ့ဒီ Website နာမည်ကတော့ ပန်းတိုင် Map Website ပဲဖြစ်ပါတယ်။ အဲ့ဒီ ပန်းတိုင် Map Website လေးမှာ ပညာရေးဆိုင်ရာအသိပညာပေးဆောင်းပါးတွေ၊ ရန်ကုန်မြို့ပေါ်မှာဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်းကျောင်း တွေကို ရှာဖွေကြည့်ရှုမှတ်သားပြီး တက်ရောက်လို့ရအောင် စီစဉ်ဆောင်ရွက်ပေးထားတဲ့ အကျိုးရှိတဲ့ပညာရေး Website တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ ပန်းတိုင် Map Facebook Page မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါသေးတယ်။ အဲ့ဒီ Page ဟာလည်း ယနေ့လက်ရှိအချိန်မှာ Like နဲ့ Follow သုံးသောင်းခွဲကျော်ရရှိထားတာဖြစ်ပြီး ပညာရေးနဲ့ပတ်သက်တဲ့အ ကြောင်းအရာတွေကို အစဉ်ဖော်ပြပေးလျက်ရှိပါတယ်။

Photo Source- https://pandaingmap.com/

ကိုယ်က ဘယ်မြို့နယ်မှာ အရည်အသွေးပြည့်ဝပြီးကောင်းမွန်တဲ့ ဘာသာစကားသင်တန်းကိုတက်ချင်တယ်။ ကိုယ်နေတဲ့မြို့ နယ်နဲ့လည်း နီးချင်တယ်။ ဘယ်လိုရှာရမလဲ။ ဘယ်လိုစုံစမ်းရမယ်ဆိုတာ မသိတဲ့သူတွေအတွက် ပန်းတိုင် Map Website ကကူညီပေးပါတယ်။ ဒါ့အပြင် ပညာရေးနဲ့သက်ဆိုင်တဲ့ စိတ်ဝင်စားဖွယ်ရာအသိပညာပေးဆောင်းပါးတွေကိုလည်း ပန်းတိုင် Map Website မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ အဲ့လို ပညာရေးပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေတဲ့ ဆောင်းပါးတွေကိုလည်း ပန်း တိုင် Map Website က အမြဲတင်ဆက်ဖော်ပြပေးလျက်ရှိပါတယ်။

Photo Source- https://pandaingmap.com/

ပန်းတိုင် Map Website ကိုစတင်ဝင်ရောက်လိုက်ပြီဆိုတာနဲ့ “အခုပဲ ကျောင်းတွေနဲ့အတန်းတွေကို ရှာဖွေလိုက်ရအောင်” ဆိုတဲ့ စာတမ်းလေးကိုအရင်မြင်ရမှာပါ။ အဲ့ဒီအောက်မှာမှ ရှာဖွေလိုတဲ့ကျောင်းနာမည်၊ ကျောင်းတည်နေရာ၊ မိမိတက်ရောက် လိုတဲ့ သက်ဆိုင်ရာသင်တန်းအမည်တွေကို ရွေးချယ်ရှာဖွေနိုင်အောင် စီစဉ်ပြသထားပါတယ်။ ပန်းတိုင် Map Website မှာ ရန်ကုန်မြို့မှာရှိတဲ့ကျောင်းစုစုပေါင်း သုံးထောင်နီးပါးကို ထည့်သွင်းဖော်ပြထားပါတယ်။ ပန်းတိုင် Map Website ထဲက “ကျောင်းများကို မြို့နယ်အလိုက် ရှာဖွေလိုက်ပါ” ဆိုတဲ့စာတမ်းလေးနဲ့ဖော်ပြထားပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ဝင်ရောက်ကြည့်ရှုလို့ရနိုင်အောင်ပြုလုပ်ထားတဲ့ Website တစ်ခုပဲဖြစ်ပါတယ်။

Photo Source- https://pandaingmap.com/

ကျောင်းများတည်ရှိရာနေရာကို အလွယ်တကူရှာဖွေနိုင်စေရန် မြေပုံနဲ့အသေးစိတ်ပြသထားပြီး ကျောင်းနေရပ်လိပ်စာကိုပါ ထည့်သွင်း ဖော်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်တက်ချင်တဲ့ကျောင်းနာမည်၊ သင်တန်းအမျိုးအစားတွေကို ရှာဖွေရာမှာလည်း မိမိနဲ့သင့်တော်မယ့်ကျောင်းကို တစ်ခုမဟုတ်တစ်ခု စိတ်ကြိုက်ရွေးချယ်နိုင်သလို ကျောင်းရဲ့အသေး စိတ်အချက်အလက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာကြာင့် အသုံးပြုသူအတွက် အရမ်းကိုအဆင်ပြေစေပါတယ်။
ကလေးမိဘတွေအတွက်လည်း မိမိရဲ့ကလေးတွေ ကို Pre School ထားချင်တယ်ဆိုရင်တယ်ဆိုရင်လည်း မိမိအိမ်နဲ့အနီးဆုံး မှာရှိနိုင်မယ့် Pre School တစ်ခုကို ပန်းတိုင် Map Website မှာဝင်ရောက်ရှာဖွေနိုင်ပြီး မိမိကလေးနဲ့အဆင်ပြေစေမယ့် ကျောင်းကိုရွေးချယ်ထားရှိလို့ လည်းရပါသေးတယ်။
သင်တန်းကျောင်းဖွင့်လှစ်သင်ကြားပေးနေတဲ့သူတွေအတွက်လည်း မိမိသင်တန်းကျောင်း၊ ကျောင်းသား၊ကျောင်းသူများကြား မှာ အသိအမှတ်အများဆုံးပြုခံရတဲ့ သင်တန်းကျောင်းတစ်ခုဖြစ်လာချင်တယ်။ တဆင့်စကားတစ်ဆင့်နားနဲ့ အောင်မြင်ကျော် ကြားတဲ့ သင်တန်းကျောင်းတစ်ခုအဖြစ် ထွက်ပေါ်လာစေချင်တယ်ဆိုရင်လည်း ပန်းတိုင် Map Website နဲ့ Facebook Page မှာ ထည့်သွင်းဖော်ပြလို့လည်း လက်ခံပေးပါတယ်။

Photo Source- https://pandaingmap.com/

ဒါမှမဟုတ် မိမိဖွင့်လှစ်မယ့် သင်တန်းတွေရဲ့သင်တန်းဖွင့်ရက်နဲ့ သင်တန်းအချိန်ဇယားကိုလည်း ကျောင်းသူ၊ ကျောင်းသား များများသိရှိအောင် ထည့်သွင်းဖော်ပြချင်တယ်ဆိုရင်လည်း ဖုန်းဆက်၍ ဖြစ်စေ ပန်းတိုင် Map Chat Box မှဖြစ်စေ ဆက် သွယ်စုံစမ်းနိုင်ပါတယ်။
တကယ်တော့ ပညာရေးပိုင်းဆိုင်ရာကဏ္ဍတွေက ကိုယ်နဲ့မဆိုင်ဘူးဆိုတာထက် အနည်းငယ်လောက်ပဲဖြစ်ဖြစ်သိရှိနားလည် ထားသင့်တာက မမှားပါဘူး။ ကိုယ်က ကျောင်းနေအရွယ်၊ သင်တန်းတက်ရမယ့်အရွယ်မဟုတ်တော့ဘူးဆိုရင်တောင်မှ ကိုယ့်အသိုင်းအဝိုင်းမှာရှိတဲ့ သူ ငယ်ချင်းမိတ်ဆွေတွေ၊ ပညာရေးကို တစိုက်မတ်မတ်လေ့လာနေသူတွေ၊ ကိုယ့်ညီအစ်ကို မောင်နှမသားသမီး စတာတွေကို ပြန်လည်မျှဝေပေးဖို့အတွက် ပန်းတိုင် Map Website နဲ့ Facebook Page ကအသင့်တော်ဆုံး Website တစ်ခုလို့လည်းဆို နိုင်ပါတယ်။

Photo Source- https://www.facebook.com/pandaingmap/photos/a.379482085823385/381637748941152/?type=3&theater

ပန်းတိုင် Map Website နဲ့ Facebook Page အတွက် သိချင်တဲ့အကြောင်းအရာ၊ မေးမြန်းလိုသည့်အကြောင်းအရာတွေကို ဆက်သွယ်မေးမြန်းနိုင်ရန်အတွက်လည်း ဖုန်းနံပါတ်နဲ့ရုံးလိပ်စာကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ ကြော်ငြာကဏ္ဍနဲ့မိမိ ကျောင်းကို အများပြည်သူပိုမိုသိရှိစေရန်အတွက် ပန်းတိုင် Map Website နဲ့ Page မှာ ထည့်သွင်းဖော်ပြမယ်ဆိုရင်လည်း ဆက်သွယ်မေးမြန်းလို့ရပါသေးတယ်။
အောက်ဖော်ပြပါ Link မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://pandaingmap.com/contact
https://www.facebook.com/pandaingmap/?epa=SEARCH_BOX