MPT FTTH ရဲ့ ဧပြီလပရိုမိုးရှင်းအစီအစဉ်

MPT FTTH ရဲ့ ဧပြီလပရိုမိုးရှင်းအစီအစဉ်အဖြစ် တပ်ဆင်ခ ၅၀,၀၀၀ ကျပ် သက်သာခွင့်အပြင် လစဉ်ကြေး တစ်လအခမဲ့သုံးစွဲခွင့်တွေ ရရှိမှာပါ။ ဒီအခွင့်အရေးကို ရယူဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီလင့်ခ် https://bit.ly/2DRiQVD မှာ အချက်အလက်များထည့်သွင်းပေးပို့ပြီး ဝန်ဆောင်မှုရယူနိုင်ခြင်း ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

MPT FTTH နဲ့ MPT mobile ကို ပူးတွဲအသုံးပြုပြီး မိုဘိုင်းလ်ဒေတာ၊ MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှု နှင့် အကန့်အသတ်မဲ့ စာတိုဝန်ဆောင်မှု စတဲ့အကျိုးအမြတ်များကို လစဉ်ကြေးပြောင်းလဲမူမရှိဘဲ လစဉ်လတိုင်း MPT မိုဘိုင်းလ်ဖုန်း ၃လုံးအထိခံစားရယူနိုင်မယ့် Bundle Service အစီအစဉ်လေးအကြောင်း ပြောပြပေးပါမယ်။

ရွေးချယ်စရာ အမြန်နှုန်း၊ လစဉ်ကြေးနဲ့ MPT မိုဘိုင်းလ်ဖုန်း တစ်ခုစီတိုင်း ရရှိနိုင်မယ့် အကျိုးအမြတ်တွေကတော့ –
Max 10 Mbps ကို (39,000) ကျပ်သာ ကျသင့်တဲ့ FTTH Class-C မှာ ဖုန်းတစ်လုံးစီအတွက် ရရှိနိုင်မယ့် ခံစားခွင့်တွေက Mobile Data 1 GB၊ MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၁၀၀၊ MPT ဖုန်းအချင်းချင်း ကန့်သတ်ချက်မရှိ SMS ပေးပို့ခြင်းတို့ကို ဖုန်း (၃) လုံးအထိ လစဉ်လတိုင်း အကျိုးခံစားခွင့်၊
Max 25 Mbps ကို (69,000) ကျပ်သာ ကျသင့်တဲ့ FTTH Class-B မှာ ဖုန်းတစ်လုံးစီအတွက်ရရှိနိုင်မယ့် ခံစားခွင့်တွေက Mobile Data 2 GB၊ MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၁၀၀၊ MPT ဖုန်းအချင်းချင်း ကန့်သတ်ချက်မရှိ SMS ပေးပို့ခြင်းတို့ကို ဖုန်း (၃) လုံးအထိ လစဉ်လတိုင်း အကျိုးခံစားခွင့် နဲ့
Max 50 Mbps ကို (109,000) ကျပ်သာ ကျသင့်တဲ့ FTTH Class-A မှာ ဖုန်းတစ်လုံးစီအတွက်ရရှိနိုင်မယ့် ခံစားခွင့်တွေက Mobile Data 3 GB၊ MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၂၀၀၊ MPT ဖုန်းအချင်းချင်း ကန့်သတ်ချက်မရှိ SMS ပေးပို့ခြင်းတို့ကို ဖုန်း (၃) လုံးအထိ လစဉ်လတိုင်း အကျိုးခံစားခွင့်တွေကို ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ADSL သုံးစွဲသူတွေအတွက်လည်း အမျိုးအစားတူညီတဲ့ အကျိုးအမြတ်ခံစားခွင့်တွေ ရယူနိုင်အောင် စီစဉ်ထားပါတယ်။ Bundle Service ကို ရယူနိုင်ဖို့ အရင်ဆုံး သင့်ရဲ့ MPT ဖုန်းနံပါတ်ကို အဓိကနံပါတ်အဖြစ် စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။
စာရင်းပေးသွင်းပုံအဆင့်ဆင့်ကတော့ –
(၁) မိမိမှတ်ပုံတင်လိုတဲ့ MPT အဓိကနံပါတ်ကနေ ၁၀၆ ကို ဖုန်းခေါ်ဆိုပါ။ (၂) မိမိလစဉ်ဘေလ်ပေးဆောင်နေတဲ့ Invoice ပေါ်က DSL နံပါတ်၊ FTTH Account Code၊ Customer Code တွေကို ဖော်ပြပြီး သင့်ရဲ့ Mobile Phone ကို စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းထားတဲ့ ဖုန်းနံပါတ်တွေအတွက် စာရင်းပေးသွင်းတဲ့နေ့ရဲ့ ည ၂နာရီအချိန်မှသာ အကျိုးအမြတ်တွေကို ရရှိမှာဖြစ်ပြီး Notification SMS ကိုတော့ နောက်နေ့မနက်မှာမှ ရရှိမှာဖြစ်ပါတယ်။

Photos Source- MPT Myanmar Facebook( https://urlzs.com/7yBN)

အဓိကနံပါတ်ကနေ USSD နံပါတ် *6767# ကို သုံးစွဲသူကိုယ်တိုင် ဖုန်းခေါ်ဆိုပြီး အခြားနံပါတ်(၂)ခုရဲ့ အကျိုးအမြတ်တွေရယူဖို့အတွက် မှတ်ပုံတင်ပေးနိုင်ပါတယ်။

စာရင်းပေးသွင်းပုံအဆင့်ဆင့်ကို ဒီနေရာ https://bit.ly/2SwId6M မှာလည်းဝင်ရောက်လေ့လာနိုင်သလို FTTH ဝန်ဆောင်မှု၊ ပူးတွဲဝန်ဆောင်မှု အစီအစဉ် ဒါမှမဟုတ် ပရိုမိုးရှင်း နဲ့ပတ်သက်တဲ့ အသေးစိတ်ကို ၁၀၆ ကို ဖုန်းခေါ်၍ဖြစ်စေ၊ MPT ဝက်ဘ်ဆိုက် https://bit.ly/2Dq7HHM တွင်ဖြစ်စေ ကြည့့််ရူနိုင်ပါတယ်။

 

Ref:MPT