မြန်မာဘာသာဖြင့်လေ့လာနိုင်သော ဆိုင်ကယ်ပြုပြင်နည်းဆိုင်ရာ Mobile Application

ယနေ့ခေတ်လူငယ်တွေအနေနဲ့ လက်မှုပညာတစ်ခုခုကို ကျွမ်းကျင်စွာတက်မြောက်ထားသင့်တာအမှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အားလပ်ချိန်တွေမှာ မိမိဝါသနာပါတဲ့ လက်မှုပညာအလုပ်တစ်ခုကို လေ့လာနေခြင်းဖြင့်လည်း အချိန်ကို အကျိုးရှိရှိအသုံးချသင့်ပါတယ်။ ယနေ့ခေတ်မြန်မာပြည်တွင်း အနယ်နယ်အရပ်ရပ်က မြို့တွေမှာ မော်တော်ဆိုင်ကယ်က သွားလာရေးပိုင်းမှာ အဓိကသုံးစွဲတဲ့ စက်ပစ္စည်းတစ်ခုလိုဖြစ်နေပါပြီ။
အဲ့ဒီအတွက်ကြောင့် စက်ပစ္စည်းပြုပြင်မှုပိုင်းကို စိတ်ဝင်စားတဲ့ လူတွေအနေနဲ့ ဆိုင်ကယ်ပြုပြင်နည်းပညာကို လေ့လာသင်ယူ ထားသင့်ပါတယ်။ လက်တွေ့ပိုင်းသင်ကြားမှုက ပိုမိုထိရောက်တယ်ဆိုပေမယ့် မိမိရဲ့ ကိုယ်ပိုင်အားလပ်ချိန်မှာ စာတွေ့သင် ယူထားခြင်းကလည်း တစ်ဖက်တလမ်းက အကျိုးရှိစေမှာပါ။
အဲ့ဒါကြောင့် ဖုန်းထဲမှာ အလွယ်တကူထည့်သွင်းထားပြီး အား လပ်ချိန်မှာ မြန်မာဘာသာနဲ့ လေ့လာနိုင်မယ့် ဆိုင်ကယ်ပြုပြင် နည်းဆိုင်ရာ Mobile Application များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Photo Sorue https://play.google.com/store/apps/details?id=com.mtcr.it

(၁) Motorcycle Repairing
ဒီ App ကတော့ ဆိုင်ကယ်ပြုပြင်နည်းပိုင်းဆိုင်ရာတွေကို မြန်မာဘာသာဖြင့် အလွယ်တကူလေ့လာနိုင်တဲ့ ပြီးပြည့်စုံတဲ့ App တစ်ခုလို့ ဆိုနိုင်ပါတယ်။ App ထဲမှာတော့ ဆိုင်ကယ်အင်ဂျင်ပိုင်းဆိုင်ရာကျခြင်းအမျိုးမျိုးပြုပြင်နည်း၊ ဆိုင်ကယ်စက်မနိုးခြင်း၊ ပလပ်မီးမကူးခြင်း၊ အင်ဂျင်ချို့ယွင်းချက်ပေါင်းများစွာ ပြုပြင်နည်း၊ တိုင်းပင်ချိန်းလဲခြင်းဖြင့် သတိထားရမည့်အချက်များ၊ ဘက်ထရီပျက်စီးခြင်း၊ ဆိုင်ကယ်ရုန်းအားပျော့ခြင်းနှင့်ဆက်စပ်သည့်ပြဿနာများဖြေရှင်းနည်း တွေအပြင် အခြားသော ပြုပြင်နည်းပိုင်းဆိုင်ရာတွေကို ပုံနဲ့တကွရှင်းပြထားတဲ့အတွက် လေ့လာသင်ယူသူများအနေနဲ့ အသုံးတည့်လွန်းတဲ့ App တစ် ခုပဲဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.mtcr.it