Samsung ရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဝယ်ယူရင်း ငွေသားလက်ဆောင် (၃)သိန်းကျပ်အထိ ရယူနိုင်မယ့် “ဆောင်းဦးချိန်ခါ Samsung မှာ ငွေသားလက်ဆောင်ရယူပါ” ပရိုမိုးရှင်း အစီအစဥ်

မြန်မာနိုင်ငံတစ်ဝန်းက Samsung အသုံးပြုသူများ အနေနဲ့ ဆောင်းဦး အခါသမယမှာ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေကို ဝယ်ယူအားပေးမှုတိုင်းအတွက် ငွေသားလက်ဆောင် (၃) သိန်းကျပ် အထိ ပြန်လည်ရရှိသွားနိုင်မယ့် “ဆောင်းဦးချိန်ခါ Samsung မှာ ငွေသားလက်ဆောင်ရယူပါ” ပရိုမိုးရှင်း အစီအစဉ်ကြီးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ Samsung Myanmar ကနေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
 Image – Samsung
Samsung ရဲ့ ဆောင်းဦးချိန်ခါ ပရိုမိုးရှင်း အစီအစဉ်ကြီးမှာ ပါဝင်တဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ ရရှိနိုင်မယ့် ငွေသားလက်ဆောင်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
  • Samsung ရဲ့ Built for Myanmar ရေခဲသေတ္တာများ  ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၁) သိန်း (၂) သောင်း မှ (၂) သိန်းခွဲကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်
  • Samsung ရဲ့ Bottom Mounted Freezer ရေခဲသေတ္တာ ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၃) သိန်းအထိ ပြန်အမ်းငွေ လက်ဆောင်
  • Samsung ရဲ့ Top Load Fully Auto – 7.5 KG အဝတ်လျှော်စက်ကို ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၈) သောင်း အထိ ပြန်အမ်းငွေ လက်ဆောင် နဲ့
  • Built For Myanmar အဝတ်လျှော်စက်များတွေကို ဝယ်ယူသူတိုင်းအတွက် ငွေကျပ် (၁) သိန်း (၂) သောင်း မှ (၂) သိန်းခွဲ ကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်စသဖြင့် ရရှိသွားနိုင်မှာဖြစ်ပါတယ်။
Samsung ရဲ့ မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီးထုတ်လုပ်ပေးထားတဲ့ Samsung ရဲ့ Built For Myanmar ရေခဲသေတ္တာတွေဟာဆိုရင် မီးအားစားမှာ စိတ်ပူစရာမလိုတဲ့ အပြင် Digital Inverter အမျိုးအစားပါဝင်တာ ဖြစ်တဲ့အတွက် သာမန် ရေခဲသေတ္တာတွေထက် စွမ်းအင်သုံးစွဲမှုကို ၅၀% အထိပိုမိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ Cool Pack လုပ်ဆောင်ချက် ထည့်သွင်းပေးထားတာ ဖြစ်တဲ့အတွက် မီးပြတ်တောက်ပြီး (၁၂) နာရီတိုင်အောင် အအေးဓာတ်ကိုထိန်းထားနိုင်တဲ့အပြင် အအေးဓာတ်ညီမျှစွာထုတ်လွှတ်ပေးနိုင်တဲ့အတွက် သိမ်းထားတဲ့ အစားအစာမှန်သမျှကို လတ်ဆတ်အောင် All Around Cooling စနစ်နဲ့ ထိန်းသိမ်းပေးနိုင်ပါတယ်။ အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် Deodorizing Filter နဲ့ အစားအသောက်တွေကို ရေခဲကိုက်ခြင်းမှ တားဆီးပေးနိုင်စေရန် No Frost စနစ်တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ရေခဲသေတ္တာများကို 203L ၊ 234L ၊ 256L ၊ 305L ၊ 438L စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။
Image – Samsung
Samsung ရဲ့ Bottom Mounted Freezer မှာဆိုရင် ရေခဲခန်း (Freezer) ကို အောက်ဖက်မှာ ထည့်သွင်းပေးထားတဲ့ အတွက် ရေခဲသေတ္တာအတွင်း အနံ့ရောနှောမှာ စိုးရိမ်စရာမလိုပဲ အစားအသောက်တွေကို လွယ်ကူစွာ သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး Digital Inverter ပါဝင်တာဖြစ်လို့ ပတ်ဝန်းကျင် အတွက်လည်း ထိခိုက်မှု နည်းပါးစေပါတယ်။
မြန်မာနိုင်ငံရဲ့ လူနေမှုဘဝနဲ့ကိုက်ညီအောင်ထုတ်ထားပေးတဲ့ Built For Myanmar အဝတ်လျှော်စက်တွေဟာ နှစ် ၂၀ ထိ အာမခံပေးထားတဲ့ Digital Inverter ပါဝင်လို့ ဆူညံမှုပိုသက်သာစေပြီး စွမ်းအင်သုံးစွဲမှုကိုလည်း ၆၀% အထိလျှော့ချပေးနိုင်ပါတယ်။ Magic Dispenser နည်းပညာ ပါဝင်တာကြောင့် ဆပ်ပြာမှုန့်တွေကို ရေမှာ သေချာပျော်ဝင်သွားအောင် မွှေပေးနိုင်မှာ ဖြစ်ပြီး အဝတ်အစားတွေကို ဆပ်ပြာမြှုပ်များ လွယ်ကူစွာ စိမ့်ဝင်နိုင်စေရန် အတွက် Eco Bubble နည်းပညာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Intensive Wash နည်းပညာကြောင့် အစွန်းအထင်းတွေ ပြောင်စင်သွားအောင် လျှော်ဖွပ်ပေးနိုင်သလို အဝတ်အစားပေါ်မှာကပ်ညှိနေတဲ့ အမွေးအမျှင်နဲ့ အမှုန်အမွှားတွေကို ဖယ်ရှားပေးနိုင်အောင် Magic Filter ထည့်သွင်းပေးထားတာကြောင့် ဆပ်ပြာမှုန့်နည်းနည်းအသုံးပြုရုံဖြင့် အဝတ်အစားတွေကို အသန့်ရှင်းဆုံး အခြေအနေအထိ လျှော်ဖွပ်ပေးနိုင်ပါတယ်။
Image – Samsung
Samsung ရဲ့  အဝတ်အစား 7.5 KG အလေးချိန်ထိ ဝင်ဆံ့နိုင်တဲ့ Top Load Fully Auto  အဝတ်လျှော်စက်ဟာ ဆိုရင် Wobble နည်းပညာကို ထည့်သွင်း ပေးထားတာဖြစ်ပြီး အဝတ်အစားတွေကို ပိုမို ပြောင်လက်နေစေနိုင်အောင် Diamond Drum လုပ်ဆောင်ချက်ကိုလည်း အသုံးပြုပေးထားတာကြောင့် အဝတ်အစား ပျက်ဆီးမှုနည်းအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်တွေကို အမြန်ခြောက်သွေ့စေနိုင်အောင် လေနဲ့အခြောက်ခံပေးတဲ့ Air Turbo Drying စနစ် ထည့်သွင်း ပါဝင်လာတာကြောင့် အချိန်အနည်းငယ်နဲ့ အလွယ်တကူခြောက်သွေ့စေနိုင်မှာဖြစ်ပါတယ်။
အဆိုပါ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပရိုမိုးရှင်းကာလအတွင်းဖြစ်တဲ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အစီအစဥ်အသေးစိတ်ကိုတော့ Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။