ဥပဒေဆိုင်ရာကိစ္စများကိုကူညီဖြေရှင်းပေးနိုင်သည့် Lann Pya(လမ်းပြ) App

မြန်မာနိုင်ငံရှိပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကို သေချာနားလည်သဘောပေါက်မှသာ ဖြေရှင်း ရတာလည်းပိုမိုလွယ်ကူအဆင်ပြေစေမှာလည်းဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ပိုမိုသိရှိနားလည် ထားနိုင်မှလည်း အဆင်ပြေမှာဖြစ်သလို အမှုကိစ္စများကြုံတွေ့ရင်ဆိုင်လာရပါကကူညီဆောင်ရွက်ပေးနိုင်တဲ့ ရှေ့နေနဲ့လူမှုအ ဖွဲ့အစည်းတွေကို ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှ ပြေလည်စွာဖြေရှင်းနိုင်မှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဗဟုသုတအတွေးအခေါ်အသစ်များရရှိနိုင်တဲ့ အလုပ်သမားရပိုင်ခွင့်အခွင့်အရေးတွေ၊ လယ်ယာမြေဥပဒေတွေ စတဲ့ ဥပဒေဆိုင်ရာကိစ္စရပ်တွေကလည်း သိရှိထားထားကလည်း တစ်နည်းတစ်ဖုံအကျိုးရှိစေပြန်ပါတယ်။ အဲ့ဒီအကြောင်းအရာ တွေကိုနားလည်တတ်ကျွမ်းချင်တဲ့အတွက်ကြောင့်လည်း အချို့ကစာအုပ်စာပေများမှာ ရှာဖွေဖတ်ရှုတတ်ကြပါတယ်။ ခုဖော် ပြပေးမယ့် လမ်းပြ Application ကတော့ ဥပဒေရေးရာကိစ္စတွေကို ဖုန်းထဲမှာထည့်ထားပြီး အားလပ်ချိန်တိုင်းအလွယ်တကူ လေ့လာဖတ်ရှုနိုင်အောင်ပြုလုပ်ထားတဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/lannpya.myjustice/

လမ်းပြအက်ပလီကေးရှင်းကတော့ မြန်မာနိုင်ရှိပြည်သူလူထုများ မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေးများကို ပိုမိုသိရှိလေ့လာနိုင် ပြီး အမှုကိစ္စများကြုံလာပါကလည်း မိမိတို့အား ကူညီပေးနိုင်တဲ့ရှေ့နေများ ၊ အဖွဲ့အစည်းများနဲ့အလွယ်တကူ ချိတ်ဆက် နိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အခမဲ့အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အက်ပလီကေးရှင်းမှတစ်ဆင့် သတင်းအချက်အလက်များရယူခြင်း ၊ ချိတ်ဆက်ခြင်းဖြင့် အချင်းချင်းကူညီစောင့်ရှောက်လာနိုင်စေရန် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ထားခြင်းလည်းဖြစ်ပါတယ်။ လမ်းပြအက်ပလီကေးရှင်းမှာ နိုင်ငံသားများရသင့်တဲ့ အခြေခံအခွင့်အရေးများ၊ တရားရုံးများ၊ ရှေ့နေများ၊ ရဲစခန်းများ ၊ လူမှုကူညီရေးအဖွဲ့အစည်းများကို လမ်းညွှန်အနေနဲ့ထည့်သွင်းထားပြီး ပြည်သူများက အလွယ်တကူ ရှာဖွေချိတ်ဆက်နိုင်မှာလည်းဖြစ်ပါတယ်။ အမှုကိစ္စတစ်ခုခုကြုံလာပါကလည်း လုပ်ဆောင်သင့်တဲ့ ကိစ္စများကို အဆင့်ဆင့်ရှင်းလင်းပြသထားပြီး အကျိုးရှိစေတဲ့ Mobile Application တစ်ခုလည်းဖြပါတယ်။ ဉာဏ်စမ်းပဟေဠိများနဲ့ အခြားတရားမျှတမှုဖြင့်သက်ဆိုင်တဲ့ ပြင်ပအရင်းအမြစ်များကိုလည်း ချိတ်ဆက်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/lannpya.myjustice/

လမ်းပြတရားမျှတမှု လက်လှမ်းမီရေးမိုဘိုင်းအပလီကေးရှင်းကို MyJustice နဲ့ Koe Koe Tech တို့ကပူးပေါင်းလုပ် ဆောင်ကာဆောင်ရွက်တဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာပြည်သူများအတွက် ပဋိပက္ခကိုတရားမျှမျှတတ၊ သာသူနာ သူမရှိပဲ ဥပဒေနှင့်အညီဖြေရှင်းစေနိုင်မယ့် ဗဟုသုတ၊ ယုံကြည်မှုနဲ့အခွင့်အလမ်းများ ပေးစွမ်းနိုင်စေရန် ရည်သန်ပြီး MyJustice အား ဗြိတိသျှကောင်စီကအကောင်အထည်ဖော်ကာ ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ပေးထားတာလည်းဖြစ်ပါ တယ်။Koe Koe Tech ကုမ္ပဏီလီမိတက်အနေနဲ့ ကျန်းမာရေး၊ ဥပဒေနဲ့အုပ်ချုပ်ရေးအပါအဝင် အဓိကရေးရာများအား ဖြေရှင်းပေးတဲ့ စမတ်ဖုန်းအပလီကေးရှင်းများကို လုပ်ဆောင်နေသော မြန်မာအိုင်တီလူမှုရေးအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါ တယ်။

Photo Source – https://www.facebook.com/lannpya.myjustice/

လမ်းပြရဲ့ Newfeed မှာတော့ တရားမျှတမှုဆိုင်ရာများ၊ ဥပဒေနဲ့ဆိုင်ရာများကို လေ့လာဖတ်ရှုနိုင်ပြီး Like ပြုလုပ်နိုင်ပါတယ်။ Save လုပ်ပါက App ရဲ့သိမ်းဆည်းထားဆိုတဲ့နေရာမှာ အင်တာနက်မလိုပဲဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာအစုံအ လင်ပါရှိသည့်အတွက်လည်း လိုအပ်သလိုလေ့လာနိုင်မှာဖြစ်သလို ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ဘယ်လိုဖြေ ရှင်းသင့်သလဲဆိုတာကအစ လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ ရှေ့နေနဲ့တိုင်ပင်စရာရှိရင်လည်း ရှေ့နေရှာပြီးရှာဖွေတိုင်ပင် နိုင်ပါတယ်။ ဒါ့အပြင် အစိုးရရုံးများကိုလည်း ရှာဖွေဆက်သွယ်နိုင်မှာဖြစ်ပြီး အမှုရင်ဆိုင်နေရသူအနေနဲ့လည်း လေ့လာသင့် တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းများကိုလည်း ဖြေကြားနိုင်မှာဖြစ်ပါတယ်။
လမ်းပြ App ကိုအောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။
https://play.google.com/store/apps/details?id=com.koekoetech.myjustice
လမ်းပြရဲ့လမ်းညွှန်မှာပါဝင်ရန်အတွက် အောက်ဖော်ပြပါ links များမှတစ်ဆင့် စာရင်းသွင်းနိုင်ပါတယ်။
ရှေ့နေလမ်းညွှန်တွင်ပါဝင်ရန်
https://bit.ly/2P9jiUL
အရပ်ဖက်လူ့အဖွဲ့အစည်းလမ်းညွှန်တွင်ပါဝင်ရန်-
https://forms.gle/UuVrdpyzFAgoH79n8