အသေးစား/အကြီးစား အရောင်းဆိုင်အားလုံးအတွက် Hz POS Myanmar

အသေးစားအရောင်းလုပ်ငန်းတစ်ခုဖြစ်စေ၊ အကြီးစားအရောင်းလုပ်ငန်းတစ်ခုဖြစ်စေ လုပ်ကိုင်နေတဲ့လုပ်ငန်းတစ်ခုပိုမိုအောင် မြင်ဖို့ နည်းပညာအကူအညီကလည်း ရာနှုန်းပြည့်လိုအပ်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပင်မဆိုင်ရင်းအပါအဝင်ဆိုင်ခွဲအား လုံးရဲ့ တိကျသေချာတဲ့စာရင်းဇယားတွေကို တစ်နေရာတည်းကနေ လွယ်လွယ်ကူကူထိန်းချုပ်နိုင်ဖို့ဆိုတာ ဆိုင်လုပ်ငန်းရှင် အားလုံးအတွက် မဖြစ်မနေအရေးကြီးပါတယ်။ အဲ့ဒီအတွက်လည်း စာရင်းဇယားပိုင်းဆိုင်ရာတွေကို မှန်ကန်တိကျကောင်း မွန်တဲ့ Software တစ်ခုခုအသုံးပြုခြင်းကလည်း များစွာအထောက်အကူဖြစ်စေမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/hzpos/

HZ POS Software ကတော့ ဆိုင်လုပ်ငန်းအားလုံးအတွက် ၁၀၀ ရာခိုင်နှုန်းအထောက်အကူပြုမယ့် Software တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရောင်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှုကို ထိရောက်တဲ့နည်းစနစ်များနဲ့တိကျစွာကိုင်တွယ်နိုင်ဖြေရှင်းနိုင်မှာ လည်းဖြစ်ပါတယ်။
HZ Software အသုံးပြုခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ ဘာပစ္စည်းပဲရောင်းရောင်း POS Software က စာရင်းကိုင် တစ်ယောက်လိုအသေးစိတ် တွက်ချက်ပေးနိုင်မှာဖြစ်သလို Stock တွေကို အဝင်/အထွက် /Return/ Auto Alarm တွေ ပြုလုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ နေ့စဉ်၊ လစဉ်၊ နှစ်စဉ်၊ အရောင်း/အဝယ်စာရင်းများကို Mouse လေးတစ်ချက် Click လိုက်ရုံနဲ့ သိရှိနိုင်မှာဖြစ်ပြီး အရှုံး/အမြတ်၊ လက်လီ/လက်ကား ရောင်းချမှု ၊ဝယ်ယူမှုတွေကိုလည်း ရက်၊ လ၊ နှစ် အလိုက် အလွယ်တကူသိရှိနိုင်မှာလည်းဖြစ်ပါတယ်။ အကြွေး၊ လက်ငင်း ၊ visa card & credit card ဖြင့်ပါ ရောင်းချ နိုင်ပီး Email ဖြင့်လည်း Auto Voucher များ ပေးပို့နိုင်မှာဖြစ်ပါတယ်။ Phone / Tablet လေးတစ်ချက်ကြည့်လိုက်ရုံနဲ့ မိမိဘယ်နေရာရောက်ရောက် ဆိုင်ခွဲအားလုံးကိုထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။ အသုံးပြုလို့ရတဲ့ ဘာသာစကား ၁၂ မျိုး ပါဝင် ပြီး Online / Off line နှစ်မျိုးစလုံးအသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။
Local Server အတွက်အပြီးအစီး ကျပ် ၂ သိန်း ကျသင့်မှာဖြစ်ပြီး ကွန်ပျုတာနဲ့ဖုန်းများမှာ အကန့်သက်မရှိအသုံးပြုနိုင်မှာ လည်းဖြစ်ပါတယ်။ Online Server အင်တာနတ် ချိတ်ဆက်အသုံးပြုသူများအတွက် တစ်နှစ်ကို ကျပ်တစ်သိန်းကျသင့်မှာ လည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/hzpos/

HZ POS Software အသုံးပြုရန်အတွက် ကွန်ပျူတာ တစ်လုံး။ Bill အတွက် Printer၊ barcode scannerရှိရုံဖြင့်အသုံးပြုနိုင် မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခြား Other POS device များတွင်လဲထည့်အသုံးပြုလို့ရပါတယ်။ php javascript နဲ့ ပြုလုပ်ထားတဲ့အတွက် နှစ်သက်ရာ Browser နဲ့လည်းအသုံးပြုနိုင်ပါတယ်။ SQL Database နဲ့တည်ဆောက်ထားတဲ့ အတွက်ကြောင့်လည်း ကုမ္ပဏီ ရုံးခန်းတွေမှာ SQL Server အသုံးပြုပြီး တစ်နိုင်ငံလုံးကိုထိန်းချုပ်အသုံးပြုနိုင်မှာလည်းဖြစ်ပါ တယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဆိုင်အသေးစားလေးမှ ကုမ္ပဏီကြီးတွေအထိ အသုံးပြုနိုင်မှာဖြစ်သလို ဆိုင်ခွဲပေါင်းများစွာ နဲ့ ဝန်ထမ်းပေါင်းများစွာကိုပင်ရင်း database တစ်ခုတည်း ကနေပြီး ထိန်းချုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/hzpos/

HZ POS Software ဟာ Customer နဲ့ Supplier relationship management များနဲ့ Customer၊ Supplier များအတွက် ငွေကြေးနဲ့သက်ဆိုင်တဲ့ ကဏ္ဍများပါဝင်သလို စာရင်းဇယားများ invoice များ ကို အဆင့်လိုက်သတ်မှတ်ပြီး Email ပို့ဆောင်အကြောင်းကြားနိုင်မှာလည်းဖြစ်ပါတယ်။ ကုန်ပစ္စည်းအပိုင်းများကို ထိန်းချုပ်ရလွယ်ကူစေပြီး လက်ကျန်သတိပေး ခြင်း ၊အပျက်အစီး အဝင်/အထွက် တစ်နေရာမှတစ်နေရာသို့ အလွှဲအပြောင်း စတာတွေကို သီးခြားစာရင်း Report အပိုင်း လည်းပါဝင်မှာလည်းဖြစ်ပါတယ်။ အဝယ်စာရင်းအပိုင်းမှာဆိုရင်လည်း Supplier နှင့် ငွေကြေးအပိုင်း၊ ကုန်ပစ္စည်းအပိုင်း အဝယ်ကုန်ပစ္စည်းပြန်ပို့သည့်အပိုင်းများကို စာရင်းတိကျစွာ Professional ဆန်ဆန်ကိုင်တွယ်နိုင်မှာလည်းဖြစ်ပါတယ်။
Report အပိုင်းများကိုလည်း ကုန်ပစ္စည်းလက်ကျန်၊ အဝယ်/အရောင်း ပြန်အဝင်စာရင်း၊ အလွှဲအပြောင်းများကို အတန်းစား အလိုက် အသေးစိပ်ခွဲခြား စိစစ်နိုင်မှာဖြစ်ပြီး နေ့စဉ် အရုံး/အမြတ် စာရင်းမှလစဉ်၊ နှစ်စဉ်အလိုက် ခွဲခြားစစ်ဆေးနိုင်မှာလည်း ဖြစ်ပါတယ်။ အရောင်းစာရေးမျာကိုလည်း သူတို့ရဲ့ လုပ်ငန်းတစ်ခုလုံး စာရင်း Report ကိုစစ်ဆေးနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/hzpos/

အထူးအားသာချက်တစ်ခုကတော့ HZ Software ကိုပြုလုပ်ရောင်းချသူဘက်မှ ထိန်းချုပ်ထားခြင်းမရှိပဲ အသုံးပြုသူဆိုင် ပိုင်ရှင်ကို်ယ်တိုင် အပြည့်အ၀ ထိန်းချုပ်ခွင့်ပြုထားမှာဖြစ်ပြီး Software အသုံးပြုနေစဉ် ကာလတစ်လျှောက်လုံး service အပြည့်အဝပေးထားမှာလည်းဖြစ်ပါတယ်။ full license Software ဝယ်ယူသူများအတွက် Software ပေးအပ်တဲ့နေ့မှစတင် ကာ training ၂ ရက်မှ ၃ ရက် ပေးသွားမှာလည်းဖြစ်ပါတယ်။အခြား regular license များကို ၁ ရက် သင်ပြပေးမှာလည်းဖြစ် ပါတယ်။ ဒါ့အပြင်အခြားလိုအပ်သည်များကိုလည်း Online မှ လိုအပ်သည့်အချိန်တိုင်းရှင်းလင်းပြသသွားမှာလည်းဖြစ်ပါ တယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/hzpos/