ပရူဒန်ရှယ်အာမခံမှ ကျန်းမာပျော်ရွှင်နိုင်ရေးအတွက် မည်သူမဆို ပါဝင်နိုင်သည့် Good Vibe Tribe လူမှုရပ်ဝန်းတစ်ခုကို စတင်မိတ်ဆက်

ပရူဒန်ရှယ်အာမခံမှ ကျန်းမာပျော်ရွှင်နိုင်ရေးအတွက် မည်သူမဆို ပါဝင်နိုင်သည့် Good Vibe Tribe လူမှုရပ်ဝန်းတစ်ခုကို စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်းသိရသည်။
Good Vibe Tribe လူမှုရပ်ဝန်း စတင်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ စနေနေ့၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ Novotel Yangon Max တွင် ကျင်းပပြုလုပ်မည့် Good Vibe Tribe Festival ပွဲကြီးကို တက်ရောက် ဆင်နွှဲကြပါရန် ပရူဒန်ရှယ်အာမခံက ဖိတ်ခေါ်ထားသည်။
အခမ်းအနားတွင် Zumba ၊ ယောဂနှင့် အက လေ့ကျင့်လှုပ်ရှားမှု အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ ပါဝင်နိုင်မည်ဖြစ်သည်။ တက်ရောက်လာသူများအနေဖြင့် ကျန်းမာစေသော အလေ့အထကောင်းများကို လိုက်နာနေထိုင်ရန် ရည်ရွယ်ထားသူအချင်းချင်း တရင်းတနှီး မိတ်ဆက်တွေ့ဆုံနိုင်မည် ဖြစ်သည်။
Good Vibe Tribe Festival သို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ပရူဒန်ရှယ်အာမခံ ဝက်ဘ်ဆိုက် https://www.prudential.com.mm/mm/Good_Vibe_Tribe/ ကို ဝင်ရောက်ပြီး အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်း နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/groups/goodvibetribebyprudential

ပွဲတက်ရောက်ရန်နှင့် စာရင်းပေးသွင်းရန်တို့မှာ အခမဲ့ ဖြစ်သော်လည်း တက်ရောက်မည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအရ မဖြစ်မနေ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်မည်လည်းဖြစ်သည်။ ပွဲတက်ရောက်ရန် အရင်ဆုံး စာရင်းပေးသွင်းသူများကို ဦးစားပေးသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းပြီးသူများမှာ အခမ်းအနား ကျင်းပရာနေရာတွင် scan ဖတ်ရန် QR ကုဒ်တစ်ခုကို လက်ခံရရှိမည် ဖြစ်သည်။
Good Vibe Tribe လှုပ်ရှားမှုများကို ဦးဆောင်မည့်သူများမှာ Zumba နည်းပြဖြစ်သူ Noel ၊ အကနည်းပြဖြစ်သူ မေသဲဦး၊ ယောဂနည်းပြဖြစ်သူ Leo Marco တို့ ဖြစ်ပါသည်။ Good Vibe Tribe Festival တွင်လည်း အဆိုပါ နည်းပြဆရာများမှ လက်တွေ့ လေ့ကျင့်လှုပ်ရှားမည့် အစီအစဉ်များကို ဦးဆောင်သွားကြမည် ဖြစ်သည်။
အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Good Vibe Tribe လူမှုရပ်ဝန်း – https://www.facebook.com/groups/goodvibetribebyprudential
Good Vibe Tribe Festival အသေးစိတ် အချက်အလက်များ – https://tinyurl.com/y8r9ru44
Good Vibe Tribe Festival ဗီဒီယို – https://tinyurl.com/43nssdux