Reels အနေနဲ့ပဲ ပြောင်းလဲလာတော့မယ့် Instagram Video များ

Instagram အနေနဲ့ သူ့ရဲ့ Platform ပေါ်က ၁၅ မိနစ်အောက် ဗီဒီယိုတွေကို Reels တွေအနေနဲ့ပဲ ပြောင်းလဲအသုံးပြု တော့မယ်လို့ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်သွားပါတယ်။ အသုံးပြုသူတွေအနေနဲ့ Video Clip အရှည်တွေ အတွက် IGTV နဲ့ ဗီဒီယိုအတိုတွေအတွက်တော့ Reels တွေကိုပဲ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Instagram မှာ Video တွေကို ဖန်တီးတာပဲဖြစ်ဖြစ် ကြည့်ရှုနာပဲဖြစ်ဖြစ် Reels တွေဟာ ကြည့်ရတာ ပိုပြီးဆွဲဆောင်မှုရှိတဲ့အပြင် Entertainment ဘက်ပိုရောက်တဲ့အတွက် ပြုလုပ်လိုက်တာဖြစ်တယ်လို့ Instagram က သူ့ရဲ့ Blog Post မှာ ဖော်ပြထားပါတယ်။ နောက်လာမယ့်အချိန်တွေကစပြီးတော့ Instagram ပေါ်တင်တဲ့ ၁၅ မိနစ်အောက် ဗီဒီယိုတွေဟာ Reels အဖြစ်နဲ့ ပြောင်းလဲသွားမှာပါ။ အရင်ကတင်ပြီးခဲ့တဲ့ ဗီဒီယိုတွေကတော့ Reels အနေနဲ့ ပြောင်းလဲမှာမဟုတ်ပါဘူး အရင်အတိုင်းဆက်ရှိနေမှာပါ။ 

Public Account အသုံးပြုသူတွေအတွက် Reels တွေဟာ လူတော်တော်များများဆီကို ပိုပြီးကြည့်ရှုဖို့အတွက် Recommend ပေးနေမှာ ဖြစ်ပါတယ်။ လက်ရှိ Reels တွေရဲ့သတ်မှတ်ချက်က စက္ကန့် ၉၀ ပဲရှိပါတယ်။ ကိုယ်အသုံးပြုတဲ့အကောင့်က Private အကောင့်ဆိုရင်တော့ ကိုယ့်ရဲ့ Follower တွေပဲ မြင်တွေ့ရမှာပါ။ “Reels and Video Tabs” ကိုလည်း အသုံးပြုသူရဲ့ Profile မှာ ထပ်တိုးပေးမှာဖြစ်ပါတယ်။