Google Calendar Update နှင့် Pending Tasks

အသုံးပြုသူတွေ ဖန်တီးခဲ့တဲ့ Task တွေကို My Task ထဲဝင်စရာမလိုဘဲ Google Calendar အသုံးပြုပြီး တိုက်ရိုက်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ လွန်ခဲ့ရက် ရက်ပေါင်း ၃၀ အတွင်းမပြီးမြောက်လိုက်တဲ့ Task တွေရှိနေတယ်ဆိုရင် “Pending Tasks” ဆိုပြီး တစ်နေရာတည်းစုစည်း ပြပေးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Task တွေကို ပြင်ဆင်လို့ရသလို Drop-down menu ကနေ အမှန်ခြစ်နှိပ်ပြီး ပြီးဆုံးကြောင်း သတ်မှတ်ပေးလို့လည်း ရပါသေးတယ်။

ဒီလုပ်ဆောင်ချက်က Google Calendar Web နဲ့ Mobile Version တွေမှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအတွက် အမြဲလုပ်ဆောင်ပေးနေမယ့် Default Feature တစ်ခုဖြစ်ပြီး လုပ်ဆောင်ချက်ကို အသုံးမပြုချင်တဲ့ သူတွေအတွက် Hiding Tasks ပြုလုပ်ပြီး ပိတ်ထားလို့ရပါတယ်။ 

Source: Google

Google အနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ Blog Post မှာစတင်အသိပေးခဲ့တာဖြစ်ပါတယ်။ Web Version အတွက် Rapid Release Domain ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာစတင်ပြီး ၁၅ ရက်ခန့်ကြာရှိမှာဖြစ်သလို Scheduled Release Domains ကိုတော့ မတ်လ ၃ ရက်နေ့မှာ စတင်ပြီး ၁၅ ရက်ခန့်ကြာရှိမှာ ဖြစ်ပါတယ်။ Android ဖုန်းတွေအတွက် Rapid နဲ့ Scheduled Release Domains ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာစတင်ပြီး ၁၅ ရက်ခန့်ကြာရှိမှာ ဖြစ်ပါတယ်။ iOS အသုံးပြုသူတွေအတွက် Rapid နဲ့ Scheduled Release Domains ကို မတ်လ ၁ ရက်နေ့မှာစတင်ပေးမှာစတင်ပြီး ၁၅ ရက်ခန့်ကြာမှာ ဖြစ်ပါတယ်။

ဒီ Feature ကို Google Workspace အသုံးပြုသူတွေအပါအဝင် G Suit Basic နဲ့ Business အသုံးပြုသူတွေပါ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။