Windows PCs တွေအတွက် Android ဖုန်းတွေရဲ့ Google Play Game Beta ကိုစတင်စမ်းသပ်

Google အနေနဲ့ Android တွေမှာအသုံးပြုခွင့်ပေးထားတဲ့ Google Play Game ဝန်ဆောင်မှုကို Windows PCs တွေမှာ အသုံးပြုဖို့ Limited Beta ကိုစတင်နေပြီ ဖြစ်ပါတယ်။ Beta Version အတွက် ဟောင်ကောင်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်နိုင်ငံတွေမှာ စတင်လိုက်ပါပြီ။ စမ်းသပ်မှုနဲ့အတူ Android မှာနာမည်ကြီးနေတဲ့ Mobile Legends, Summoners War, State of Survival နဲ့ Three Kingdoms Tactics လိုဂိမ်းတွေကို ကွန်ပြူတာကနေ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Beta Version အသုံးပြုပြီး ဂိမ်းဆော့ကစားခွင့်ရှိတဲ့ နိုင်ငံက ကစားသမားတွေအနေနဲ့ Sign up to access the beta ပြုလုပ်နိုင်ပြီး Windows PCs တွေမှာရှိတဲ့ Google ရဲ့ Standalone App ကို ဝင်ရောက်နိုင်ပါတယ်။ Google အနေနဲ့ Device အမျိုးမျိုးကိုအသုံးပြုပြီး ဂိမ်းဆက်လက်ဆော့ကစားနိုင်ဖို့ Phone, Tablet, Chromebook နဲ့ Windows Pc တွေကနေ Seamless Gameplay Session ပြုလုပ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ကစားသမားတွေအနေနဲ့ သူတို့သဘောကျတဲ့ဂိမ်းတွေကို Mouse နဲ့ Keyboard Input အသုံးပြုပြီး Screen ကြီးကြီးနဲ့ ကွန်ပြူတာပေါ်မှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Google Play Profile ကိုပဲ အသုံးပြုမှာ ဖြစ်တဲ့ အတွက် ရရှိထားတဲ့ Achievements တွေလည်း ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။ Android game တွေကို PCs မှာဆော့ကစားတဲ့အတွက် Play Point System ကလည်း ပါဝင်ဦးမှာပါ။