နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ အတွက် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည့် ဆန်ခါတင်အဖွဲ့ (၁၀) ဖွဲ့ကို ထုတ်ပြန်

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ အတွက် နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်လှမ်းနိုင်မည့် ဆန်ခါတင် အဖွဲ့ (၁၀) ဖွဲ့ကိုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အဖွဲများမှာ (၁) Knight (mental heal) အဖွဲ့၊(၂) Charm (Charm) အဖွဲ့ ၊(၃) Dhobi.co (dhobi.co) အဖွဲ့ ၊( ၄) Shal (Shal Sar) အဖွဲ့ ၊ (၅) Team AiO (All in One-Sports)၊(၆) Aung Myin အဖွဲ့၊ (၇) Archer Solution အဖွဲ့၊(၈) Ethereal အဖွဲ့၊(၉) Luneration အဖွဲ့၊( ၁၀) Cherry အဖွဲ့တို့ဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ ပြိုင်ပွဲဝင်အဖွဲ့ ၁၀ ဖွဲ့တို့သည် ယခုလ (၂၀)ရက်မှ (၂၇)ရက်အတွင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစင်တာဖြစ်သည့် Kanaung Hub တွင် ပြုလုပ်ပေးသွားတော့မည့် (၈) ရက်တာ အထူးသီးသန့်စခန်းသွင်း လေ့ကျင့်မှုသို့ဝင်ရောက်၍ နယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိနေသူများက ပြိုင်ပွဲဝင်ဆန်ခါတင် အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှု အတတ်ပညာများ၊ ကိုယ်ရည်ကိုယ်သွေးများ မြင့်မားလာစေရန်အတွက် လမ်းညွှန်ပြသခြင်းများနှင့် လုပ်ငန်းတစ်ခု စတင်လည်ပတ်နိုင်ရန် လိုအပ်သည့် လမ်းညွှန်ချက်များကို အနီးကပ် သင်ယူလေ့လာနိုင်မည် ဖြစ်သည်။

Photo Source – http://www.mpt.com.mm/mm/

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်မှတစ်ဆင့် အနိုင်ရရှိမည့် အသင်းများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် (၁) Technopreneurship 2020 Accelerate ဆု (သိန်း ၁၀၀) ၊(၂) Technopreneurship 2020 Start-up ဆု (သိန်း ၈၀) ၊(၃) Technopreneurship 2020 Idea ဆု (၂) ဆု (သိန်း ၃၀) တို့ကို လက်ခံရရှိမည်ဖြစ်သည်။
အနိုင်ရရှိမည့်အသင်းများအနေဖြင့် အဆိုပါဆုကြေးအပြင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစင်တာ ဖြစ်သည့် Kanaung Hub တွင် အခြားသော အောင်မြင်မှုရရှိနေသည့် လုပ်ငန်းငယ်များနှင့် အနီးကပ်အလုပ်လုပ်ကိုင်နိုင်မည့် နေရာတစ်ခုကိုလည်း (၆)လတိတိ အခမဲ့ အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

Photo Source – http://www.mpt.com.mm/mm/

မျိုးဆက်သစ် လူငယ်များအတွက် စီးပွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်၊ ဒေသတွင်း အရည်အချင်း ရှိသူများအတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စီးပွားရေး လုပ်ငန်းငယ်များ အချင်းချင်းထိတွေ့ဆက်ဆံမှု တိုးတက်ကောင်းမွန်စေရန်နှင့် ကွန်ရက်တစ်ခု ထူထောင်နိုင်ရန်တို့အပြင် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုအဖွဲ့အစည်း၊ အများသုံး အချက်အလက်များ၊ ပြည်သူနှင့်အုပ်ချုပ်သူ အစိုးရတို့အကြား ချိတ်ဆက်နိုင်မှုနှင့် နည်းပညာမျှဝေနိုင်မှု၊ ဖျော်ဖြေရေးနှင့် နည်းပညာဖြင့်ဘဏ္ဍာရေး ဝန်ဆောင်မှု အစရှိသည့် ကဏ္ဍအသီးသီးအတွက် စိတ်ဝင်စားသည့် ပြိုင်ပွဲဝင်အဖွဲ့များကို ယခုနှစ်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာနှင့် အိုင်တီပညာကောလိပ်များ၊ ပုဂ္ဂလိကျောင်းများနှင့် နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းများအစရှိသည့် မတူညီသော ကဏ္ဍအသီးသီးမှ ထူးချွန်သောလူငယ်များကို မြေတောင်မြှောက်ပေး နိုင်ရန်အတွက် MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCE) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။

Photo Source – http://www.mpt.com.mm/mm/

MPT နှင့် MCF တို့အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကပင်စတင်ကာ ယခင်နှစ် ပြိုင်ပွဲများမှ အနိုင်ရရှိခဲ့သည့် အဖွဲ့များမှာလည်း စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုများ ရရှိနေပြီဖြစ်က ယမန်နှစ်ကလည်း Blue Frog Co., Ltd. (ကရင်တိုင်းရင်းသား ဘာသာစကားကို AR နည်းပညာဖြင့် သင်ကြားပေးခြင်း)၊ Idea Capsule Co., Ltd. (အောင်ဘာလေ ထီလက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်သည့် အက်ပလီကေရှင်း) နှင့် KLENIC Myanmar Co., Ltd. (Dr. Kyaw မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် တန်ဖိုးသက်သာသည့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုပေးခြင်း) စသည့် လုပ်ငန်းတို့မှာ နောက်ဆုံး ၃ သင်း အဖြစ်ရွေးချယ်ခံခဲ့ရပြီး လုပ်ငန်းများဆောင်ရွက်နေကြပြီဖြစ်သည်။