Grab မှ အကောင်းဆုံးမိတ်ဖက်ယာဉ်မောင်းများအား ဂုဏ်ပြုချီးမြှင့်

Grab မှ ၎င်းတို့၏ အကောင်းဆုံးမိတ်ဖက်ယာဉ်မောင်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ Gandamar Wholesale ဝန်း အတွင်းရှိ Gandamar Grand Ballroom တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ သတ်မှတ်ထားသည့် ခရီးစဉ်အကြောင်းအရေအတွက် ပြည့်မီပြီး အကာင်းဆုံးခရီးသည်ဝန်ဆောင်မှု ပေးအပ်ခဲ့သော ပလက်တီနမ်၊ ရွှေနှင့် ငွေ အဆင့်ရှိ Grab မိတ်ဖက်ယာဉ်မောင်း (၉၀၀) ဦး တက်ရောက်ခဲ့ကြသည်။

Photo Source – www.facebook.com/GrabMM

အဆိုပါအခမ်းအနားတွင် ပလက်တီနမ်အဆင့်ကို (၁၁) လ ဆက်တိုက်ထိန်းထားနိုင်ခဲ့သည့် မိတ်ဖက်ယာဉ်မောင်း (၃၆) ဦးနှင့် ရွှေအဆင့်ကို (၄) လဆက်တိုက်ရရှိခဲ့သည့် မိတ်ဖက်ယာဉ်မောင်း (၁၀) ဦး စသည်ဖြင့် ထူးချွန်စွာမောင်းနှင်နိုင်ခဲ့ကြ သူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မိတ်ဖက်ယာဉ်မောင်း တစ်ဦးချင်းစီကို အပတ်စဉ်မောင်းနှင်ခဲ့သော ခရီးစဉ်အကြောင်းရေ၊ ခရီးသည်များကပေးအပ်သော ဝန်ဆောင်မှုအဆင့် သတ်မှတ်ချက်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုစသည့် အချက်များအပေါ်မူတည်၍ အမြင့်ဆုံး ပလက်တီနမ်အဆင့်မှ ရွှေနှင့်ငွေအဆင့် စသည်ဖြင့် သတ်မှတ်ထားကြောင်းလည်းသိရသည်။

Photo Source – www.facebook.com/GrabMM

“ကျွန်တော်တို့ မိတ်ဆွေယာဉ်မောင်းတွေနဲ့ အခုလို တစ်စုတစ်စည်းတည်း ဆုံရတာ ပျော်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ သက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုတိုးတက်အောင် လုပ်နိုင်လဲဆိုတာနဲ့ ဒီလိုလုပ်ရင်းက ကိုယ့်မိသားစုကို ထောက်ပံ့ဖို့ ဝင်ငွေဘယ်လိုပိုရှာနိုင်မလဲဆိုတဲ့ အတွေ့အကြုံတွေ အများကြီးပြောပြခဲ့ပါတယ်။ ကျွန်တော်ကတော့ မိတ်ဆွေယာဉ်မောင်း တွေကို Grab က သတ်မှတ်ထားတဲ့ ခရီးစဉ်အကြောင်းရေ (၅) လ နဲ့အထက် ဆက်တိုက်ပြည့်မီမယ်ဆိုရင် အပိုဆုကြေး ပိုရနိုင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒီလို ပလက်တီနမ် အဆင့် ဆက်တိုက်ရခဲ့မယ်ဆိုရင် ခရီးစဉ်တစ်ကြောင်းပြီးတိုင်း Grab က ကျွန်တော်တို့ဆီက ကော်မရှင် ၅ ရာခိုင်နှုန်းပဲ ရသလို ဖြစ်သွားပါတယ်။ ဒီတော့ ခရီးသည်ရှာဖို့ လမ်းပေါ်မှာ လျှောက်မောင်းနေရတာတို့၊ ဈေးစကားပြောရတာတို့ မလုပ်ရတော့သလို ကျွန်တော်တို့ ယာဉ်မောင်းတွေအတွက် သိသိ သာသာ အကျိုးရှိစေတာပေါ့” ဟု Grab မိတ်ဖက်ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးတင့်ဝေက ပြောသည်။

Photo Source – www.facebook.com/GrabMM

“ကျွန်မတို့ Grab အနေနဲ့ ရန်ကုန်မြို့ရဲ့ ထိပ်တန်းအငှားယာဉ်ဝန်ဆောင်မှုတစ်ခုအဖြစ် အောင်အောင်မြင်မြင် ရပ်တည်နိုင် ခဲ့တာဟာ ခရီးသည်ထောင်ပေါင်းများစွာကို နေ့စဉ်မညည်းမညူ မနားတမ်းကောင်းမွန်တဲ့ဝန်ဆောင်မှုပေးခဲ့ကြတဲ့ ကျွန်မတို့ မိတ်ဖက်ယာဉ်မောင်းတွေကြောင့်ပါ။ ဒီအခမ်းအနားက သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုရုံတင် မကပါဘူး။ ဒါက လူမှုအသိုင်းအဝန်းထဲမှာ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို ဝေမျှပေးဖို့ အတူတကွစုဝေးကြတာလည်းပဲ ဖြစ်ကြတယ်။ ကျွန်မတို့မှာ မိတ်ဖက်ယာဉ်မောင်းတွေအားလုံးရဲ့ လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်လာစေဖို့ သိသာ ထင်ရှားတဲ့ အကျိုးကျေးဇူးတွေပေးအပ်နိုင်တဲ့ အစီအစဉ်ကောင်းတစ်ခုရှိပါတယ်။ အဲ့ဒီ့အထဲမှာ ကျွန်မတို့ရရှိတဲ့ ဝေဖန် အကြံပြုချက်တွေကို ဖြေရှင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်အသစ်တွေ၊ ဘေးကင်းလုံခြုံရေး လှုပ်ရှားမှုတွေ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ အသုံးပြုနိုင်အောင် ချိတ်ဆက်ပေးတာတွေ၊ ဆုလက်ဆောင် အစီအစဉ်တွေနဲ့ ပုံမှန် သင်တန်းပို့ချပေးတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောကြားသည်။

Photo Source – www.facebook.com/GrabMM

“ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် ကားသမားတွေရှေ့မှာ အခုလို ဆုလက်ခံ ရယူရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဂုဏ် လည်းယူပါတယ်။ ကျွန်တော့် အချိန်တော်တော်များများကို နေ့ရှိသရွေ့ လမ်းပေါ်မှာ ခရီးသည်သွားချင်တဲ့နေရာတွေ လိုက်ပို့နေရင်းက အခုလို အသိအမှတ်ပြုပြီး ဆုရလိမ့်မယ်လို့ တကယ့်ကို ထင်မထားပါဘူးဗျာ။ ဒီနေ့ကတော့ ကျွန်တော်နဲ့ ကျွန်တော်မိသားစုအတွက် တကယ့်ကို အမှတ်တရဖြစ်ရတဲ့နေ့ပါပဲ။ Grab က ပေးတဲ့ ဆုကို အိမ်မှာထားဖို့နေရာတစ်ခုတော့ သေသေချာချာလုပ်ရမယ်။ ဆက်ပြီးတော့လည်း အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး Grab နဲ့အတူပိုအောင် မြင်အောင် ကြိုးစားသွားပါမယ်” ဟု (၄) လဆက်တိုက် ရွှေအဆင့် ရရှိခဲ့သည့် မိတ်ဖက်ယာဉ်မောင်း ကိုအောင်ကျော်မိုးက ပြောသည်။

Photo Source – www.facebook.com/GrabMM

အဆိုပါအခမ်းအနားတွင် Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက် လျှပ်စစ် အိမ်သုံးပစ္စည်းများဖြစ်သော မိုက်ခရိုဝေ့ဗ်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်ရေနွေးအိုး၊ ဖျော်ရည်စက်နှင့် hair dryer စသည်ဖြင့် ဆုအမျိုးအစား (၅၀) ပါဝင်သော ကံစမ်းမဲအစီအစဉ်ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။