Myanmar Unilink နှင့် Tuya တို့ပူးပေါင်းကာ Voice Control Smart Home ပစ္စည်းများစတင်မိတ်ဆက်ရောင်းချ

ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ Junction City တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဇွန်လ ၆ ရက်နေ့ မှ ဇွန်လ ၇ ရက်နေ့အထိ ပရိုမိုးရှင်းအထူးအစီအစဉ်များဖြင့်ကျင်းပသွားမည်လည်းဖြစ်သည်။
အဆိုပါ Smart Home ပစ္စည်းများမှာလူမှုဘဝအခြေခံနေ့စဉ်သုံးပစ္စည်းများနှင့် လုံခြုံမှုကိုပေးစွမ်းနိုင်သောပစ္စည်းအမျိုးအစား ပေါင်းများစွာပါဝင်ပြီး Myanmar Unilink နှင့် Tuya တို့ပူးပေါင်းကာ ပထမဆုံးစတင်ရောင်းချပေးခြင်းလည်းဖြစ်သည်။ ရောင်း ချပေးသည့် Smart Home ပစ္စည်းများမှာလည်း နေ့စဉ်အသုံးပြုနေသော 2 way switch၊ မီးလုံး၊ Plug၊ ခြင်ဖမ်းစက်၊ အလိုအ လျောက်ရွှေ့လျားနိုင်သော လိုက်ကာ၊ USB wall Plug၊ အဝေးမှထိန်းချုပ်နိုင်သော Remote Control၊ မိမိအိမ်/မိသားစုဘ၀ လုံခြုံစိတ်ချရေးအတွက် CCTV၊ မီးခိုးအပူပေးစက်၊ ရွှေ့လျားမှု Sensor နှင့် အပူနှင့်စိုထိုင်းမှု Sensor များပါဝင်ကြောင်းသိရ သည်။

Photo Source By Myanmar Tech Press

အဆင့်မြင့် Smart Home ပစ္စည်းများကို ဝယ်ယူရန်လေ့လာချင်သူများအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော Unilink Internet Service Center များတွင်မေးမြန်းစုံစမ်းနိုင်ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

“မြန်မာနိုင်ငံမှာနေထိုင်တဲ့ မိသားစုများရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး အမျိုးအစားပိုမိုစုံလင်သော Smart Home ပစ္စည်းတွေကို ဆက်လက်ဖြန့်ဖြူးပေးဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၁၉ ခုနှစ် GDP နှုန်းမှာ ၆ ဒဿမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်း ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။ စီးပွားရေးတိုးတက်လာတာနဲ့အမျှ လူနေမှုအဆင့် အတန်းတွေကလည်း တဖြည်းဖြည်းတိုးတက်လာပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ထောင်စုဦး ရေ ၁၀ ဒဿမ ၉ သန်း ကျော်ရှိပြီး ၂၀၁၉ ခုနှစ်မှာ လူဦးရေစုစုပေါင်း ၅၄ သန်းရှိလာပြီး အိမ်ထောင်စုဦးရေထပ်မံတိုးပွားလာ တာကိုတွေ့ရပါတယ်။ အဲ့ဒီမိသားစုတွေရဲ့ လိုအပ်ချက်တွေကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ပြီး Smart Home ပစ္စည်းများကို မိတ်ဆက်ရောင်းချပေးလိုက်ရခြင်းလည်းဖြစ်ပါတယ်” ဟု Myanmar Unilink မှ Managing Director Mr Zhai Meng က ပြောကြားသည်။

Photo Source By Myanmar Tech Press

“မိမိတို့အိမ်လုံခြုံစိတ်ချဖို့အတွက် CCTV နှင့် လျှပ်စစ်တံခါးက အိမ်တိုင်းမှာမဖြစ်မနေလိုအပ်နေတာအမှန်ပါပဲ။ မီးဖိုချောင်လုံ ခြုံစိတ်ချဖို့အတွက်လည်း အခိုးအငွေ့သတိပေးစက်၊ ဓာတ်ငွေ့(Gas) သတိပေးစက်တွေသုံးသင့်ပါတယ်။ အလိုအလျောက် လိုက်ကာကို အသုံးပြုခြင်းအားဖြင့်လည်း မိမိတို့ နိုးထချင်တဲ့အချိန်မှာ လိုက်ကာများအလိုအလျောက်ဖွင့်အောင် သတ်မှတ် ထားပြီး နိုးထနိုင်ပါတယ်။ Remote Control ကိုတပ်ဆင်ထားရင်လည်း Sensor ရှိတဲ့ လျှပ်စစ်ပစ္စည်းတိုင်းနဲ့ချိတ်ဆက်ပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။ တကယ်လို့ အပြင်သွားမယ်ဆိုရင် Uni Smart ပစ္စည်းတစ်ခုဖြစ်တဲ့ ဖုန်စုပ်စက်က အလိုအ လျောက်ဖုန်စုပ်ပေးတာတွေ၊ အိမ်ပြန်လာချိန်မီးသီးတွေ၊ အဲကွန်းတွေအလိုအလျောက် ဖွင့်ပေးထားခြင်းမျိုးတွေကို ပြုလုပ်နိုင် ပါတယ်။ အဲ့ဒါတွေအားလုံးကို Smart App ရှိရုံနဲပ အလွယ်တကူထိန်းချုပ်အသုံးပြုနိုင်တာမျိုးဖြစ်ပါတယ်”ဟု ၎င်းကဆက် လက်ပြောကြားသည်။

Photo Source By Myanmar Tech Press

Smart Home ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့်လည်း စွမ်းအင်ချွေတာနိုင်ခြင်း၊ အသုံးစရိတန်ချွေတာနိုင်ခြင်း၊ လုံခြုံစိတ်ချ မှုရှိခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အဆင့်မြင့်နေထိုင်မှုဘဝအလေ့အကျင့်များ ပိုမိုအဆင်ပြေချော့မွေ့စေခြင်း၊ ပတ်ဝန်း ကျင်ကို ထိန်းသိမ်းနိုင်ခြင်းနှင့် Smart ဘဝကို ရရှိစေနိုင်ခြင်း အစရှိသောကောင်းကျိုးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။
အဆိုပါ Smart Home ပစ္စည်းများသည် အင်တာနက်ချိတ်ဆက်သုံးပြုရခြင်းဖြစ်ပြီး Smart Home ပစ္စည်းများအားလုံးအ တွက် Warranty တစ်နှစ်ပေးထားကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

“ အခုလက်ရှိမှာတော့ Smart Home ပစ္စည်းတွေကို မြန်မာနိုင်ငံမှာအသုံးပြုသူဦးရေ နည်းပါးနေပါသေးတယ်။ သို့ပေမယ့် ဒီ ပစ္စည်းတွေက နေ့စဉ်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် နောက်ပိုင်းမှာတွင်တွင်ကျယ်ကျယ်အသုံးပြုလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး Smart Home ပစ္စည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့နည်းလမ်း Guideline တွေကိုပါ ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”ဟု Myanmar Unilink မှ Managing Director Mr Zhai Meng က ပြောကြားသည်။