MPT မှ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအသစ်စတင်မိတ်ဆက်

MPT မှ လက်ရှိ FTTH သုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် ပိုမိုကောင်းမွန်သော မြန်နှုန်းမြင့်ဒုံးပျံအိမ်သုံးဖိုင်ဘာအင် တာနက်ဝန်ဆောင်မှုအသစ်အား ၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင်စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်မိတ်ဆက်ပွဲအခမ်းအနားမှသတင်းရရှိသည်။

Photo Source By Myanmar Tech Press

အဆိုပါ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်သည် အင်တာနက်သုံးစွဲသူများ၏ လိုအပ်ချက်တစ်ခုဖြစ်သော ဂိမ်း၊ ဂီတ၊ ဗွီဒီယိုနှင့် ဆက်သွယ်ရေးဆိုင်ရာများအတွက် မြန်ဆန်သော Upload နှင့် Download အမြန်နှုန်းများနှင့်အတူ အချိန်တိုအတွင်းပိုမိုရယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
“ ကျွန်တော်တို့အနေနဲ့ MPT ရဲ့ FTTH သုံးစွဲမှုကို ၂၀၁၇ ခုနှစ် သြဂုတ်လမှာစတင်မိတ်ဆက်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ အခု ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်က FTTH လက်ရှိသုံးစွဲနေတဲ့သူပဲဖြစ်ဖြစ် အသစ်တပ်ဆင်အသုံးပြုမယ့်သူပဲဖြစ် ယခင်ရှိပြီး သားအင်တာနက်ထက် မြန်နှုန်း နှစ်ဆပိုမိုရရှိမှာလည်းဖြစ်ပါတယ်။ အဲ့လိုမြန်ဆန်စေတဲ့အတွက်ကြောင့်လည်း “ဒုံးပျံ” လို့ အ မည်ပေးထားခြင်းလည်းဖြစ်ပါတယ်။ မြန်နှုန်းနှစ်ဆတိုးတယ်ဆိုပေမယ့် ဈေးနှုန်းကလည်း ယခင်ဈေးနှုန်းအတိုင်းပါပဲ” ဟု ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းအေးမောင်က ဆိုသည်။

Photo Source – https://www.facebook.com/mptofficialpage/

လက်ရှိတွင် MPT FTTH သုံးစွဲသူများမှာ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတွင် အလိုအလျောက်အဆင့်မြှင့်တင် သွားမည်ဖြစ်ပြီး တိုးချဲ့လိုက်သည့်လိုင်းဆွဲအားအမြန်နှုန်း (bandwidth) ဖြင့်အသုံးပြုနိုင်မည်လည်းဖြစ်သည်။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုအသစ်အရ ကျပ် (၃၉၀၀၀) နှုန်းထားဖြင့် လက်ရှိ 10 Mbps အမြန်နှုန်းကိုသုံးစွဲသူများမှာ ယခုပြောင်းလဲလိုက်သည့် 20 Mbps အမြန်နှုန်းကို မူလဈေးနှုန်း ကျပ် (၃၉၀၀၀) ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် ကျပ် (၆၉၀၀၀) ဖြင့် 25 Mbps အစီအစဉ်အား ဝယ်ယူထားသူများမှာလည်း ယခုတွင်ပိုမိုမြန်ဆန်သော 50 Mbps အမြန်နှုန်းဖြင့် အင်တာနက်ကိုအသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကျပ် (၁၀၉၀၀၀) ဖြင့် 50 Mbps အား အသုံးပြုနေသော သုံးစွဲသူများမှာ စူပါအ မြန်နှုန်းဖြစ်သည့် 100 Mbps အားအသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။ ထိုကဲ့သို့လိုင်းဆွဲအားအမြန်နှုန်း (Bandwidth) မြှင့်တင်မှုများအတွက် လက်ရှိသုံးစွဲသူများ၏ လစဉ်ကြေးမှာ မူလနှုန်းထားအတိုင်းသာရှိမည်ဖြစ်ပြီး မည့်သည့်အပိုထပ် ဆောင်းစရိတ်မျှ ပေးရန်မလိုပဲ ရယူအသုံးပြုနိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“MPT သုံးစွဲသူတွေအတွက် ပိုပြီးမြန်ဆန်တဲ့ အင်တာနက်သုံးစွဲမှု အတွေ့အကြုံကောင်းတွေကို ရရှိဖို့အတွက် ဒီနေ့မှာတော့ ဒုံးပျံအိမ်သုံးအင်တာနက်ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီနေ့ခေတ်ရဲ့လူမှုဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ စီးပွား ရေးလုပ်ငန်းတွေအတွက် အင်တာနက်အမြန်နှုန်းဟာ တကယ့်ကိုအရေးပါတယ်ဆိုတာ သိရှိနားလည်ထားပါတယ်။ ဒါကြောင့် လည်း ဒီဝန်ဆောင်မှုအသစ်ကို ကြေညာဖို့အတွက် ကျွန်တော်တို့တကယ့်ကို စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ကျွန် တော်တို့ MPT ရဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့ဆန်းစစ်မှုတွေအရ အင်တာနက်အမြန်နှုန်းဟာ လူတစ်ဦးချင်းစီအတွက် လူမှုဘဝမှာရော၊ လုပ်ငန်းခွင်က လုပ်ငန်းဆောင်ရွက်မှုတွေမှာပါ အကျိုးအမြတ်ကောင်းတွေဖြစ်ထွန်းစေတာကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် MPT သုံးစွဲသူတွေအတွက် နေ့စဉ်ဘဝနဲ့လုပ်ငန်းဆောင်တာတွေမှာ ပိုမိုအဆင်ပြေပြီး ရှေ့ကိုလှမ်းချီ နိုင်မယ့် လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ လစဉ်ကြေးနှုန်းထားကို ပြောင်းလဲခြင်းမရှိပဲ လိုင်းဆွဲအားအမြန်နှုန်း (bandwidth) တွေကိုတိုးမြှင့်ပြီး ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးလိုက်တာပါ”ဟု MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda မှပြောကြားသည်။

Photo Source By Myanmar Tech Press

လက်ရှိတွင် MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံအဝှမ်းရှိမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီးနှင့်မော်လမြိုင်တို့ရှိ မြို့နယ်ပေါင်း (၂၇) ခုတွင် ရရှိနေပြီဖြစ်ကာ ယင်းဒေသရှိ မိသားစုများအနေ ဖြင့် မြန်နှုန်းမြင့်မားကာ ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့်မားသည့် ခေတ်မှီအင်တာနက်ဝန်ဆောင်မှုကို ရရှိစေနိုင်မည် လည်းဖြစ်သည်။ MPT အနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို ယခုလာမည့် ဇူလိုင်လမှစတင်ကာ နောက် ထပ်မြို့နယ်သုံးခုနှင့် အခြားသောဒေသများသို့ ထပ်မံတိုးချဲ့ဆောင်ရွက်ရန်စီစဉ်ထားကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

MPT အနေဖြင့်လက်ရှိတွင် သုံးစွဲသူ (၂၃) သန်းကျော်ကိုဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုမေးမြန်းနိုင်ပြီး အောက်ပါ Link များမှ ဝင်ရောက်လေ့လာနိုင်ပါ သည်။
https://www.facebook.com/mptofficialpage/
http://mpt.com.mm/mm/