မြန်မာနိုင်ငံတွင် ပထမဆုံးနှင့်အကြီးမားဆုံး Android Developers Conference (Droid Yangon 2019) ကျင်းပမည်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့်စင်္ကာပူနိုင်ငံများတွင် အကြီးမားဆုံး Android Developers Conference ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် Android Developers Conference – Droid Yangon 2019 အခမ်းအနား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

Photo Source – https://photos.app.goo.gl/4ts1HrsQ5tAQL8E47

အဆိုပါအခမ်းအနားတွင် နာမည်ကြီးနိုင်ငံခြားနည်းပညာကုမ္ပဏီများဖြစ်ကြသည့် Google, Gojek, LINE Thailand, Athena Dynamics Pte Ltd မှ နည်းပညာရှင်များနှင့် ပြည်တွင်း Software Development ကုမ္ပဏီကြီးများဖြစ်သည့် nexlabs, Wave Money, Gusto College, Codigo Myanmar, Global New Wave Technology, BizLeap Technology မှ Senior Software Engineer နည်းပညာရှင်များမှ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ပြီး Android နှင့်ဆက်စပ်သည့် နည်းပညာ အကြောင်းအရာများ ဖြစ်သော Machine Learning, App Security, Firebase, Android Architecture, Software Testing, Scalable Backend for Android Developers, CameraX အစရှိသော ခေါင်းစဉ်များအား ပြည်တွင်း၊ ပြည်ပ နည်းပညာရှင်ကြီးများမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source – https://photos.app.goo.gl/4ts1HrsQ5tAQL8E47

အဆိုပါအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ၊ တစ်နေ့တာ လုံးကျင်းပသွားမှာဖြစ်ပြီး Sessions (၂၀) နှင့်လက်တွေ့လိုက်ပါ လုပ်ဆောင်နိုင်မည့် code lab/ workshop (၄) ခု ပါရှိမည်ဖြစ်ပြီး Lightning talks တက်ရောက်သူများကိုယ်တိုင် နည်းပညာဖလှယ်နိုင်မယ့် အခန်းကဏ္ဍလည်းပါရှိမည်ဖြစ် ကြောင်းလည်းသိရသည်။
အဆိုပါအခမ်းအနားအား နည်းပညာပိုင်းဆိုင်ရာစိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ လက်ရှိလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော Senior, Junior Mobile Software Developer များ၊ နည်းပညာကုမ္ပဏီများမှ Project Leader, Manager, Job Recruiter များအပြင် နည်းပညာကို စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းလည်းသိရ သည်။

Photo Source – https://photos.app.goo.gl/4ts1HrsQ5tAQL8E47

DroidYangon 2019 ဝင်ရောက်ခွင့်လက်မှတ်အား မြန်မာကျပ်ငွေ (၂၀၀၀၀)ဖြင့် ရန်ကုန်မြို့တွင်ရှိသည့် Ananda ဆိုင်များဖြစ်သည့် စံရိပ်ငြိမ်ဂမုန်းပွင့်၊ Junction 8၊ Junction Square၊ ကျောက်တံတားဆိုင်ခွဲနှင့် Myanmar Plaza မှ AYA Bank Lounge တွင်လည်းဝယ်ယူရရှိနိုင်ပြီး Myanpwel website မှ တစ်ဆင့် e-ticket များလည်း ဝယ်ယူနိုင်မည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် မြေနီကုန်းတွင် တည်ရှိသော Gusto College တွင် ကျောင်း သားကတ်ပြသကာ မြန်မာကျပ်ငွေ (၁၅၀၀၀) ဖြင့် ဝယ်ယူနိုင်ကြောင်းလည်းသိရသည်။ အခမ်းအနားတွင် DroidYangon exclusive T-shirt လက်ဆောင်များရယူနိုင်ပြီး နေ့လည်စာဧည့်ခံ ကျွေးမွေးမည်လည်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး Mobile OS ဟာ Android ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး Android smartphone အသုံးပြုသူအရေအတွက်ဟာ နှစ်ဘီလီယံကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီ smartphone တွေပေါ်မှာ အသုံးဝင်တဲ့ Applications တွေကို တီထွင်နေတဲ့ developers တွေအတွက် ရည်ရွယ်ပြီး DroidYangon Conference ကိုစီစဉ်ဖြစ်တာ ဖြစ်ပါတယ်။ လာရောက်ပြောကြားမယ့် ပညာရှင်များထံမှ နည်းပညာများ၊ အသိပညာဗဟုသုတများ ရယူပြီး ပြည်တွင်းမှာ ပြန်လည်အသုံးချနိုင်ပြီး လူမှုဘဝအတွက် အကျိုးရှိစေမယ့် Applications များပိုမိုထွက်ပေါ်လာဖို့လည်း မျှော်မှန်းထားပါတယ်။ ” ဟု DroidYangon 2019 ပွဲနှင့် ပတ်သတ်ပြီး DroidYangon Director of Events & Operations ကိုရဲလင်းဝေ မှ ပြောကြားသည်။

Photo Source – https://photos.app.goo.gl/4ts1HrsQ5tAQL8E47

“DroidYangon 2019 conference ပွဲကြီးမှာ Title sponsor အဖြစ်ပါဝင်ခွင့်ရတဲ့အတွက်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ AYA bank အနေနဲ့ digital နည်းပညာအသစ်တွေကို ဖော်ဆောင်နိုင်ဖို့အပြင် ဒီ eco-system ထဲမှာရှိနေတဲ့ အခြားသော partner တွေကိုလည်း ထောက်ပံ့အားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အပြိုင်အဆိုင်တွေများပြီး ဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ digital economy က အလွန်အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။ ဒီပွဲကနေ အားလုံးအတူတကွ သင်ယူလေ့လာပြီး အချိတ်အဆက်ကောင်းတွေနဲ့ တီထွင်မှုတွေလုပ်ဆောင်သွားနိုင်မယ့် ခိုင်မာတဲ့အခွင့်အရေးကောင်းတွေ ပေးနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်” ဟု DroidYangon ပွဲ၏ Title Sponsor Digital Banking of AYA Bank, Managing Director, ဦးချစ်ထွန်းဖေ မှ ပြောကြားသည်။

Photo Source – https://photos.app.goo.gl/4ts1HrsQ5tAQL8E47

မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် အကြီးမားဆုံး Android Developers Conference –DroidYangon 2019 အား Title Sponsor အဖြစ် AYA Bank, Platinum Sponsors အဖြစ် Wave Money နှင့် Gusto College, Gold Sponsors အဖြစ် Firebase နှင့် Enervon-C, Supporter များအဖြစ် လေ့လာ၊ Edulink, BOD Tech Ventures, JetBrains နှင့် Venue Sponsors အဖြစ် Taw Win Garden Hotel နှင့် Myanmar Land’s Institute မှ ပံ့ပိုးကူညီအားဖြည့်ပေးထားကြောင်းလည်း သိရသည်။
DroidYangon သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပထမဦးဆုံးကျင်းပပြုလုပ်သည့် Android Developers Conference ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ နာမည်ကြီးကုမ္ပဏီများ၊ နည်းပညာရှင်များမှ နောက်ဆုံးပေါ် Android နှင့်ဆက်စပ်သည့် နည်း ပညာအကြောင်းအရာများ ဆွေးနွေးဝေမျှသည့်ပွဲတစ်ခုလည်းဖြစ်သည်။

DroidYangon အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://droidyangon.org