METRO Wholesale Myanmar ၏ စားသောက်ကုန်များ အိမ်အရောက်ပို့ဆောင်ရေးလုပ်ငန်းတွင် Ongo Digital ငွေပေးချေမှုစနစ်ဖြင့်ဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအချင်းချင်းကြားရှိ (B2B) ဒစ်ဂျစ်တယ်ငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်း ဈေးကွက် တွင် ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သည့် Ongo သည် စားသောက်ကုန်ဖြန့်ဖြူးရေးဝန်ဆောင်မှု (FSD) စီးပွားရေးလုပ်ငန်းကို မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် မတ်လက စတင်ဆောင်ရွက်ခဲ့ပြီး ယခုတွင် METRO Wholesale Myanmar ၏ စားသောက်ကုန်များအိမ်အရောက်ပို့ဆောင်ရေးလုပ်ငန်းတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Photo Source – https://www.facebook.com/METROWholesaleMyanmar/

METRO Myanmar သည် နိုင်ငံတစ်ဝှမ်းလုံးရှိ ဝန်ဆောင်မှုအသုံးပြုသူပေါင်း ၄၀၀ ကျော်အတွက် တစ်နေရာ ထဲတွင် ပစ္စည်းအမျိုးအစားစုံလင်စွာဝယ်ယူရရှိနိုင်သော အွန်လိုင်းအရောင်းဆိုင်အဖြစ်ဆောင်ရွက်ကာ အရည် အသွေးမြင့်မားသည့် စားသောက်ကုန်များနှင့်စားသောက်ကုန်မဟုတ်သော ကုန်ပစ္စည်းအမျိုးအစားပေါင်း (၃၀၀၀) ကျော်ကို ဝက်ဘ်ဆိုက်များနှင့်မိုဘိုင်းလ်အက်ပလီကေးရှင်းများကဲ့သို့သော ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတဆင့် ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသောလုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/METROWholesaleMyanmar/

Ongo နှင့်ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် ပူးပေါင်းဆောင်ရွက်လိုက်သောကြောင့် METRO ၏ အလုပ်မအား လပ်သည့် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် Ongo mobile app သို့မဟုတ် Ongo QR Card ကို အသုံးပြု၍ လွယ်ကူ မြန်ဆန်စွာငွေပေးချေနိုင်ခြင်းစနစ်ကို ကျင့်သုံးနိုင်တော့မည်လည်းဖြစ်သည်။
“ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးက ကျွန်တော်တို့လုပ်ငန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ။ METRO ဟာ မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေမှာလို ဆိုင်ခန်းတွေဖွင့်မထားပါဘူး။ အဲဒီအစား ဝန်ဆောင်မှုအသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်က ခေတ်မီ E-Commerce platform ကိုအသုံးပြုပြီး ဝန်ဆောင်မှုရယူရမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာက ဒီလိုပြောင်းလဲမှုအတွက် အဓိကတွန်းအားတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေအနေနဲ့ အရည်အသွေးမြင့်ထုတ်ကုန်ပေါင်း (၃၀၀၀) ကျော်ကိုအွန်လိုင်းပေါ်ကနေ ရွေးချယ်နိုင်ဖို့အတွက်ဆောင်ရွက်ပေးထားပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ကျွန်တော်တို့ကအိမ်အရောက်ပို့ ဆောင်ပေးသွားမှာပါ။ ဒါကြောင့်လည်း Ongo နဲ့ပူးပေါင်း ဆောင်ရွက်မှုဟာ ဝန်ဆောင်မှုအသုံးပြုသူတွေအတွက် သူတို့လိုချင်တဲ့ပစ္စည်းတွေကို အွန်လိုင်းပေါ်ကနေအလွယ်တကူ ဝယ်ယူနိုင်ဖို့ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်” ဟု METRO Myanmar ၏ CEO ဖြစ်သူ Jens Michel က ပြောကြား ခဲ့သည်။

Photo Source – https://ongo.com.mm

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ ပူူးပေါင်းဆောင်ရွက်မှု အကူအညီဖြင့် Ongo mobile wallet ကို ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး ထိုအချိန်မှစတင်ကာ Ongo mobile wallet အကောင့်များကို မြန်မာအရှေ့တိုင်းဘဏ် (MOB) မှတစ်ဆင့် မြန်မာနိုင်ငံဗဟိုဘဏ်မှ Mobile Banking လိုင်စင် (MBL) ဖြင့် ထိန်းချုပ်ဆောင်ရွက်ထားသောကြောင့် Ongo ၏ ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ဘဏ်စာရင်း များ၏လုံခြုံရေးအတွက် ဘဏ်ခွဲများသို့ ကိုယ်တိုင်သွားရောက်ရန်မလိုပဲ လုံခြုံစိတ်ချနိုင်ကြောင်းလည်း သိရသည်။
“Ongo အနေနဲ့ ဂျာမနီနိုင်ငံက လက်ကားအရောင်းလုပ်ငန်း METRO Wholesale နဲ့ပူးပေါင်းဆောင်ရွက်ရတာကို ဂုဏ်ယူပါတယ်၊ သူတို့က အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံမှာ နောက်ဆုံးပြုလုပ်ထားတာပါ” METRO ရဲ့ဝန်ဆောင်မှုအသုံးပြုသူတွေကို ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေရေးဝန်ဆောင်မှုတွေ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပြီး ကုမ္မဏီရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap ကပြောကြားခဲ့သည်။

Photo Source – https://www.facebook.com/METROWholesaleMyanmar/

Ongo/ METRO ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် Ongo ၏ အခြားသော ဆန်းသစ်တီထွင်ထားသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များအကြောင်း ပိုမိုသိရှိလိုပါက ကုမ္ပဏီ၏တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော https://ongo.com.mm သို့မဟုတ် Facebook account ဖြစ်သည့် facebook.com/ongoemoney တို့တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။