GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် စားသောက်ကုန်လုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေမည်ဟု ကတိကဝတ်ကိုထုတ်ပြန်

လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။
လွန်ခဲ့သည့် ၁၂ လအတွင်း လျှောက်လှမ်းခဲ့သည့် ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် မန္တလေးမြို့အတွင်း နေထိုင်သူများမှာ အလွယ်တကူ အသုံးပြုနိုင်သည့် GrabFood ဝန်ဆောင်မှုများနှင့် ပိုမို ရင်းနှီးလာပြီး စတင်မိတ်ဆက် ခဲ့စဉ်ကထက် အော်ဒါအရေအတွက် (၂၄) ဆ မြင့်တက်လာခဲ့ပါသည်။ လက်ရှိအချိန်အထိ GrabFood မှ အကျိုးဖြစ်ထွန်းစေရန် တိုက်တွန်းအားပေးနိုင်ခဲ့သည့် အဓိက နယ်ပယ်များမှာ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲ အသုံးချရာတွင် ပံ့ပိုးပေးခြင်း၊ တစ်ချို့နေရာများတွင် ၎င်း၏ မိတ်ဖက်စားသောက်ဆိုင်များ၏ လုပ်ငန်းများအား ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းပေးခြင်း စသည်တို့ဖြစ်ပါသည်။ အဆိုပါ စားသောက်ဆိုင်များ အားလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလမှစ၍ အဘက်ဘက်မှ စိန်ခေါ်မှုများစွာ တွေ့ကြုံနေသည့် စားသောက်ဆိုင် လုပ်ငန်းများ ဖြစ်သည်။

Photo Source https://www.facebook.com/GrabMM/

GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာ မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၌ စတင် မိတ်ဆက်ခဲ့သည်။ ယနေ့အချိန်အထိ GrabFood မှ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၁,၅၀၀) ကျော်အား အွန်လိုင်းကတစ်ဆင့် ပြောင်းလဲရောင်းချနိုင်ရန်နှင့် ၎င်းတို့၏ ဆိုင်ကို ပိုမို လူသိများလာစေရန် ပံ့ပိုးပေးမည့် Grab ၏ နည်းပညာပလက်ဖောင်းနှင့် နည်းပညာအကူအညီများကို တိုက်ရိုက် ရယူအသုံးပြုနိုင်ရေးအတွက် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် စားသောက်ကုန် လုပ်ငန်းများအတွက် ယခုကဲ့သို့ ဝန်ဆောင်မှုမှာ မိမိတို့၏ လက်ရှိ စတိုးဆိုင်အပြင် လုပ်ငန်းပိုမိုတိုးချဲ့နိုင်မည့် နည်းလမ်းများ မရှိသေးမီ ကာလအတွင်း အလွန် အရေးပါသော ဝန်ဆောင်မှုတစ်ခုပင် ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်အတွင်း GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအတွက် အစားအသောက်အော်ဒါ အရေအတွက်ပေါင်း ပျမ်းမျှ (၄၀%) ခန့် တိုးပွားလာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် GrabFood မှ ပြည်တွင်းရှိ အကြီးဆုံး မြို့ကြီး နှစ်မြို့အတွင်း ရာပေါင်းများစွာသော မိတ်ဖက်အစားအသောက် ပို့ဆောင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။
လွန်ခဲသည့်နှစ်အတွင်း GrabFood မှ ရရှိခဲ့သော အောင်မြင်တိုးတက်မှုများအား ဆက်လက်ထိန်းသိမ်းရင်း အထူးအစီအစဉ်အမျိုးမျိုးတို့ဖြင့် ၎င်း၏ မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များ အကျိုးဖြစ်ထွန်းစေရန် အားပေး ပံ့ပိုးသွားမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်များတွင် GrabFood မိတ်ဖက်စားသောက်ဆိုင်များအကြား အစားအသောက် သန့်ရှင်းရေးစံနှုန်းများ မြင့်မားလာစေရန် အလေးထား ဆောင်ရွက်သွားမည့် အစီအစဉ်တစ်ခုလည်း ပါရှိပါသည်။ အဆိုပါ အစီအစဉ်ကို Grab ပလက်ဖောင်း အသုံးပြုသူများအားလုံးအတွက် ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေးတို့တွင် စိတ်ချယုံကြည်နိုင်ရန် ဝန်ဆောင်မှုပေးမည်ဟူသော Grab ရေရှည် ကတိကဝတ်တွင် အစိတ်အပိုင်း တစ်ခုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/GrabMM/

ထို့အပြင် Grab မှ CB Bank နှင့် ပူးပေါင်းပြီး ငွေပေးချေမှု နည်းပညာအသစ်တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိနေပြီ ဖြစ်ပါသည်။ အဆိုပါ ငွေပေးချေမှု နည်းပညာလုပ်ဆောင်ချက် အသစ်ဖြင့် GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များသည် ၎င်းတို့၏ Grab အက်ပလီကေးရှင်းအတွင်း ရောင်းရငွေများကို ၂၄ နာရီထက် နောက်မကျစေဘဲ အလိုအလျောက် လက်ခံရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များမှာ GrabFood အော်ဒါများမှ ရရှိသော ၎င်းတို့၏ အမြတ်ငွေများကို ယခင်အချိန်များကဲ့သို့ ရက်သတ္တပတ် ၃ ပတ်ကြာ စောင့်ဆိုင်းစရာ မလိုတော့ဘဲ တစ်ရက်အတွင်း ရယူနိုင်ပြီ ဖြစ်ပါသည်။ အကျိုးကျေးဇူး များစွာရရှိနိုင်သည့် အလိုအလျောက် ငွေပေးချေနိုင်သည့် စနစ်ကြောင့် GrabFood မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်များအနေဖြင့် ဆိုင်အတွက် ငွေကြေးလည်ပတ်မှု ပိုမို လျင်မြန်အဆင်ပြေနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ပိုမို ကောင်းမွန်စွာ စီမံနိုင်မည် ဖြစ်ပါသည်။
GrabFood ဝန်ဆောင်မှုဖြင့် Grab သည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ မိတ်ဖက်အစားအသောက်ပို့ဆောင်သူ (၁,၀၀၀) ကျော်အတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ အဆက်မပြတ် ပိုမို ပေးအပ်နိုင်ခဲ့သည်။ မိတ်ဖက်အစားအသောက်ပို့ဆောင်သူများအား အစားအသောက် ကိုင်တွယ်ထိန်းသိမ်းရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့အတွက် သင်တန်းများ ဆက်လက် ပို့ချပေးသွားမည် ဖြစ်သည်။ GrabFood မိတ်ဖက်အစားအသောက်ပို့ဆောင်သူတိုင်းသည် GrabFood အော်ဒါ ပို့ဆောင်နေသည့် လမ်းကြောင်း တစ်ခုစီအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံ အကာအကွယ် ပေးအပ်ထားပြီး ဖြစ်ပါသည်။ ထို့အပြင် သတ်မှတ်ချက်နှင့် ပြည့်မီသော မိတ်ဖက်အစားအသောက်ပို့ဆောင်သူများမှာ ကိုဗစ်-၁၉ ကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများက ၎င်းတို့သတ်မှတ်ထားသည့် နေရာအဆာက်အဦးတစ်ခုခုတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရန် တရားဝင် ညွှန်ကြားခံရပါက Grab ၏ မိတ်ဖက်အကူအညီ ရန်ပုံငွေအတွင်းမှ ငွေကြေး အထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ပေးအပ်မည် ဖြစ်ပါသည်။

Photo Source https://www.facebook.com/GrabMM/

မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်သည့် အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် စားသုံးသူများနှင့် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် GrabFood ၁ နှစ်ပြည့် ပွဲဈေး အမည်ရ ပြည်တွင်း ပထမဦးဆုံး အွန်လိုင်းပွဲဈေးတစ်ခုကို ကျင်းပပေးလျက် ရှိပါသည်။ အဆိုပါ ပွဲဈေးကို CB Bank နှင့် Kirin Ichiban တို့မှ ပံ့ပိုးပေးထားပြီး လွန်ခဲ့သော လများအတွင်းက ပိုမို လူကြိုက်များလာသည့် Grab app အတွင်း နှစ်သက်ရာ အစားအသောက်များ မှာယူနိုင်သည့် ဝန်ဆောင်မှုဖြင့် အော်ဒါများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
GrabFood ၁ နှစ်ပြည့် ပွဲဈေး တွင် GrabFood ၏ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၂၀) ကျော်မှ ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။ ပွဲဈေးကာလဖြစ်သော နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ်နေ့တိုင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပွဲဈေးတွင် ပါဝင်သော မိတ်ဖက်စားသောက်ဆိုင်များမှ စားသောက်ဖွယ်ရာများနှင့် set meals များအား မြန်မာငွေ (၁,၀၀၀) ကျပ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ပရိုမိုရှင်းအနေဖြင့် ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ပွဲဈေးတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မိတ်ဖက်စားသောက်ဆိုင်များမှ တစ်ရက်လျှင် အော်ဒါပေါင်း (၂,၄၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မိတ်ဖက်စားသောက်ဆိုင်များမှ တစ်ရက်လျှင် အော်ဒါပေါင်း (၁,၀၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပါသည်။
GrabFood ပွဲဈေး အကြောင်း ထပ်မံသိရှိလိုပါက Grab အက်ပလီကေးရှင်း သို့မဟုတ် Grab Myanmar Facebook စာမျက်နှာ – https://www.facebook.com/GrabMM/ မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။