Mytel မှပြုလုပ်သည့် “My Garawa” ပရိုမိုးရှင်းအစီအစဉ်တွင် Hyundai Grand i10 ကား ပိုင်ရှင် (၇)ဦး ထွက်ပေါ်

Mytel သည် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Hyundai Grand i10 ကား (၁၀) စီး၊ Honda Scoopy မော်တော်ဆိုင်ကယ်(၂၀) စီး၊ Mytel ဒေတာများ၊ MytelPay E-money ဆုများ၊ Loyalty ပွိုင့်များ အစရှိသော ဆုများကို ဂိမ်းကစားရင်း ကံစမ်းနိုင်မည့် “My Garawa” ပရိုမိုးရှင်းအစီအစဉ် ကို ၂၀၂၀၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပါသည်။
အဆိုပါပရိုမိုးရှင်းအစီအစဉ်မှ သတ္တမမြောက် Hyundai Grand i10 ကား ကံထူးရှင်ကို Mytel မှ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိတွင် ကားကံထူးရှင် စုစုပေါင်း (၇) ဦး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ပရိုမိုးရှင်းကာလမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ဖြစ်သည့်အတွက် ကျန်ရှိနေသေးသော ဆုများကို My Garawa ဂိမ်းကစားကာ ကံစမ်းနိုင်သေးကြောင်း Mytel မှ ကြေညာခဲ့သည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel မှ Hyundai Grand i10 ကားနှင့် Honda Scoopy မော်တော်ဆိုင်ကယ် ကံထူးရှင်များကို တိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် ကံစမ်းမဲဖောက်ခြင်းအစီအစဉ်နှင့် My Garawa ဂိမ်းကစားပြီး ဆင်းမ်ကကတ်များ စုဆောင်း ခြင်း အစီအစဉ်ဖြင့် ရွေးချယ်ပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ Mytel သုံးစွဲသူ (၂) ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ Mytel သုံးစွဲသူ (၃) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ Mytel သုံးစွဲသူတစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ Mytel သုံးစွဲသူ တစ်ဦး တို့က အသီးသီးဆွတ်ခူးခဲ့ကြပါသည်။ “My Garawa” ပရိုမိုးရှင်း အစီအစဉ်၏ အခြားဆုမဲကံထူးရှင် များကို လည်း Mytel Myanmar Facebook စာမျက်နှာမှ တစ်ဆင့် အပတ်စဉ်ကြေညာပေးခဲ့သည်။
ပရိုမိုရှင်းကာလမှာ ၂၀၂၀၊ စက်တင်ဘာလ ၁၆ ရက်နေ့ မှ ၂၀၂၀၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိဖြစ်သည့်အတွက် ကျန်ရှိနေသေးသောပရိုမိုးရှင်းကာလအတွင်း အစီအစဉ်တွင်ပါဝင်ပြီး ဆုကြီးများကို ကံထူးနိုင်ရန် MyID အက်ပလီကေးရှင်းရှိ “My Garawa” ဂိမ်းကစားကာ S1 မှ S10 အထိ ဆင်းမ်ကဒ်များ စုဆောင်းခြင်း နှင့်တိုက်ရိုက်ထုတ်လွှင့်မှု မှတစ်ဆင့် ကံစမ်းမဲဖောက်ခြင်းအစီအစဉ်တွင် ပါဝင်နိုင်မည့် Lucky ကုဒ်များ စုဆောင်း ခြင်း တို့ကို ပြုလုပ်ရမည် ဖြစ်သည်။ Lucky ကုဒ်များ ရယူရန်အတွက် USSD 966၊ Infinity Plan နှင့် Mytel Pay မှတစ်ဆင့် (၂၀၀ကျပ်နှင့်အထက်) Mytel ပတ်ကေ့ချ်များကို ဝယ်ယူခြင်း (သို့) အခြားသူတစ်ဦးထံ မေတ္တာ လက်ဆောင် အဖြစ်ပေးပို့ခြင်း၊ ၁,၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းခြင်းနှင့် Mytel FTTH ပက်ကေ့ချ် များအတွက် လစဉ်ကြေးပေးဆောင်ခြင်းတို့ကို ပြုလုပ် ပြီးကံစမ်းနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

My Garawa ဂိမ်းကစားပြီး ဆင်းမ်ကတ်များ စုဆောင်းရန် MyID App အား ဒေါင်းလုပ် မလုပ်ရသေးပါက http://onelink.to/myid ကိုဝင်ရောက်၍ ဒေါင်းလုပ်ရယူနိုင်ပါသည်။
Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ် တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။
Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှု ဘဝများကို စွမ်းအားမြှင့်တင်ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေး အော်ပရေ တာ တစ်ခုဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံးမိတ်ဆက် ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar