MPT မှ နေ့စဉ် အွန်လိုင်းသုံးစွဲသူများအတွက် ထူးခြားသည့် စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်ကို မိတ်ဆက်

MPT သည် သုံးစွဲသူများ အဆင်ပြေစေရန်အတွက် ဈေးနှုန်းသက်သာသည့် အထူးပုံစံသစ် တစ်ခုအဖြစ် နာမည်ကျော် “စုံစုံလင်လင် Mini ပက်ကေ့ချ်” ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်ဖြင့် သုံးစွဲသူများသည် Viber ၊ JOOX နှင့် Mobile Legends ဒေတာများကို အကန့်အသတ်မရှိ စိတ်ကြိုက် တစ်နေကုန်အသုံးပြုနိုင်သည့်အပြင် ညသုံး Facebook ကို ည (၁၁)နာရီမှ နံနက်(၆)နာရီ အထိ အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်း ၊ အခြားသောအင်တာနက်အသုံးပြုမှု အားလုံးအတွက် 200 MB ဒေတာ ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထားဖြစ်သည့် ၁ မိနစ်လျှင် ၁၀ ကျပ်ဖြင့် ခေါ်ဆိုခွင့်နှင့် ဖုန်းဘေလ် ၁၀၀ကျပ် တို့ကို ရရှိအသုံးပြုနိုင်မည် ဖြစ်သည်။
စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်မှာ ၂၄၉၈ ကျပ် (တစ်ရက်လျှင် ၈၃ကျပ်) သာ ကျသင့်ပြီး အထက်ပါ ခံစားခွင့်များ အားလုံးကို ရရှိနိုင်သည့် ရက်ပေါင်း (၃၀) အသုံးပြုနိုင်သော ပက်ကေ့ချ် ဖြစ်သည်။ ထို့အပြင် MPT အနေဖြင့် သုံးစွဲသူ လူငယ်လူရွယ်များ၏ ဒေတာသုံးစွဲမှု အလေ့အထများနှင့် မတူကွဲပြားသော လိုအပ်ချက် အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ အွန်လိုင်း ဂိမ်းကစားခြင်း နှင့် အမိုက်စားသီချင်းများကိုပါ ဦးဦးဖျားဖျားနားဆင်နိုင်သည့် ဝန်ဆောင်မှုများ၊ စိတ်ကြိုက်တစ်နေကုန် အသုံးပြုနိုင်သော ဒေတာများ၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် စသည်တို့ကို ပေါင်းစည်း အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး အဆိုပါအစီအစဉ်ကို ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage

ယခုလို အကျိုးခံစားခွင့်များစွာနှင့်အတူ သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်သော စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်ကို MPT က စတင်မိတ်ဆက်ခြင်းဖြင့် သုံးစွဲသူများအတွက် Facebook နှင့် Viber တို့မှတစ်ဆင့် မိမိတို့ချစ်မြတ်နိုးရသူများနှင့် ဆက်သွယ်နိုင်ခြင်း၊ တေးဂီတနှင့် ဂိမ်းများအပါအဝင် ဖျော်ဖြေရေး ရသ ပေါင်းစုံကို ကြည့်ရှုခံစားနိုင်ခြင်းတို့အပြင် မိမိတို့၏အိမ်တွင်နေထိုင်ရစဉ် ကာလအတွင်း အရေးကြီးသော သတင်း နှင့် အချက်အလက်များကို အွန်လိုင်းမှသိရှိနိုင်စေမည့် ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရေးအတွက် အထူးရည်ရွယ်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် စုံစုံလင်လင် Mini ပက်ကေ့ချ် ဝယ်ယူတိုင်း ထိပေါက်ကစားခွင့် (၁)ကြိမ် ရရှိကံစမ်းနိုင်မည် ဖြစ်သည်။ စုံစုံလင်လင် Mini ပက်ကေ့ချ်အသစ်ကို ဝယ်ယူခြင်းဖြင့် ရရှိခံစားနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါ အတိုင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူတွေ ငွေကြေး ကုန်ကျမှုသက်သာစေပြီး အတွေ့အကြုံကောင်းတွေ ပေးအပ်နိုင်ဖို့ အတွက် နည်းလမ်းအသစ်တွေကို အမြဲတမ်းရှာဖွေ ဆောင်ရွက်နေပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အပေါ် အကောင်းဆုံးသော ဝန်ဆောင်မှုနဲ့အတူ ဆန်းသစ်ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထပ်မံ တွန်းအား ပေးတဲ့အနေနဲ့ အခုလို စုံစုံလင်လင် Mini ပက်ကေ့ချ်ကို မိတ်ဆက်လိုက်တာဖြစ်ပြီး ကျွန်တော်တို့တန်ဖိုးထားရတဲ့ အသုံးပြုသူတွေဟာ တန်ဆောင်တိုင်အားလပ်ရက်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ သူတို့ ကြိုက်နှစ်သက်တဲ့ ဒီဂျစ်တယ်လမ်းကြောင်းတွေက တစ်ဆင့် သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေမှုတွေကို သင်တင့်တဲ့ နှုန်းထားနဲ့အတူ MPT ရဲ့ 4G/ LTE+ ကွန်ရက်ပေါ်ကနေ အလွယ်တကူ ရယူနိုင်အောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima မှပြောကြားသည်။

Photo Source https://web.facebook.com/mptofficialpage

သုံးစွဲသူများသည် Facebook အက်ပလီကေးရှင်း/ ဝက်ဘ်ဆိုက်မှတစ်ဆင့် (ပြင်ပ link များမပါဝင်ပါ) အသုံးပြုခြင်းနှင့် Facebook Messenger (Voice, Video calls များမပါဝင်) အသုံးပြုခြင်းကို ည (၁၁)နာရီမှ နံနက် (၆)နာရီအထိ အသုံးပြု နိုင်မည်ဖြစ်ပြီး မိတ်ဆွေများနှင့် မိသားစုများကိုလည်း Viber (Voice, Video calls များမပါဝင်) မှတစ်ဆင့် လွတ်လပ်စွာဆက်သွယ်ပြောဆိုနိုင်ခြင်း၊ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြား အသုံးပြုမှုများ မပါဝင်ပါ) ဂိမ်းကစားနိုင်ခြင်းနှင့် JOOX တေးဂီတမှ နောက်ဆုံးပေါ်သီချင်းများကိုလည်း နားဆင် နိုင်ပါသည်။ ခွင့်ပြုထားခြင်းမရှိသည့် အသုံးပြုမှုများအတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) သုံးသလောက်ပေး နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်သည်။
အဆိုပါ အထူးပရိုမိုးရှင်းအစီအစဉ်ကို MPT GSM/WCDMA Prepaid (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) သုံးစွဲသူများ အားလုံးရရှိမည်ဖြစ်သော်လည်း MPT Postpaid များဖြစ်သည့် CDMA နှင့် Base Tariff အသုံးပြုသူများအနေဖြင့် ဝယ်ယူနိုင်မည်မဟုတ်ပါ။
ဝန်ဆောင်မှု သတင်းအချက်အလက်များအကြောင်း ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page (သို့) MPT official website တို့တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။